ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီဂျာနယ်အမှု အထူးအယူခံ ဆက်တက်

diz_admin

September 8, 2020

တနင်္သာရီတိုင်းအစိုးရက တရားစွဲ ဆိုခဲ့သည့် တနင်္သာရီဂျာနယ်အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် စက်တင်ဘာလ ၂ ရက်နေ့က အထူးအယူ ခံတင်ထားကြောင်း ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောကြားသည်။ အထူးအယူခံတင်ထားသည့်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုအမှတ်ထွက်ပြီးဖြစ်ကာ အမှုကို လက်ခံသင့်/မသင့် ကြားနာရန် ကျန်နေသေးကြောင်း ၎င်းက ဆိုသည်။ COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ တနင်္သာရီဂျာနယ်၏အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် (တစ်ပါးထိုင်) က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပယ်ချထားသည်။ ထိုကြောင့် လက်ရှိတွင် အထူးအယူခံ (နှစ်ပါးထိုင်) ဆက်တင်ခြင်းဖြစ်ကြောင်း ဦးအောင်ဇာနည်စိုးက ဆိုသည်။ “နိုင်ငံသားအခွင့်အရေးတွေ၊ သတင်း မီဒီယာရဲ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ ရချင်တဲ့အတွက် ရေဆုံးရေဖျား လိုက်တာပါ” ဟု ဦးအောင်ဇာနည်စိုးက ပြောသည်။ […]

ဖုန်းကုမ္ပဏီဝန်ထမ်းတစ်ဦး ငွေကျပ် သိန်းတစ်ရာကျော်လိမ်လည်

diz_admin

September 8, 2020

ထားဝယ်မြို့တွင် တာဝန်ကျနေသည့် Realme ဖုန်းကုမ္ပဏီဝန်ထမ်း တစ်ဦးသည် ယင်းကုမ္ပဏီမှ ငွေကျပ် သိန်း ၁၅၀ ခန့်ကို ယူပြီးတိမ်းရှောင်နေသဖြင့် ထားဝယ်မြို့မရဲစခန်းတွင် လိမ်လည်မှုဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ ကုမ္ပဏီ ဈေးကွက်မြှင့်တင်ရေးဝန်ထမ်း ဦးသက်ဇင်မျိုးက ပြောသည်။ ဖုန်းဆိုင်များထံမှ ဖုန်းဖိုးငွေများလိုက်လံသိမ်းဆည်းပြီး ကုမ္ပဏီထံအပ်နှံရမည့် ငွေကြေးများကို လာရောက်အပ်နှံခြင်းမရှိဘဲ တိမ်ရှောင်းသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ ယင်းသို့ပိုက်ဆံမသွင်းဘဲ တိမ်းရှောင်သွားသည်ကို သြဂုတ်လ ၂၈ ရက်ကမှ ကုမ္ပဏီဘက်ကသိရပြီး အဆိုပါ ဝန်ထမ်းအား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်အားလုံး ဖြတ်တောက်ထားခဲ့ကြောင်း ၎င်းက ပြောသည်။ တိမ်းရှောင်ထွက်ပြေးသွားသူသည် Realme ဖုန်းကုမ္ပဏီ၏ ထားဝယ် တာဝန်ခံတစ်ဦးဖြစ်ပြီး ထားဝယ်တွင် တာဝန်လာရောက်ထမ်းဆောင်သည်မှာ ခုနစ်လခန့်သာရှိသေးသည်။ ထားဝယ်တွင် […]

အိမ်တွင်နေထိုင်ရန် သတ်မှတ်ထားသည့်မြို့နယ်မှ လာသူများကွာရန်တင်းဝင် ရောဂါစစ်ဆေးမှု ခံရမည်

diz_admin

September 7, 2020

ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ အိမ်တွင်နေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မြို့နယ်တို့မှ မွန်ပြည်နယ်သို့ လာရောက်သူများအနေနှင့် တားမြစ်သတ်မှတ်ထားသည့်နေရာ (Quarantine Camp) တွင် စောင့်ကြည့်ခံ ရမည့်အပြင် ရောဂါပိုးရှိမရှိကိုလည်း စစ်ဆေးခံရမည်ဟု ပြည်နယ်အစိုးရအဖွဲ့ မှ သိရသည်။ ၎င်းတို့သည် ၁၄ ရက် စောင့်ကြည့် ခံရမည်ဖြစ်ပြီး ရောဂါပိုး ရှိ၊ မရှိကို နှစ်ကြိမ် စစ်ဆေးခံရမည်ဖြစ်ကြောင်း ရောဂါပိုးမရှိလျှင် နေအိမ်တွင် ခုနစ်ရက် ထပ်မံစောင့်ကြည့်ခံရမည်ဟု ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။ ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ လက်ရှိတွင် ရန်ကုန်နှင့် ရခိုင်က အိမ်တွင်နေထိုင်ရန် သတ်မှတ်ထားသည့် မြို့နယ်တို့မှ လာသူများကို ကားဂိတ်နှင့် ဘူတာရုံတို့တွင် မြို့နယ်အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာနှင့် လူမှုကူညီရေးအဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က လိုက်လံ […]

လူစီးကားဝင်ရောက်မှု ကန့်သတ်ရေး ဆွေးနွေးမည်

diz_admin

September 7, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့်အတွက် တနင်္သာရီတိုင်းအတွင်းသို့ လူစီးကားဝင်ရောက်ခြင်းကို ကန့်သတ်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။ ကုန်ပစ္စည်တင်ကားမှလွဲ၍ အခြား မှန်လုံကားနှင့် အိမ်စီးကားများကို ကန့်သတ်ရန် လာမည့်အပတ်တွင်ပြုလုပ်မည့် တိုင်းကိုဗစ်ကော်မတီအစည်းအဝေးတွင် တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျ က ဆိုသည်။ ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ “ပြည်တွင်းတိုင်းရင်းသားပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သိပ်ပြီးတော့ လက်ခံချင်တဲ့ ဆန္ဒမရှိတော့ဘူး” ဟု ၎င်းက ပြောသည်။ တိုင်းနှင့် ပြည်နယ်ကျော် သွားလာမှုကိုသာ ကန့်သတ်ရန် ဆွေးနွေးမည်ဖြစ်ပြီး တိုင်းအတွင်း ခရိုင်အလိုက်သွား လာမှုကိုမူ ကန့်သတ်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။ Dawei Watch

ကိုဗစ်အထောက်အကူပြုအဖွဲ့က နှာခေါင်းစည်း လိုသလောက်ရောင်းပေးနေ

diz_admin

September 7, 2020

ကိုဗစ် ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသ လူထုအခြေပြုအထောက် အကူပြုအဖွဲ့က နှာခေါင်းစည်းများကို လိုသလောက် ရောင်းချပေးနေကြောင်း အထက်ပါအဖွဲ့ အတွင်းရေးမှူးက ပြောသည်။ အထောက်အကူပြုအဖွဲ့အနေဖြင့် သြဂုတ်လ ၂၉ ရက်နေ့မှစတင်ကာ ရောင်းချပေးနေခြင်းဖြစ်ပြီး ဝယ်ရသည့်ဈေးနှုန်းအပေါ် မူတည်ကာ ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်ရှိကြောင်း အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆိုသည်။ စာသင်ကျောင်းများကို ကွာရန်တင်းစခန်းအဖြစ် ပြန်သုံးမည် လက်ရှိတွင် သုံးလွှာပါသည့် နှာခေါင်းစည်း အခုငါးဆယ်ပါ တစ်ဘူးလျှင် ၂၀ဝ၀ ကျပ်ဖြင့် ရောင်းချနေကြောင်း ၎င်းက ပြောသည်။ ဒေသအတွင်းတွင် နှာခေါင်းစည်း နည်းပါးလာမှုအပေါ် အကြောင်းပြပြီး ဈေးနှုန်းကြီးမြင့်နေသည့်အတွက် ကော်မတီအနေဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။ “ရှိသင့်တဲ့ဈေးအတိုင်းရောင်းပေးတယ်။ လိုအပ်တဲ့ (အချိန်) အတိုင်းအတာလောက်အထိ ရောင်းပေးမယ်” ဟု ၎င်းက ပြောသည်။ နှာခေါင်းစည်းဝယ်မည်ဆိုပါက ပုလဲဆေးခန်းရှေ့တွင် […]

စာသင်ကျောင်းများကို ကွာရန်တင်းစခန်းအဖြစ် ပြန်သုံးမည်

diz_admin

September 7, 2020

တိုင်းအတွင်းရှိ အခြေခံကျောင်းများကို လိုအပ်ချက်ရှိလာပါက ပြည်တွင်း၊ ပြည်ပမှ ပြန်လည်ရောက်လာသူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်မည့် လူထုအခြေပြုစောင့်ကြည့်ရေး စခန်းများအဖြင့် ပြန်အသုံးပြုမည်ဖြစ်ကြောင်း တိုင်းကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက စီစဉ်ထားသည်။ တိုင်းပညာရေးမှူးရုံးမှလည်း အဆိုပါ ကော်မတီ၏ အကြောင်းကြားချက်ကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာများထံ စာဖြင့်ရောနှုတ်ဖြင့်ပါ စက်တင်ဘာလ ၃ ရက်က အကြောင်းကြားထားပြီး ဖြစ်သည်။ တစ်ညအတွင်း ညမထွက်ရ အမိန့်ဖောက်ဖျက်သူ လေးဆယ်ကျော် အရေးယူ “လက်ရှိကျူ စခန်းတွေ မလောက်ဘူးဆိုရင် အ.ထ.က ကျောင်းတွေ ပြန်သုံး သွားမှာပါခင်ဗျား” ဟု တိုင်းကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုသည်။ စောင့်ကြည့်ရေးစခန်းအဖြစ် အသုံးပြုခဲ့သော စာသင်ကျောင်းများရှိ ပစ္စည်းများ ပျက်စီးမှုအခြေအနေကို သက်ဆိုင်ရာ ကျောင်းအုပ်များနှင့် စောင့်ကြည့်ရေး […]

တစ်ညအတွင်း ညမထွက်ရ အမိန့်ဖောက်ဖျက်သူ လေးဆယ်ကျော် အရေးယူ

diz_admin

September 7, 2020

တစ်ညတာကာလအတွင်း ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူ လေးဆယ်ကျော်အား အရေးယူခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။ စက်တင်ဘာလ ၂ ရက်နေ့ညပိုင်းက ထားဝယ်မြို့အတွင်း ညမထွက်ရအမိန့် မလိုက်နာသူ ၄၂ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စက်ရုံ၊ အလုပ်ရုံများကို ရှောင်တခင် စစ်ဆေးမည် ညမထွက်ရအမိန့်ကို ကိုဗစ်ကပ်ဘေး စတင်ဖြစ်ပွားချိန်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စတင်ထုတ်ပြန်ချိန်က ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ခဲ့သည်။ သို့ရာတွင် ကိုဗစ်ကပ်ဘေး အနည်းငယ်ငြိမ်သွားသည့်အတွက် ညမထွက်ရသည့်အချိန်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ဖြေလျှော့ခဲ့သည်။ ယခုအခါတွင် ယင်းအမိန့်ကို ကြပ်မတ်မှုအားနည်းသည့်အတွက် ည ၁၂ နာရီနောက်ပိုင်း သွားလာသူများရှိနေ […]

စက်ရုံ၊ အလုပ်ရုံများကို ရှောင်တခင် စစ်ဆေးမည်

diz_admin

September 7, 2020

ကိုဗစ်-၁၉ စည်းကမ်းချက်လိုက်နာမှုရှိ မရှိ သိရှိနိုင်ရန်အတွက် တိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေး ရေးဦးစီးဌာနထံမှ သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းညွှန်ချက်များအား စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် လိုက်နာမှုဆောင်ရွက်မှု ရှိမရှိကို သက်ဆိုင်ရာမြို့နယ်စစ် ဆေးကြီးကြပ်ရေးကော်မတီမှ ရှောင်တခင် စစ်ဆေးမည်ဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီစိန်က ပြောသည်။ ရန်ကုန်ကိုဗစ်လူနာနှင့် တစ်အိမ်တည်းနေခဲ့သည့် ထားဝယ်မြို့နေ မိသားစုဝင်သုံးဦးကို စောင့်ကြည့်စခန်းပို့ ရှောင်တခင်စစ်ဆေးခြင်းကို စက်တင်ဘာလ ပထမအပတ်တွင် စတင်မည်ဖြစ်ပြီး လိုအပ်ချက်များကို ပြန်ပြင် ခိုင်းမည်ဟု ၎င်းက ပြောသည်။ ယင်းအပြင် ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များကို မလိုက်နာသည့် စက်ရုံ၊ အလုပ်ရုံ၊ […]