ရန်ကုန်ကိုဗစ်လူနာနှင့် တစ်အိမ်တည်းနေခဲ့သည့် ထားဝယ်မြို့နေ မိသားစုဝင်သုံးဦးကို စောင့်ကြည့်စခန်းပို့
diz_admin
September 7, 2020ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်မြို့နယ်နေ လူနာနှင့် တစ်အိမ်တည်းအတူထိုင်ခဲ့ဖူးသည့် ထားဝယ်မြို့မှ မိသားစုဝင်သုံးဦးကို စောင့်ကြည့်စခန်းသို့ ယနေ့ပို့ဆောင်လိုက်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ထားဝယ်ကွန်ပျူတာတက္ကသိုလ်ရှိ စောင့်ကြည့်စခန်းသို့ စက်တင်ဘာလ ၇ ရက်နေ့ နေ့လည်ပိုင်းက ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ နှာခေါင်းစည်း တစ်ခုရဲ့ စီးပွားတန်ကြေး အဆိုပါ မိသားစုမှာ ကြည့်မြင်တိုင်မြို့နယ်ရှိ နေအိမ်တွင် ပိုးတွေ့လူနာနှင့် အတူနေထိုင်ပြီး သြဂုတ်လ ၂၉ ရက်နေ့က မန်းရတနာလေကြောင်းလိုင်းဖြင့် ထားဝယ်မြို့သို့ လာရောက်ခဲ့ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။ ထိုနောက် အတူနေထိုင်ခဲ့သည့် အမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၆ ရက်နေ့ညတွင်ထုတ်ပြန်ခဲ့သည်။ ၎င်းမှာ လူနာအမှတ်အမှတ် ၁၃၇၈ ဖြစ်သည်။ ထိုအခြေအနေများကြောင့် ထားဝယ်မြို့နေ မိသားစုဝင်သုံးဦးက ကျန်းမာရေးစစ်ဆေးမှုခံယူလိုကြောင်း ၎င်းတို့ကိုယ်တိုင် သတင်းပေးလာသည်ဟု […]


