ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထီ ရောင်းအားထက်ဝက်ကျ

diz_admin

May 5, 2020

ကိုဗစ်နိုင်တင်းဂယက်ကြောင့် ယခုလအတွင်းထီရောင်းအား ထက်ဝက်ကျဆင်းခဲ့ကြောင်း မြိတ်မြို့ရှိထီဆိုင်များထံမှ သိရသည်။ မြိတ်မင်္ဂလာပွဲသို့ လာရောက်ခဲ့သည့် ပိုးတွေ့လူနာအမှတ် ၂၅ ဧပြီလ ၁၀ ရက်တွင် ပိုးတွေ့သည်ဟု ကြေညာပြီးနောက် ရောင်းအားထက်ဝက်ခန့်ကျဆင်းခဲ့ရကြောင်း ထီဆိုင်ရောင်းချသူ တချို့ကဆိုသည်။ သင်္ကြန်တွင်း ရုံးများပိတ်လိုက်ခြင်း၊ မြို့အဝင်အထွက်ခရီးသွားလာမှု ကန့်သတ်လိုက်ခြင်း၊ ညမထွက်ရအမိန့်များ ပြုလုပ်လိုက်ခြင်း၊ ဈေးများအား တစ်နပ်ဈေးအဖြစ် ပြုလုပ်လိုက်ခြင်း စသည်ကြောင့်လည်း ထီရောင်းအားကျဆင်းရခြင်းဖြစ်ကြောင်း ထီရောင်းချသူများက ဆိုသည်။ “ကားတစ်စီး တစ်နေ့ကို ငါးသိန်း ခြောက်သိန်းရနေရာက ခုဆိုရင် တစ်နေ့ သုံးသိန်းတောင် မရတော့ဘူး”ဟု မြိတ်မြို့တွင် ထီကားများပိုင်ဆိုင်သည့် ငွေထပ်တိုးထီဆိုင်မှ ဒေါ်ချိုဇင်မာက ပြောသည်။ လစဉ်အနည်းဆုံး ငါးစောင်တွဲထီတစ်စောင် အမြဲတမ်းထိုးနေသည့် မြိတ်သူတစ်ဦးဖြစ်သူ မခိုင်ကလည်း ယခုလတွင် မထိုးဖြစ်တော့ဟု ဆိုသည်။ “ထီထက် ကျန်းမာရေး၊ စားဝတ်နေရေးပိုအရေးကြီးတယ်။ အခုချိန်မှာ […]

တပ်ပြင် နာရေးဝန်ဆောင်မှုတွင် အသုဘများအား တစ်ညသာ လက်ခံ

diz_admin

May 5, 2020

မြိတ်မြို့၊ တပ်ပြင်ရပ်ကွက်ရှိ နာရေးဝန်ဆောင်မှုတွင် အသုဘများအား တစ်ညသာလက်ခံကြောင်း တပ်ပြင်နာရေးဝန်ဆောင်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမောင်ထံမှ သိရသည်။ ပုံမှန်အားဖြင့် အသုဘများအား သုံးရက်၊ ငါးရက်စသဖြင့် လက်ခံလေ့ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်နေသည့် ကာလတွင်တစ်ညသာ လက်ခံဆောင်ရွက်ခြင်းဖြစ်ကြောင်း အထက်ပါဥက္ကဋ္ဌ ဦးဝင်မောင်က ပြောသည်။ “ချက်ချင်းချမယ့် အလောင်းကို ချက်ချင်းချပေးလိုက်တယ်”ဟု ဦးဝင်းမောင် က ပြောသည်။အဆိုပါ တပ်ပြင်နာရေးဝန်ဆောင်မှုတွင် မြိတ်မြို့ပြင်ပ အခြားမြို့နယ်နှင့် ကျေးရွာများမှ မြိတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသရာမှ သေဆုံးသူအများစုအား ထားလေ့ရှိသည်။ “ဒီလိုကာလမှာ တစ်ညလက်ခံပေးတာကိုပဲ အဆင်ပြေပါတယ်” ဟု နာရေးမိသားစုဝင်တစ်ဦးဖြစ်သူ ကျွန်းစုမြို့နယ် ပဲ့တိုင်ကျေးရွာ‌မှ ဦးဝင်းစိုးက ပြောသည်။ ၎င်း၏ အဒေါ်ဖြစ်သူမှာ မြိတ်ဆေးရုံကြီးတွင် ဆေးဝါးကုသရာမှ သေဆုံးခဲ့သဖြင့် တပ်ပြင်နာရေးဝန်ဆောင်မှုတွင် ဧပြီလ ၂၇ ရက်က ထားရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နာရေးတွင် […]

နယ်မြေအုပ်ချုပ်ရေးမှူးကိုယ်ထိ လက်ရောက်ကျူးလွန်ခံရ

diz_admin

May 5, 2020

မြိတ်မြို့၊ ရေပုန်းနယ်မြေရှိအုပ်ချုပ်ရေးမှူး ကိုယ်ထိလက်ရောက်ကျူးလွန်ခံရကြောင်း ယင်းနယ်မြေအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သားများထံမှ သိရသည်။ ဧပြီလ ၂၄ ရက်က စည်ပင်ဝန်ထမ်းနှင့် မြေစာရင်းဝန်ထမ်းအပါအဝင် ရေပုန်းနယ်မြေ၊ ငြိမ်းချမ်းရေးရပ်ကွက်အတွင်း နေအိမ်တစ်ဆောင်မှ အုတ်နံရံခြံစည်းရိုးကာရံထားမှုအား သွားရောက်စစ်ဆေးစဉ် ယင်းလမ်းနေ အသက် ၅၀ ကျော်အရွယ်ရှိအမျိုးသားမှ လာရောက်၍ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း နယ်မြေအုပ်ချုပ်ရေးမှူးနှင့်ရပ် ကွက်သားများထံမှ သိရသည်။ “အင်္ကျီရင်ဘတ်ကို ဆွဲပြီးထိုးတာ အုပ်ချုပ်ရေးမှူး လဲကျသွားပြီး မျက်မှန်လည်းကွဲသွားတယ်”ဟု အသက် ၆၀ အရွယ်မျက်မြင်အမျိုးသမီးတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ကိုယ်ထိလက်ရောက်ကျူးလွန်ခံရပြီးနောက် စစ်ဆေးဆောင်ရွက်ရန်လာရောက်ခဲ့သည့် ဝန်ထမ်းနှစ်ဦးမှာရှေ့ဆက်ဆောင်ရွက်ခြင်းမရှိတော့ဘဲ လှည့်ပြန်ခဲ့ရကြောင်းနယ်မြေအုပ်ချုပ်ရေးမှူး ဦးဌေးလှိုင်က ဆိုသည်။ “ထိုးတဲ့လူအိမ်နဲ့လည်း အလှမ်းဝေးတယ်။ အိမ်ရှင်နဲ့လည်းပတ်သက်မှု မရှိဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ဝင်လာပြီး ပြဿနာရှာတာ”ဟု ၎င်းက ပြောသည်။ တာဝန်အရဆောင်ရွက်နေသည့် နယ်အုပ်ချုပ်ရေးမှူးအား ယင်းသို့ ကိုယ်ထိလက်ရောက် ပြုမူလိုက်ခြင်းသည် အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်အား […]

ကွင်းထဲမှ ကျူအခက်အခဲ

diz_admin

May 5, 2020

တစ်ရွာနှင့်တစ်ရွာ အခက်အခဲကား မတူကြပါ။ ကျူခြင်းဟု လူအများအလွယ်ခေါ်လာကြသော အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် တစ်ရွာနှင့်တစ်ရွာ မတူညီသော အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြရသည်။ ကျောင်းအဆောက်အအုံ တစ်ခုသာရှိသော မူလတန်းအဆင့်ကျောင်းသာရှိသော ကျေးရွာများတွင် အမျိုးသား၊ အမျိုးသမီးများကို တစ်ဆောင်တည်းတွင်ထားရှိနေရခြင်း၊ စောင့်ကြည့်ခံနေရသူများသည် မိသာစုများနှင့်ပင် စကားပြောခွင့်မရခြင်းစသည်တို့ ဖြစ်နေကြသည်။ ထမင်းလာပို့ချိန် သတ်မှတ်ထားသော ခြောက်ပေအကွာအဝေးမှ မိသားစုနှင့် စကားပြောခွင့်ကိုပင် စောင့်ကြည့်ရေးစခန်း တာဝန်ရှိသူတို့ကခွင့်မပြုကြောင်း လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာတွင် စောင့်ကြည့်ရေးစခန်းဝင်နေသူ ကိုသံလုံးက ပြောသည်။ “ကျွန်တော်တို့မှာ အိမ်က စားစရာတွေလာပို့အချိန်မှပဲ မိသားစုနဲ့ စကားပြောခွင့်ရတာလေ။ အဲတာကိုမှ သူတို့ကစကားပြောလို့မရဘူးတဲ့။ အဲတာက လူတစ်ယောက်ရဲ့အခွင့်အရေးကို လိုက်ပြီး ပိတ်ပင်သလိုဖြစ်နေတယ်”ဟု ကိုသံလုံးက ဆိုသည်။ အမျိုးသမီးများ ကိုယ်၊ စိတ်လုံခြုံမှုရှိစေရန်အတွက် စောင့်ကြည့်ရေးစခန်း အဆောင်တစ်ခုတည်းတွင် အမျိုးသား၊ အမျိုးသမီးအတူထားခြင်း မပြုလုပ်သင့်ကြောင်း […]

ထိုင်းပြန် တနင်္သာရီတိုင်းသား ခုနစ်ရာကျော် မြဝတီတွင် သွားကြိုမည်

diz_admin

May 5, 2020

ထိုင်းနိုင်ငံရှိ တနင်္သာရီတိုင်းသားငါးရာခန့်မှာ လာမည့်လဆန်းပိုင်းတွင် မြဝတီနယ်စပ်ဝင်ပေါက်မှတစ်ဆင့်ဝင်လာနိုင်ပြီး ၎င်းတို့ကို အစိုးရက ကားဖြင့်သွားကြိုရန် ပြင်ဆင်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်း က ပြောသည်။ မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း တနင်္သာရီတိုင်းသား ၇၄၂ ဦးခန့် ဝင်ရောက်လာနိုင်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့က စာရင်းပေးပို့လာကြောင်း ၎င်းကဆိုသည်။ ယင်းနေရပ်ပြန်များကို မေလဆန်းမှစကာ တိုင်းအစိုးရကစီစဉ်သည့် မှန်လုံကားဖြင့် သွားခေါ်မည်ဖြစ်ပြီး ထားဝယ်မြို့ရှိရွှေဝယ်သီရိအားကစားကွင်းတွင် စုရပ်အနေဖြင့် ထားမည်ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။ ထိုစုရပ်မှတစ်ဆင့် ၎င်းတို့နေထိုင်ရာ ခရိုင်များသို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အကယ်၍ ကျန်တဲ့ မြိတ်ခရိုင်တို့ ကော့သောင်းခရိုင်တို့ကဆိုရင် တစ်ခါတည်း ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အုပ်ချူပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပြီး […]

မလတ်တောင် ပြိုမှုကြောင့် နေအိမ်ပျက်စီးသွားသူများကို နေအိမ်ပေးအပ်

diz_admin

May 5, 2020

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မလတ်တောင်ပြိုကျမှုကြောင့် နေအိမ်ပျက်စီးသွားသူများကို ပြည်နယ်အစိုးရက မတ်လ ၂၈ ရက်က နေအိမ်အသစ် ပေးအပ်ခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် သဲဖြူကုန်းကျေးရွာ၌ မလတ်တောင်ပြိုကျမှုဖြစ်ပွားခဲ့ရာ လူနေအိမ်များ ပျက်စီးဆုံးရှုံးသွားခဲ့ပြီး လူရာနှင့်ချီလည်း သေဆုံးသွားခဲ့သည်။ နေအိမ်ပျက်စီးသွားသည့် မိသားစုများအတွက် ပြည်နယ်အစိုးရက တောင်ပြိုမှုဖြစ်ခဲ့သည့်နေရာမှ ရန်ကုန်သွားသည့်ဘက် သဲဖြူကုန်းကျေးရွာဘောလုံးကွင်းမရောက်ခင် အောက်ဘက်ခြမ်းရှိ စားကျက်မြေနေရာပေါ်တွင်အကွက်ဖော်ပြီး နေအိမ်အသစ်တည်ဆောက်ပေးခဲ့သည်။ “အိုးအိမ်ဆုံးရှုံးသွားတဲ့ အခြေအနေကို ကျေးရွာတာဝန်ခံနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကနေ စာရင်းကောက် ခိုင်းတယ်။ စာရင်းတက်လာတာက အကုန်လုံး ၂၃ အိမ်ပေါ့”ဟု မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးထွန်းမင်းအောင် က ပြောသည်။ ပြည်နယ်အစိုးရက တည်ဆောက်ပေးထားသည့် နေအိမ် ၂၃ လုံးအနက် […]

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်စပ်ဂိတ်မှ ထိုင်းပြန်များ ဝင်ခွင့်ပြုတော့မည် မဟုတ်

diz_admin

May 5, 2020

မွန်ပြည်သစ်ပါတီက ၎င်းတို့ ထိန်းချုပ်ထားသည့် ဘုရားသုံးဆူဒေသ နယ်စပ်ဂိတ်ဝင်ပေါက်များမှတဆင့် ဧပြီလ ၃၀ ရက်နောက်ပိုင်း ထိုင်းနိုင်ငံမှပြန်လာကြမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဝင်ခွင့်ပြုတော့မည်မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရ သည်။ လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် မြဝတီနယ်စပ်ဂိတ်မှ တစ်ဆင့် နေရပ်ပြန်လာကြရန်နှင့် ဧပြီလ ၃၀ ရက်နောက်ပိုင်း ပြန်လာသူများအနေဖြင့် ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ပြန်လာခြင်းကိုခွင့်ပြုတော့မည်မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုရုံးချုပ်က ဧပြီလ ၂၅ ရက်က စာထုတ်ညွှန်ကြားထားသည်။ “မွန်ပြည်သစ်ပါတီအနေနဲ့ နယ်စပ်ဂျပန်ရေတွင်း၊ ကြံတောဂိတ်ကို ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြတ်ပြတ်သားသား ပိတ်သွားမှာဖြစ်ပါတယ်”ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းဆက်ဆံရေးတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘုရားသုံးဆူနယ်စပ်ဂိတ်မှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဝင်ရောက်ခြင်းကို အစိုးရဘက်ကပိတ်ပင်ထားသော်လည်း အချို့ရွှေ့ပြောင်းအလုပ်သမားတို့က ပွဲစားအကူအညီဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်ထားသည့် ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းနှင့် […]

ငွေလို၍ ရွှေရောင်းသူများ အခက်တွေ့

diz_admin

May 5, 2020

ရွှေဆိုင်များ ပိတ်ထားခြင်းကြောင့် ငွေကြေးလိုအပ်၍ ရွှေပြန်ရောင်းသူများ အခက်တွေ့နေရကြောင်း ထားဝယ်ဒေသခံအချို့ထံမှ သိရသည်။ လက်ရှိတွင် ကိုရိုနာရောဂါဘေးကြောင့် ထားဝယ်မြို့စည်ပင်သာယာဈေးကြီးရှိ ရွှေဆိုင်အားလုံးကို ယာယီပိတ်ထားသည်။ ငွေကြေးလိုအပ်၍ရွှေပြန်ရောင်းသူများက ရွှေဆိုင်ပိတ်ထားသဖြင့် ရွှေဆိုင် ပိုင်ရှင်၏နေအိမ်ကို လိုက်ရှာကာပြန်ရောင်းချနေသည်ကို တွေ့ရကြောင်း စည်ပင်သာယာဈေးကြီးတွင် ဂိတ်ထိုးပြေးဆွဲနေသည့် သုံးဘီးယာဉ်မောင်းတစ်ဦးက ဆိုသည်။ နယ်ဘက်မှ ရွှေလာရောင်းသူများက ရွှေဆိုင်ပိုင်ရှင်၏နေအိမ်ကိုမသိသဖြင့် သုံးဘီးနှင့် ဆိုင်ကယ်တက္ကစီ မောင်းသူများကိုလမ်းပြပေးရန် ငှားရမ်းသူများ နေ့စဉ်တွေ့နေရကြောင်း ၎င်းက ပြောသည်။ “တစ်ရက်မှာဆို အဲလိုလာငှားတာ အနည်းဆုံးငါးယောက်လောက်ကို ရှိတယ်” ဟု အဆိုပါ သုံးဘီးယာဉ်မောင်းက ဆိုသည်။ ဧပြီလ ၁၇ ရက်နေ့မှစကာ စည်ပင်သာယာဈေးအတွင်း အခြေခံစားသောက်ကုန်၊ ဆပ်ပြာနှင့် ဆေးဝါးဆိုင်များသာရောင်းချရန်နှင့် အခြားဆိုင်များမဖွင့်ရန် စည်ပင်သာယာရေးအဖွဲ့က အသိပေးကြေညာထားသည်။ ထိုကြောင့် ရွှေဆိုင်ရှင်အချို့က နေအိမ်တွင်ဖွင့်လှစ်ရောင်းချနေကြသည်။ နေအိမ်တွင် ဆိုင်ဖွင့်ထားပြီး […]