ဘုတ်ပြင်းတွင် ဇာတ်မင်းသမီးကို ဆုတက်ပေးရာမှ ခြောက်ဘီးကားကို မီးရှို့ မှုဖြစ်ပွား
diz_admin
January 15, 2020ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ နယ်တွင် ဇာတ်ပွဲကနေသည့် မင်းသမီးကို ဆုတက်ပေးစဉ် ဇာတ်စင်အောက် ဆွဲချခံရသည်ကို မကျေနပ်သဖြင့် အမျိုးသားအချို့က ခြောက်ဘီးကား တစ်စီးကို မီးရှို့ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပြည်ကြီးမဏ္ဍိုင်မြို့၊ မနိုးရုံးကျေးရွာ အုပ်စုတွင် ကပြဖျော်ဖြေနေသည့် ဇာတ်ပွဲ တွင် အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသား က မင်းသမီးကို ဇန်နဝါရီလ ၇ ရက်ည က ဆုတက်ပေးခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။ ထိုသို့ ဆုတက်ပေးစဉ် အသက် ၄၀ နှစ်အရွယ် အမျိုးသားက ဇာတ်စင်ပေါ် မှ ဆွဲချရာ ဆုတက်ပေးသည့် အမျိုးသားက ဇာတ်စင်အောက်သို့ မှောက်လျက်ကျ သွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ယင်းသို့ဆွဲချခံရသည်ကို မကျေနပ်သဖြင့် သူငယ်ချင်း […]


