ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တောင်သူများအတွက် ကိုဗစ်အထူးချေးငွေ ကျပ်သန်း ၅၀ဝ ကျော်ပြန်အပ်

diz_admin

December 14, 2020

တောင်သူလယ်သမားများအတွက် ကိုဗစ်အထူးချေးငွေ ကျပ်သန်း ၅၀ဝ ကျော်ပြန်အပ်ခဲ့ကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် တနင်္သာရီတိုင်းဒေသကြီးဘဏ်ခွဲထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးကြောင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက် ခံရခြင်းကို ကုစားရန်နှင့် လယ်ယာကုန် ထုတ်လုပ်မှု တိုးတက်ရန် ကိုဗစ်အထူး ချေးငွေ (Special Covid-19 Relief Loan) ကို တစ်ဧကလျှင် ကျပ်ငါးသောင်း နှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဇွန်လဆန်းခန့်က ထုတ်ချေးခဲ့သည်။ တနင်္သာရီတိုင်းတွင် ကိုဗစ်အထူး ချေးငွေအတွက် ကျပ်သန်း ၅၄၀ဝ ကျော် (၅၄၃၁ ဒသမ ၉၅) လျာထားသော်လည်း စိုက်ပျိုးဧက တစ်သိန်းနီးပါး(၉၆၆၅၅) ဧကအတွက် ငွေကျပ် ၄၈၃၂ ဒသမ ၇၅ သန်းကိုသာ ထုတ်ချေးနိုင်ခဲ့သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးဘဏ်ခွဲ တိုင်းမန်နေဂျာ ဒေါ်မိုးမိုးလွင်က ပြောသည်။ […]

လယ်ရှိသော်လည်း ဆန်ဝယ်စားနေရသည့် ရွာ

diz_admin

December 11, 2020

အချို့သောလယ်သမားများအနေနှင့် လယ်လုပ်ငန်းကို စွန့်ခွာနေချိန်တွင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မောရဝတီ ရေတပ် အနီးအနားရှိ ဆင်ကူးကျေးရွာက လယ်သမားများမှာမူ လယ်လုပ်ချင်နေသည်။ သို့သော်လည်း လုပ်ပိုင်ခွင့်မရ။ အဆိုပါနေရာမှ လယ်ဧက ထောင်နှင့်ချီသော လယ်ဧကများမှာ ဟိန္ဇဲချောင်းမှ ရေငန်ဝင်သဖြင့် လုပ်ကိုင်မရတော့ဘဲ စွန့်ပစ်ထားကြရသည်မှာ ဆယ်စုနှစ် တိုင်နေပြီဖြစ်ကြောင်း ဒေသခံလယ်သမား အချို့က ပြောသည်။ “ကျွန်တော်တို့ လယ်လုပ်ချင်တယ်။ ကျွန်တော်မှာ ထွန်စက်လည်းရှိတယ်။ အခုက လယ်ရှိလျက်သားနဲ့ ပစ်ထားရတာ ဆိုတော့ ဆန်ဝယ်စားနေရတယ်” ဟု ယင်းကျေးရွာမှ မွန်တိုင်းရင်းသား လယ်သမားဖြစ်သူ ဦးကျော်ငြိမ်းက ဆိုသည်။ ကိုဗစ်နှင့် အိမ်အဟောင်းဈေးကွက် ၎င်း၏ လယ်မြေ ၁၀ ဧကခန့်မှာ ရေငန်ဝင်ရောက်မှုကြောင့် စိုက်ပျိုးလုပ်ကိုင်၍ မရဘဲ ဖြစ်နေသည်။ ယခင်က လယ်ထဲသို့ ရေငန်မဝင် စေရန်အတွက် […]

ကိုဗစ်နှင့် အိမ်အဟောင်းဈေးကွက်

diz_admin

December 11, 2020

ထားဝယ်ဒေသရှိ နေအိမ်ဟောင်း အများစုမှာ သစ်သားဖြင့် ဆောက်လုပ်ထားကြပြီး တိုက်တာအဆောက်အအုံ ဆောက်မည်ဆိုပါက ဖြိုဖျက်လေ့ရှိသည်။ ထိုသို့ဖြိုဖျက်ရသည့်အတွက် ငွေကုန်ကျမှုရှိပြီး ထွက်ရှိလာသည့် သစ်သားအပိုင်းအစများကို စုပုံထားရန် နေရာလည်း လိုအပ်လာသည်။ လက်ရှိတွင်မူ ထိုအခက်အခဲများကို ရှောင်လွှဲနိုင်မည့် ဝန်ဆောင်မှုလုပ်ငန်းများ က ထားဝယ်ဒေသတွင်ရှိနေသည်။ ထိုသူများကား ဖြိုဖျက်မည့်နေအိမ်ကို အလုံးလိုက်ဝယ်ယူပြီး မိမိအစီအစဉ်ဖြင့် ဖြိုဖျက်သယ်ယူသည့် လုပ်ငန်းဖြစ်သည်။ သစ်သားခိုင်ခံ့မှု အနေအထား အပေါ်မူတည်ကာ နေအိမ်တစ်ဆောင်လျှင် ကျပ် သုံးသိန်းဝန်းကျင်မှ သိန်း ၃၀ ခန့်အထိ ပေးပြီး ဝယ်ယူလေ့ရှိသည်။ ယင်းကဲ့သို့အိမ်အဟောင်းဖြိုရာမှ ရလာသည့် သစ်လှေကား၊ သစ်သားချောင်းများ၊ သွပ်ပြားများကို ပြန်လည် ရောင်းချကြသည်။ ထားဝယ်မြို့တွင် ထိုကဲ့သို့ အိမ်အဟောင်းဝယ်ပြီး သစ်သားပြန်ရောင်းသည့်လုပ်ငန်း လေးခုရှိသည်။ သာမန်အားဖြင့် လက်လုပ်လက်စား အခြေခံလူတန်းစားများကသာ ထိုသစ်သားအဟောင်းများကို ပြန်လည်ဝယ်ယူပြီး […]

အိမ်ငှားနေထိုင်နေရသည့် ဝန်ထမ်းများအတွက် လုပ်ငန်းရှင်တစ်ဦးက တိုင်းအစိုးရသို့ မြေလှူ

diz_admin

December 10, 2020

မြိတ်မြို့အတွင်းရှိ ဌာနအသီးသီးမှ အိမ်ငှားပြီးနေထိုင်နေရသည့် ဝန်ထမ်းများအတွက် လုပ်ငန်းရှင်တစ်ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြေ ၁၀ ဧကလှူဒါန်းခဲ့သည်။ ရွေမိုးဖြူကုမ္ပဏီလီမီတက် မိသားစုပိုင် စန္ဒဝတ်ကျေးရွာအုပ်စုအတွင်းရှိ မြေ ၁၀ ဧကအား တိုင်းအစိုးရအဖွဲ့သို့ နိုဝင်ဘာ ၂၅ ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း ယင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကာယကံရှင်တို့က ပြောသည်။ သက်ဆိုင်ရာဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအများစုမှာ အိမ်ငှားနေထိုင်ကြရပြီး တိုင်းအစိုးရဖော်ဆောင်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းအတွက် အသုံးပြုနိုင်ရန် လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု မြေအလှူရှင် ရွေမိုးဖြူကုမ္ပဏီလီမီတက် ဒါရိုက်တာ ဒေါ်မိုးမိုးဆန်းက ပြောပြသည်။ “ဝန်ထမ်းတွေဆိုတာကလည်း ပြည်သူတွေအတွက် အလုပ်လုပ်ပေးနေရတယ်ဆိုတော့ နေရေးထိုင်ရေး အဆင်ပြေပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဖြစ်ခဲ့တာ” ဟု ၎င်းကပြောသည်။ အဆိုပါမြေ ၁၀ ဧကအား ပိုင်ရှင်မှ စာရွက်စာတမ်းနှင့်တကွ အိုးအိမ်ဦးစီး ဌာနသို့ လွဲအပ်ပေးခဲ့ပြီး ဆက်လက်လုပ်ဆောင်မည့် […]

ဆေးယဉ်ပါးမှုရောဂါသည် ကူးစက်နိုင်ပြီး သေဆုံးသည်အထိဖြစ်နိုင်

diz_admin

December 10, 2020

ပဋိဇီဝဆေးယဉ်ပါးမှုရောဂါသည် ဆေးမတိုးတော့ပါက လူနာအနေနှင့် ရက်ရှည်ကြာ ဆေးရုံတက်ရမည့်အပြင် အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပြီး ၎င်းလူနာမှ အခြားသူများထံသို့လည်း ပဋိဇီဝဆေးယဉ်ပါးသောရောဂါပိုး ကူးစက်နိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။ ပဋိဇီဝဆေးဆိုသည်မှာ ဖြစ်ပွားသည့် ရောဂါအလိုက် သောက်ရသည့် ရောဂါနှိမ်နှင်းသည့် ပိုးသတ်ဆေးများဖြစ်ပြီး ပဋိဇီဝဆေးကို စနစ်တကျ အသုံးပြုခြင်းမရှိပါက ရောဂါပိုးများသည် ၎င်းတို့၏ ရှင်သန်မှု သဘောသဘာဝအရ ပဋိဇီဝဆေးများအား ခံနိုင်ရည်ရှိလာပြီး ဆေးမတိုးခြင်းများ ပိုမိုဖြစ်လာနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အအေးခန်းစက်ရုံအလုပ်သမား ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့ ပဋိဇီဝဆေးများကို ဆရာဝန်ညွှန် ကြားချက်အတိုင်း အသုံးမပြုခြင်း၊ သောက်ရမည့် အကြိမ်ရေနှင့် ဆေးအလုံးရေပြည့်အောင် မသောက်ခြင်း၊ ဈေးဆိုင်များတွင်ရောင်းချသည့် စပ်ဆေးများကို သောက်သုံးခြင်း စသည်တို့ကြောင့် ပဋိဇီဝဆေးယဉ်ပါးမှုများဖြစ်လာသည်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာ […]

ကော့သောင်း လျှပ်စစ်လုပ်ခွင့်ရကုမ္ပဏီ ရွေးချယ်ပြီးဟုဆို

diz_admin

December 9, 2020

ကော့သောင်းမြို့နယ် လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးကုမ္ပဏီကို တိုင်း အစိုးရအဖွဲ့အစည်းအဝေးတွင် ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က ပြောကြားသည်။ ပြီးခဲ့သည့်အပတ်က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့အစည်းအဝေး(ကက်ဘိနက်)တွင် လုပ်ခွင့်ရကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ သို့သော် မည်သည့်ကုမ္ပဏီအား ရွေးချယ်လိုက်သည်ဆိုသည်ကိုမူ ဝန်ကြီးက ထုတ်ဖော် ပြောဆိုခြင်း မပြုပေ။ ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးရေးတင်ဒါဖွင့်ရာတွင် ကုမ္ပဏီသုံးခု၏ လျှပ်စစ်တစ်ယူနစ် အဆိုပြုဈေးနှုန်းများမှာ တူညီနေသည်။ အဆိုပါ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး ရေးတင်ဒါအတွက် ကုမ္ပဏီ(Profile) နှင့် Technical (နည်းပညာပိုင်း) အတွက် အမှတ်ပေး ယှဉ်ပြိုင်သည့် တင်ဒါဖွင့် ဖောက်ခြင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဈေးနှုန်းအဆိုပြုခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ သည်။ […]

ဆားကြမ်းဈေး သုံးပုံတစ်ပုံကျ

diz_admin

December 9, 2020

မွန်ပြည်နယ်တွင် ဆားလုပ်ရာသီ အစ၌ ဆားကြမ်းဈေးမှာ သုံးပုံတစ်ပုံခန့် အထိကျသွားသည်ဟု ပြည်နယ်အတွင်းရှိ ဆားအရောင်းအဝယ်ပြုလုပ်နေသူတို့နှင့် ဆားတောင်သူတို့ထံမှ သိရသည်။ ပုံမှန်အားဖြင့် ဆားလုပ်ရာသီအစတွင် ဆားကြမ်းဈေးမှာ ယခုနှစ်တွင် ကိုဗစ်ကန့်သတ်ချက်များကြောင့် ဆားအရောင်းအဝယ်မရှိဘဲ ဈေးမှာ အနိမ့်ဆုံးသို့ ကျသွားသည်ဟု ဆားတောင်သူတို့က ပြောသည်။ “ကိုဗစ်စဖြစ်ကတည်းက ဘယ်ကိုမှ ပို့လို့မရဖြစ်သွားတယ်။ အရောင်းအဝယ်တွေလည်းမရှိ၊ ဈေးကွက် ပျောက်သွားတဲ့အနေအထား ဖြစ်သွားတယ်။ အခု ဆားအသစ်လည်းစထွက်နေပြီး ဆားအဟောင်းကလည်း ဒီအတိုင်းပုံနေတယ်” ဟု သံဖြူဇရပ်မြို့နယ်၊ ပငဆားကွင်း မှ ဆားတောင်သူ နိုင်ထွန်းကြည်က ပြောသည်။ လက်ရှိတွင် ဆားကြမ်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၆၀ မှ ၇၀ အကြား ရှိနေပြီး ယမန်နှစ်ကမူ ယခုလို ဆားလုပ် ရာသီအစတွင် တစ်ပိဿာတွင် ကျပ် ၂၀ဝ […]

အအေးခန်းစက်ရုံအလုပ်သမား ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့

diz_admin

December 9, 2020

လောင်းလုံးမြို့နယ် (ဃ) ရပ်ကွက်တွင် ကွာရန်တင်းဝင်နေသူ အအေးခန်း စက်ရုံအလုပ်သမား ၁၀ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ လောင်းလုံး အအေးခန်းစက်ရုံတွင် အလုပ်ဝင်ရန်အတွက် ရန်ကုန်မှလာသူ ၂၂ ဦးကို နိုဝင်ဘာ ၃၀ ရက်နေ့က ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ ၁၀ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အထက်ပါဌာနမှ TMO မြို့နယ်ဆရာဝန် ဒေါက်တာမင်းညွန့်ဝင်း က ပြောသည်။ “စက်ရုံကို အဖွဲ့လိုက်ရောက်လာ ကတည်းက ကျူထားတယ်။ အခုလည်း ကျူထားဆဲပါ။ သူတို့ကိုအလုပ်ပေး မလုပ်သေးပါဘူး။ လောလောဆယ် လောင်းလုံးဆေးရုံကို သယ်နေတုန်းပါ” ဟု ဒေါက်တာမင်းညွန့်ဝင်းက ဆိုသည်။ လက်ရှိတွင် ပိုးတွေ့လူနာများကို လောင်းလုံးမြို့နယ်ပြည်သူ့ဆေးရုံသို့ သယ်ယူနေပြီး လူနာများအားလုံး ကျန်းမာရေးအခြေအနေကောင်းသည်ဟု ဒေါက်တာမင်းညွန့်ဝင်းက ဆိုသည်။ […]