ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အခွန်ကောက်ခံရရှိမှု လျော့နည်း

diz_admin

July 13, 2020

ကိုဗစ်ကြောင့် အခွန်ကောက်ခံရရှိမှု ယမန်နှစ်ထက် ကျပ်သန်းသုံးထောင်နီးပါး (ကျပ် ၂၉၁၂.၂၀၉ သန်း) လျော့နည်း ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး အခွန်ဦးစီးဌာနရုံးထံမှ သိရသည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု ကျပ်သန်း ၃၂၀၀၀ ကျော် (ကျပ် ၃၂၂၃၂ ဒဿမ ၁၀၅ သန်း)ရရှိခဲ့သော်လည်း ယခုနှစ် ကာလတူတွင် ကျပ်သန်း ၂၉၀၀၀ ကျော် (၂၉၃၁၉ ဒဿမ ၈၉၆ ကျပ်သန်း) ကောက်ခံရရှိခဲ့သည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူက ပြောသည်။ “ကိုဗစ်ကြောင့်လို့ပဲ ပြောရမှာပဲ ဘာလို့လဲဆိုတော့ ဝင်ငွေခွန်တွေလည်း နိုင်ငံတော်က ၂ ရာခိုင်နှုန်း မကောက်နဲ့ လို့ ပြောထားတာ ရှိတယ်လေ။ […]

တနင်္သာရီတိုင်းဒေသကြီးက လက်ရှိပြည်ထောင်စုအစိုးရအဆင့်ရဲ့ လက်ဆောင်ပေးစရာ ပစ္စည်းတွေများ ထင်နေလားတော့ မသိဘူး

diz_admin

July 13, 2020

တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းများက ပြည်ထောင်စုအစိုးရ၏ လက်ဆောင်ပေးစရာပစ္စည်းဖြစ်နေပြီလားဟု ထားဝယ် တိုင်းရင်းသားများပါတီ ဒုတိယဥက္ကဋ္ဌက မေးခွန်းထုတ်လိုက်သည်။ ဇူလိုင်လ ၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီဒုဥက္ကဋ္ဌ ဦးမောင်မောင်အေးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်လက်ထက်က ကော့သောင်းခရိုင်အတွင်းရှိ စောင်းကောက်ကျွန်းကို ဒေါ်အောင်ဆန်းစုကြည် ဒုက္ခရောက်စဉ်က ကူညီခဲ့ဖူးသည့် မိသားစုတစ်စုကို ခွင့်ပြုပေးခဲ့သည်ဟု ဒေါက်တာလဲ့လဲ့မော် ကိုယ်တိုင် ပြောဆိုထားသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံခဲ့ဖူးသည်။ ယခုကျွန်း လုပ်ကိုင်ခွင့်ရရန် လျှောက်ထားသည့် Excellent Fortune Development Group ကုမ္ပဏီမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အလှူငွေ သိန်းရာချီမှ ထောင်ချီအထိ လှူဒါန်းခဲ့ဖူးသည်။ “တနင်္သာရီတိုင်းဒေသကြီးက လက်ရှိ ပြည်ထောင်စုအစိုးရအဆင့်ရဲ့ လက်ဆောင်ပေးရာ ပစ္စည်းတွေများ […]

ကော့သောင်းတွင် သေနတ် နှစ်လက်နှင့် မူးယစ်ဆေးများ ဖမ်းမိ

diz_admin

July 13, 2020

ကော့သောင်းတွင် မူးယစ်အမှုနှစ်ခုကို ဖမ်းဆီးရာမှ သေနတ် နှစ်လက်နှင့် မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဆယ်မိုင်ကျေးရွာအုပ်စုရှိ အမျိုးသားတစ်ဦး၏ နေအိမ်ကို မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေရာ အဆိုပါအမျိုးသားက နေအိမ်မှ ထွက်ပြေးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အဆိုပါနေအိမ်တွင် ထွက်ပြေးသွားသည့် အမျိုးသား၏ ဇနီးဖြစ်သူအပါအဝင် အခြားသူ သုံးဦးကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ အဆိုပါနေအိမ်ကို ရှာဖွေရာ ခြောက် လုံးပြူးသေနတ်တစ်လက်၊ သေနတ် ကျည်ဆံ ၆ တောင့်နှင့် WY စိတ်ကြွ ဆေး ၈၀၈ ပြားကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ယင်းဖြစ်စဉ်တွင် ဖမ်းမိသူ ၃ ဦး နှင့် တိမ်းရှောင်နေသည့် အမျိုးသားကို သက်ဆိုင်ရာ မူးစိတ်ပုဒ်မများဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် […]

မောတောင်နယ်စပ်ဂိတ်မှ ထိုင်းသို့ တရားမဝင် ဝင်ရောက်သူ ၂၀ ဦးကျော် ဖမ်းမိ

diz_admin

July 13, 2020

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာအလုပ်သမား ၂၀ ဦးကျော်အား ဇူလိုင်လ ၁၁ ရက်က ဖမ်းမိခဲ့ကြောင်း မြိတ်-ပရာကျွပ် ညီအစ်မမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ မောတောင်နယ်စပ်ဂိတ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွပ်ခီရီခန်ခရိုင် ခလောင် ဝမ်တိုက်နယ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူတို့သည် သတင်းအရ နယ်မြေလုံခြုံရေး ကင်းလှည့်စစ်ဆေးနေစဉ် နယ်စပ်ရှိ သွပ်ဆူးကြိုးလိုင်းများကို ဖြတ်ကျော်ပြီး ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၆ ဦးကို စင်ခွန်နယ်စပ်ဂိတ်အနီးရှိ တောလမ်းတစ်နေရာတွင် ဇူလိုင်လ ၁၁ ရက် နံနက် တစ်နာရီခွဲအချိန်ခန့်က ဖမ်းမိခဲ့ကြောင်း ဦးအောင်ကြည်မြင့်က ပြောပြသည်။ ထို့အပြင် ယင်းနေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်တွင်လည်း ထိုင်းနိုင်ငံသား မောင်းနှင်လာပြီး […]

ထားဝယ်တက္ကသိုလ် ဆရာများအိမ်ရာ ဆောက်မည်

diz_admin

July 13, 2020

ထားဝယ်တက္ကသိုလ်အဝင်၀ ဘယ်ဘက်ခြမ်းရှိ ‌မြေနေရာတွင် ဆရာ၊ ဆရာမ ၁၆၀ ဦးနေထိုင်နိုင်မည့် အိမ်ရာတစ်ခု ဆောက်လုပ်မည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက ပြောသည်။ အိပ်ခန်း တစ်ခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက်တစ်လုံး (၃၂ ခန်း)၊ အိပ်ခန်း နှစ်ခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက် သုံးလုံး (၉၆ ခန်း)၊ အိပ်ခန်း သုံးခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက် တစ်လုံး (၃၂ခန်း) စုစုပေါင်း အိမ်ခန်း ၁၆၀ ခန်းပါ အိမ်ရာစီမံကိန်းကို ဆောက်လုပ်မည်ဖြစ် ကြောင်း ဒေါက်တာသိင်္ဂီရွှေက ပြောသည်။ ယင်းအပြင်လူငါးရာဆန့် Commu- nity Center တစ်ခု၊ ပေ ၅၀_၁၀၀ ပတ်လည် ကိုယ်လက်လှုပ်ရှား အားကစားရုံ တစ်ခု၊ ကားပါကင်၊ လုံခြုံရေးဂိတ်၊ လုံခြုံရေး […]

တက္ကသိုလ်၊ ကောလိပ်များအားလုံးကို အွန်လိုင်းမှ ပို့ချရန် စီစဉ်နေ

diz_admin

July 13, 2020

အဝေးသင်အပါအဝင် တက္ကသိုလ်၊ ကောလိပ်များအားလုံးကို အွန်းလိုင်းမှပို့ချနိုင်ရန်အတွက် သက်ဆိုင်ရာ တက္ကသိုလ် အစုအဖွဲ့အလိုက် လုပ်ဆောင်ရန် စီစဉ်နေကြောင်း ထားဝယ်မြို့ရှိ တက္ကသိုလ် အချို့ထံမှ သိရသည်။ သင်ခန်းစာလျှော့ချခြင်း၊ သင်ကြားမည့် သင်ခန်းစာများကို ဗီဒီယိုဖိုင် ရိုက်ကူးခြင်းတို့ကို ဝိဇ္ဇာသိပ္ပံတက္ကသိုလ် အုပ်စု၊ ကွန်ပျူတာ တက္ကသိုလ်အုပ်စု၊ နည်းပညာတက္ကသိုလ်အုပ်စု စသည်ဖြင့် အုပ်စုခွဲဆောင်ရွက်နေကြောင်း ယင်းတက္ကသိုလ်တို့ထံမှ သိရသည်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တို့အတွက် အွန်လိုင်းမှ ပို့ချမည့် သင်ခန်စာများကို ဇူလိုင်လ ၉ ရက်မှစပြီး ဒဂုံတတ္ကသိုလ်က ဦးဆောင်စီစဉ်နေကြောင်း ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက ပြောသည်။ “သိပ်တော့ မကြာတော့ဘူး။ တစ်လ၊ နှစ်လအတွင်း ဖြစ်လာလိမ့်မယ်။ ဘာကြာင့် လဲဆိုတော့ ကလေးတွေက စာနဲ့ပြတ်မှာ စိုးလို့။ ဒါကို အကြာကြီး ဆွဲနေလို့ မရဘူး” ဟု […]

ကော့သောင်းတွင် ရေငန်ပုစွန် မွေးမြူရန် မြေယာလျှောက်ထားမှု ရွာသားများ ကန့်ကွက်

diz_admin

July 13, 2020

ပြည်တွင်းကုမ္ပဏီတစ်ခုမှ ကော့သောင်းမြို့နယ်အတွင်း ရေငန်ပုစွန်မွေးမြူရေး ပြုလုပ်ရန် မြေနေရာလျှောက်ထားလာမှုကို ကျေးရွာနေပြည်သူများမှ ကန့်ကွက်လိုက်ကြသည်။ ကော့သောင်းမြို့နယ်၊ စူငယ်ဘာ လိုင်းကျေးရွာအုပ်စု၊ အောင်ဇမ္ဗူရွာတွင် ရွှေကံမော်အကွာ ကာချားကုမ္ပဏီမှ ပုစွန်မွေးမြူရန် မြေဧကရှစ်ရာ လျှောက်ထားလာမှုအပေါ် ရွာသား ရှစ်ဆယ်ကျော်မှ လက်မှတ်ထိုးကာ ဇူလိုင်လ ၆ ရက်နေ့စွဲဖြင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ကန့်ကွက်လွှာ ပေးပို့ခဲ့ကြသည်။ အောင်ဇမ္ဗူကျေးရွာ ကွင်းအမှတ် (1 OSS ) တွင် ဧကရှစ်ရာနှင့် ကွင်းအမှတ် (2 OSS ) ဂျပန်ကမ်းခြေ ဒီရေ တောတွင် မြေလွတ်မြေလပ်မြေရိုင်းအဖြစ် ဧကသုံးရာအား လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု အောင်ဇမ္ဗူကျေးရွာမှ ဆရာတော် ဦးဇောတိက ကမိန့်ကြားသည်။ ယင်းသို့ လျှောက်ထားလာသည့် မြေဧရိယာရှစ်ရာအတွင်း တောင်သူများ၏ ဥယျာဉ်ခြံမြေများ၊ ဓနိတောမြေများ၊ တောင်သူစိုက်ပျိုးမြေများ၊ […]

ရွာသားနှင့် တာဆာကီစာချုပ် တစ်ဖက်သတ်ဖြစ်နေဟု လွှတ်တော်ကိုယ်စားလှယ်နှင့် ပညာရှင်များပြော

diz_admin

July 13, 2020

ဘုတ်ပြင်းမြို့နယ်ရှိ လငန်းရွာသားများနှင့် တာဆာကီပုလဲမွေးမြူရေး ကုမ္ပဏီတို့ ရေးထိုးထားသည့် စာချုပ် တစ်ဖက်သတ်ဖြစ်နေပြီး ခိုင်မာမှုမရှိဟု ဘုတ်ပြင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင်များက ပြောဆို လိုက်သည်။ ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းထွန်းနှင့် ဥပဒေပညာရှင်များ ဇူလိုင်လ ပထမပတ်က လငန်းကျေးရွာသားများနှင့် တွေ့ဆုံ ပြီးနောက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်း၊ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးရဲ့ ရှေ့မှာ ရေးထိုးထားတာလည်း မဟုတ်ဘူး။ လူလေးယောက်တည်း ရေးထိုးထားတဲ့ စာချုပ်ဖြစ်နေတယ်။ ခိုင်မာမှုမရှိဘူး တစ်ဖက်သတ် ဖြစ်နေတယ်” ဟု ဦးနေ လင်းထွန်းက ပြောသည်။ ယင်းအပြင် စာချုပ်ပါအပေါ် စာပိုဒ် အချက်အလက်များတွင် မက်လုံးအချို့ ပေးထားပြီး အောက်စာပိုဒ်တွင်မူ ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါက စစ်ဆေးပြီး၂၀၀၈ အခြေခံဥပဒေနှင့်ရော မြန်မာပုလဲလုပ်ငန်း တည်ဆဲဥပဒေဖြင့်ပါ အရေးယူမည်ဟုလည်း […]