တနင်္သာရီမြို့ လွတ်လပ်ရေးကျောက်တိုင် ပြောင်းရွှေ့ စိုက်ထူမည်
diz_admin
July 13, 2020တနင်္သာရီမြို့ မြို့မရဲစခန်းအတွင်း တည်ရှိသည့် လွတ်လပ်ရေးကျောက်တိုင်အား ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုနေရာသို့ ပြောင်းရွှေ့စိုက်ထူမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ ဗိုလ်ချုပ်မြင်းစီးရုပ်ထုအနီးတွင် ပန်းခြံတစ်ခု ဆောက်လုပ်မည်ဖြစ်ပြီး ယင်းပန်းခြံတွင်းသို့ ဗိုလ်ချုပ်ရုပ်တုအား ပြောင်းရွှေ့မည် ဖြစ်သည်။ ထိုကြောင့် လစ်လပ်သွားသည့် ဗိုလ်ချုပ်ရုပ်ထုနေရာတွင် လွတ်လပ်ရေး ကျောက်တိုင်အား စိုက်ထူမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။ “အာဇာနည်နေ့အခမ်းအနားပြီးတော့မှ ရုပ်တုရွှေ့တာတွေ ပန်းခြံလုပ်တာတွေ စလုပ်မယ်” ဟု ဦးအောင်ကျော်ဟိန်းက ပြောသည်။ လက်ရှိ ဗိုလ်ချုပ်မြင်းစီးရုပ်တုအနီးရှိ ကားလမ်းမမှာ လမ်းချဲ့လိုက်သည့်အတွက် ရုပ်တုမှာ လမ်းနံဘေးထောင့်ဘက်သို့ ကျရောက်နေသဖြင့် လမ်းနှင့်နီးသည့် ပန်းခြံ၏ အလယ်သို့ ရုပ်တုအား ပြောင်းရွှေ့မည်ဖြစ်ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောပြသည်။ အဆိုပါ ဗိုလ်ချုပ်ပန်းခြံနှင့် လွတ်လပ်ရေးကျောက်တိုင်စိုက်ထူမည့် မြေနေ ရာအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ လမ်းဦးစီး၊ စည်ပင်သာယာရေးကော်မတီ၊ […]


