ဒုတိယလှိုင်းအတွက် ကိုဗစ်ကန့်သတ်ချက်များ
diz_admin
September 22, 2020ကိုဗစ်ဒုတိယလှိုင်းတွင် ကူးစက်နှုန်းမြင့်နေသည့်အတွက် တနင်္သာရီတိုင်းအတွင်း စည်းကမ်းကန့်သတ် ချက်အချို့ကို ထပ်တိုးလိုက်သည်။ ထပ်တိုးလိုက်သည့် စည်းကမ်းသတ်မှတ်ချက်များတွင် လက်ဖက်ရည် ဆိုင်၊ စားသောက်ဆိုင်ကိစ္စ၊ ကုန်တင်ကားကိစ္စ၊ ဈေးကိစ္စနှင့် စေတနာ့ဝန်ထမ်း ကိစ္စများ ပါဝင်သည်။ စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်သည့် တိုင်းဒေသကြီး ကိုဗစ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဆိုင်များ ပါဆယ်သာ ရောင်းရမည် တနင်္သာရီတိုင်းအတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအနေနှင့် ပါဆယ်သာရောင်းချရန် ပြန်လည် သတ်မှတ်လိုက်ပြီဖြစ်သည်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်တက်နေချိန်တွင် ကူးစက်မှုထိန်းချုပ်နိုင်ရန် ယင်းကဲ့သို့ ကန့်သတ်ရခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ ကုန်တင်ကားဝင်/ထွက်ခွင့် အချိန်ကန့်သတ် တိုင်းပြင်ပမှ လာသည့် […]


