ကျိုက်ထိုတွင် တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့်ဒေသခံများ အရေးပေါ်အကူအညီလို
Dawei Watch
February 21, 2026မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း အကူအညီပေးနေသူတို့ထံမှ သိရသည်။ စစ်အာဏာရှင်တပ် အင်အား ၅၀၀ ခန့်သည် ဖေဖော်ဝါရီလ ၇ ရက်ကစပြီး ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ ဝင်းကံ ကျေးရွာအုပ်စုနှင့် ဖိုးဝါးသိမ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ အဆိုပါစစ်ကြောင်းများနှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီလ ၁၀ ရက်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “တိုက်ပွဲကတော့ အခုအချိန်မှာ ပြင်းထန်နေတာမျိုးတော့ မရှိတော့ဘူး။ ဒါပေမဲ့ ဒေသခံတွေကတော့ အခုချိန်ထိ နေရပ် မပြန်ရဲသေးဘူး။ ဘာလို့လဲဆိုတော့ အဲဒီဒေသတွေမှာ စစ်တပ်က အခုအချိန်အထိ အထိုင်ချထားတဲ့ပုံစံမျိုးနဲ့ ရှိနေတော့ ရွာသားတွေက ပြန်ဖို့က အဆင်မပြေသေးဘူး” ဟု […]


