BREAKING
November 18, 2025

သတင်း

တနင်္သာရီတွင် တပ်ချိန်းပြီးပြန်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ် တိုက်ခိုက်

Dawei Watch

June 24, 2025

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာမှ တပ်ချိန်းပြီး တနင်္သာမြို့သို့ပြန်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်က တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။ ဇွန် ၂၃ရက် နံနက်စောစောတွင် သိန်ခွန်းရွာမှ တပ်ချိန်းပြီးပြန်လာသည့် ကားလေးစီးပါ စစ်ကောင်စီကားတန်းကို သမုတ်ချုံးရွာတွင် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ပြန်ဆင်းလာတဲ့ ကားလေးစီးနဲ့ ဖြစ်ကြတယ်။ လူနာတွေလည်းပါတယ်။ လမ်းကင်းတွေလည်း ဖြစ်ကြတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ စစ်ကောင်စီတပ်က ဇွန်လ ၂၁ရက်တွင် သိန်ခွန်းရွာသို့ ရိက္ခာနှင့် စစ်ကူကားများ တက်သွားပြီး တပ်ချိန်းကာ ပြန်လာစဉ် လူနာများကိုလည်း သယ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းကို ပြန်စိုးမိုးရန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည်မှာ ၆ လ ကျော် လာပြီဖြစ်သော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းရွာတွင်ပင် […]

ရော့ထန်နဲ့ တာကေးရုတို့ အပြန်အလှန် စိန်ခေါ်ကြပြီ

Dawei Watch

June 24, 2025

ရော့ထန်နဲ့ တာကေးရု တို့ဟာ ဒီနေ့ပဲ စိန်ခေါ်စကားတွေ အပြန်အလှန်ပြောခဲ့ကြပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ရောက်ရင် ဂျပန်နိုင်ငံမှာ ONE 173 ပြိုင်ပွဲကြီးကို ONE Championship က ကျင်းပတော့မှာပါ။ ဒီပြိုင်ပွဲကြီးမှာ ရုရုနဲ့ မာလီခင် တို့ကို စိတ်မကျေပွဲ တည်ပေးထားပြီး စူပါဘွန်းနဲ့ နွိုင်ရီ တို့ရဲ့ ပေါင်းစည်းခါးပတ်လုပွဲကြီးလို့ ပါဝင်နေပါပြီ။ ဒါဟာ သိပ်ကိုလှပတဲ့အခင်းအကျင်းပါပဲ။ နောက်ထပ်ပွဲစဉ်တွေကို ONE ဘက်က ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် ONE ဘက်က ဂျပန်မှာကျင်းပမယ့်ပြိုင်ပွဲကို ဂျပန်ပရိသ၊တ်တွေ စိတ်ဝင်စားမှုမြင့်တက်အောင် ဂျပန်ဖိုက်တာတွေ အတော်များများ ထည့်သွင်းပြီး ပွဲဆိုင်းတွေ စီစဉ်မယ့်သဘောရှိနေပါတယ်။ ရော့ထန်နဲ့ တာကေးရု တို့ကို စိတ်မကျေပွဲ ပြန်တည်ပေးရင် ကောင်းမယ်လို့ ပရိသ၊တ်တွေက တောင်းဆိုနေချိန်မှာပဲ ရော့ထန်နဲ့ တာကေးရုတို့ကိုယ်တိုင်က […]

အမေရိကန်ဗီဇာလျှောက်သူများ မိမိဆိုရှယ်မီဒီယာအကောင့်ကို public ဖွင့်ထားရမည်

Dawei Watch

June 23, 2025

ထိုင်းနိုင်ငံမှတစ်ဆင့် အမေရိကန်ပြည်ဝင်ခွင့် ဗီဇာအမျိုးအစားသုံးခုကို လျှောက်ထားသူအားလုံးအတွက် စည်းကမ်းချက်အသစ်တစ်ရပ်ကို ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးက ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ယင်းထုတ်ပြန်ချက်သစ်အရ သတ်မှတ်ထားသည့် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားသုံးခုကို လျှောက်ထားသူအားလုံးသည် ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်များကို လူတိုင်း ကြည့်ရှုနိုင်ရန် ဖွင့်ထားရမည် ဖြစ်သည်။ “ဗီဇာလျှောက်ထားသူများ မည်သူမည်ဝါဖြစ်ကြောင်း သိစေရန် ၊ ဥပဒေအရ အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့်ပေးနိုင်ခြင်းရှိမရှိ စစ်ဆေးစောင့်ကြည့်မှု ပြုလုပ်နိုင်ရန် အမေရိကန်နိုင်ငံသို့ F ဗီဇာ ၊ M ဗီဇာ ၊ J ဗီဇာ လျှောက်ထားသူအားလုံးသည် မိမိ၏ ဆိုရှယ်မီဒီယာအကောင့်များ၏ ပုဂ္ဂလိကလုံခြုံမှုအပြင်အဆင်များကို အများပြည်သူ ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးထားရမည်” ဟု ဘန်ကောက်မြို့ ၊ အမေရိကန်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေးသားဖော်ပြထားသည်။F ဗီဇာသည် […]

အလုပ်သမားဝန်ကြီး နုတ်ထွက်ထားသဖြင့် ဘန်ကောက်တွင် တစ်ရက်လုပ်ခ ဘတ် ၄၀၀ ရရန် မသေချာ

Dawei Watch

June 23, 2025

လာမည့် ဇူလိုင်လ ၁ ရက်မှစ၍ ဘန်ကောက်တွင် တစ်ရက်လုပ်အားခ ဘတ် ၄၀၀ သို့ တိုးမြှင့်ရေးမှာ ထိုင်းအလုပ်သမား ဝန်ကြီး ရာထူးက နုတ်ထွက်ထားသဖြင့် မရေရာ မသေချာဖြစ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၁ ရက်မှစ၍ ဘန်ကောက်တွင် လုပ်ကိုင်နေသော အလုပ်သမားအားလုံးကို တစ်ရက် အခြေခံလုပ်အားခ ဘတ် ၄၀၀ သို့ တိုးမြှင့်သတ်မှတ်ပေးရန် ဇွန်လ ၁၇ ရက်တွင် လုပ်အားခတိုးမြင့်ရေးကော်မတီက အတည်ပြုခဲ့သည်။ လက်ရှိတွင် အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့ထဲက ဒုတိယအကြီးဆုံးပါတီဖြစ်သော Bhumjaithai ပါတီသည် ညွန့်ပေါင်းအဖွဲ့က ဇွန်လ ၁၉ ရက်တွင် ခွဲထွက်သွားခဲ့ပြီး ပါတီက တာဝန်ယူထားသော ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ဒုဝန်ကြီးနေရာအားလုံးကိုလည်း ရာထူးက နုတ်ထွက်ခဲ့သည်။ နုတ်ထွက်ထားသော နေရာများတွင် အလုပ်သမားဝန်ကြီး […]

ကန်ချနဘူရီတွင် အလုံပိတ်ကားဖြင့် တရားမဝင် ဝင်လာသော မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

June 23, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် အလုံပိတ်ကားဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၄၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကန်ချနဘူရီခရိုင် ထိုးဖားဖမ်းဒေသထဲသို့ အမြန်လမ်းမကြီးအတိုင်း နိုင်ငံခြားသားများ ကားဖြင့် တရားမဝင် ဝင်လာ နေကြောင်း သတင်းပေးတိုင်ကြားချက်ရရှိခဲ့သဖြင့် နယ်မြေခံအုပ်ချုပ်ရေးမှူးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ယနေ့ ဇွန်လ ၂၃ ရက် နံနက် ၄ နာရီခန့်တွင် မသင်္ကာဖွယ်ရာ ကားတစ်စီးမောင်းနှင်လာသည်ကို တွေ့ရှိခဲ့သဖြင့် အာဏာပိုင်များက ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ဆိုသည်။ သို့သော်လည်း ကားက အစစ်အဆေးမခံဘဲ လမ်းကြားထဲသို့ မောင်းနှင်ထွက်ပြေးခဲ့စဉ် လမ်းပိတ်နေပြီး ဆက်မောင်း၍ မရတော့သဖြင့် ဖမ်းမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၈ […]

မဲဆောက်ရှိ အခန်းတွဲနေသူများကို စစ်ဆေးဖမ်းဆီးနေသဖြင့် မြန်မာများ နေထိုင်ရေးအခက်တွေ့

Dawei Watch

June 23, 2025

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အခန်းတွဲများအတွင်း အထောက်အထားမရှိသူများ၊ ပန်းရောင်ဘတ်တွင်ပါသော လိပ်စာနှင့် မကိုက်ညီသူများကို ဆက်တိုက်ဖမ်းဆီးလာကြောင်း မဲဆောက်နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။ ဇွန်လဆန်းမှစ၍ လျှပ်စစ်စက်ဘီး e-bike နှင့် သုံးဘီးဆိုင်ကယ်များဖမ်းပြီးနောက်ပိုင်း အခန်းတွဲများတွင် အထောက်ထား မပြည့်စုံသူများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းတို့က ဆိုသည်။ နေထိုင်၊ အလုပ်လုပ်ခွင့် အထောက်အထားမရှိသော မြန်မာအများစုနေထိုင်သည့် လိုင်းခန်းတွဲများ၊ စျေးဆိုင်များနှင့် လုံးချင်း အိမ်ငှားသည့် နေရာများကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ရှာဖွေဖမ်းဆီးနေကြောင်း လိုင်းခန်းနေ မြန်မာတစ်ဦးက ပြောဆိုသည်။ ရွှေ့ပြောင်းကျောင်းသူတစ်ဦးကမူ “အထောက်အထားမရှိလို့ တခြားပြောင်းနေရမယ်” ဟု လတ်တလော ၎င်းကြုံတွေ့နေရသည့် အခြေအနေကို ပြောသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့သည် တရားဝင်နေထိုင်ခွင့်အထောက်အထား မရှိကြသူများရှိသလို အချို့ကလည်း နေထိုင်အလုပ်လုပ်ခွင့်ကတ် (ပန်း‌ရောင်ဘတ်) တွင် ဖော်ပြထားသည့် လိပ်စာနှင့် အမှန်တကယ်နေထိုင်သည့်နေရာ မကိုက်ညီပါကလည်း […]

အစိုးရအဖွဲ့ဝင်ပါတီအားလုံး၏ ထောက်ခံမှုကိုရထားကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

Dawei Watch

June 23, 2025

အစိုးရအဖွဲ့ဝင် ပါတီအားလုံးက သူမအား ထောက်ခံမည်ဟု ကတိပြုခဲ့ကြောင်း ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခံနေရသည့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ထရာက ဇွန်လ ၂၂ ရက်က ပြောကြားလိုက်သည်။ ၎င်းအနေဖြင့် နိုင်ငံရေးတည်ငြိမ်မှုနှင့် နိုင်ငံ့လုံခြုံရေးပြဿနာများကို ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေထုန်တန်က ဆိုသည်။ “တိုင်းပြည်ဟာ ရှေ့ဆက်သွားနေရမယ်။ ထိုင်းနိုင်ငံဟာ စည်းလုံးနေရမယ်။ ပြည်သူလူထုအတွက် ပြဿနာတွေကို ဖြေရှင်းပေးဖို့ မူဝါဒတွေ ချမှတ်အကောင်အထည်ဖော်နေရမယ်” ဟု ပေထုန်တန်က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ အစိုးရအဖွဲ့မှ နုတ်ထွက်သွားဖွယ်ရှိသည်ဟု ထင်ကြေးပေးခံနေရသည့် United Thai Nation ပါတီအပါအဝင် အစိုးရအဖွဲ့ဝင်ပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်တွင် ၎င်းက ယင်းသို့ ရေးသားခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီအချိန်အထိ United Thai Nation Party သည် ပေထုန်တန် ဝန်ကြီးချုပ်ရာထူးမှ […]

နိုဘယ်ဆုပေးရန် ထောက်ခံပြီး တစ်ရက်အကြာ ပါကစ္စတန်က ထရမ့်ကို ရှုတ်ချ

Dawei Watch

June 23, 2025

အီရန်ရှိ အဏုမြူစီမံကိန်းတည်နေရာများအား ထရမ့်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ပါကစ္စတန်က ဇွန်လ ၂၂ ရက်က ရှုတ်ချလိုက်သည်။ အိန္ဒိယ-ပါကစ္စတန် ၄ ရက်ကြာ ပဋိပက္ခတွင် ကြားဝင်ဖျန်ဖြေပေးမှုကြောင့် ထရမ့်အား ငြိမ်းချမ်းရေးနိုဘယ်ဆုပေးရန် အဆိုပြုသွားမည်ဟု ပါကစ္စတန်အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက်တစ်ရက်အကြာတွင် ယင်းသို့ ရှုတ်ချလိုက်ခြင်း ဖြစ်သည်။ အီရန်ရှိ အဏုမြူစီမံကိန်းများကို ဗုံးကြဲတိုက်ခိုက်ရန် ထရမ့်၏ ဆုံးဖြတ်ချက်မှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း ပါကစ္စတန်အစိုးရက တနင်္ဂနွေနေ့က ပြောသည်။ လက်ရှိ အစ္စရေး – အီရန်စစ်ပွဲကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ သံတမန်ရေးနည်းလမ်းသာ ဖြစ်ကြောင်းလည်း ဆိုသည်။ “အီရန်အပေါ် လက်ရှိကျူးကျော်တိုက်ခိုက်မှုကြောင့် တင်းမာမှုနဲ့ အကြမ်းဖက်မှုတွေ မကြုံစဖူး မြင့်တက်လာတာဟာ အင်မတန် စိုးရိမ်စရာကောင်းပါတယ်။ တင်းမာမှုတွေ အရှိန်မြှင့်တက်လာမှုဟာ ဒေသတွင်းနဲ့ ဒေသတွင်းကို […]