ဟော့မုဇ်ရေလက်ကြားကို မပိတ်ဆို့ရေး အီရန်ကို တရုတ်ဖျောင်းဖျပေးရန် ကန် တိုက်တွန်း
Dawei Watch
June 23, 2025ဟော့မုဇ်ရေလက်ကြားကို အီရန်က မပိတ်ဆို့သွားရေး တရုတ်နိုင်ငံက ဖျောင်းဖျပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဇွန်လ ၂၂ ရက်တွင် တိုက်တွန်းလိုက်သည်။ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကုန်သွယ်မှု ၂၀ ရာခိုင်နှုန်းဝန်းကျင် ဖြတ်သန်းစီးဆင်းနေသည့် ဟော့မုဇ်ရေလက်ကြားကို ပိတ်ဆို့ရန် အီရန်လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်ပြီးနောက်တွင် မာကိုရူဘီယိုက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ အီရန်ရှိ အဏုမြူစီမံကိန်းများကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အီရန်လွှတ်တော်က ယင်းသို့ မဲဆွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ “တရုတ်အစိုးရအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ အီရန်ကို ဆက်သွယ်ပြောဆိုဖို့ ကျွန်တော်တိုက်တွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်အစိုးရဟာ ရေနံရရှိရေးအတွက် ဟော့မုဇ်ရေလက်ကြားကို ကြီးကြီးမားမား မှီခိုနေရတာကြောင့် ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ ဟော့မုဇ်ရေလက်ကြားကို ပိတ်ဆို့လျှင် အီရန်၏ နောက်ထပ်ဆိုးရွားသည့် အမှားတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အီရန်က […]


