အောင်မင်္ဂလာရုပ်ရှင်ရုံ ငှားရမ်းခ တစ်လ ငါးသိန်းအထိ ဈေးတက်မည်
diz_admin
July 20, 2020ထားဝယ်မြို့ရှိ အောင်မင်္ဂလာရုပ်ရှင်ရုံ ငှားရမ်းခကို တစ်လလျှင် ကျပ်ငါးသိန်းအထိ တိုးကောက်ရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ အဆိုပါ ရုပ်ရှင်ရုံနှင့် မြေနေရာငှားရမ်းခအဖြစ် ယခင်က တစ်လလျှင် ကျပ်သုံးသိန်း ကောက်ခံနေရာမှ လက်ရှိတွင် ငါးသိန်းကျပ်အထိ တိုးမြှင့်ကောက်ခံရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ငှားရမ်းမည့် စာချုပ်သက်တမ်းကို ငါးနှစ်သတ်မှတ်ထားပြီး တစ်နှစ်တစ်ကြိမ် သို့မဟုတ် ၂ နှစ်တစ်ကြိမ် ဈေးနှုန်းသတ်မှတ်ရန် ဆွေးနွေးနေကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ အဆိုပါရုပ်ရှင်ရုံနှင့် မြေနေရာကို ထားဝယ်မြို့ပေါ်မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ငှားရမ်းထားပြီး ရုပ်ရှင်ပြသခြင်းအပြင် လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်တို့လည်း ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ “(စာချုပ်) မူကြမ်းအနေနဲ့ စိစစ်နေတုန်းပဲ ရှိသေးတယ်။ ဒါကို […]


