ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရနောင်းရောက် မြန်မာများ ဆန္ဒပြပြီးနောက် မြန်မာသို့ ပြန်ပို့

diz_admin

February 4, 2021

ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေးရုံးတွင် နှစ်ဝက်ကျော်အကြာ ထိန်းသိမ်းခံနေရသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတို့ နေရပ်ပြန် ပို့ရန် ဆန္ဒပြပြီးနောက် ဇန်နဝါရီ ၂၈ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်သည်။ အထိန်းသိမ်းခံ မြန်မာတို့ ဇန်နဝါရီလ ၂၅ ရက်နေ့က အချုပ်တံခါးအား ကန်ဖွင့်ပြီး နေရပ်သို့ အမြန်ဆုံးပြန်ပို့ ပေးရန် ‌ဆန္ဒပြ တောင်းဆိုခဲ့ကြပြီးဖြစ်သည်။ ယင်းနောက် မြန်မာသံရုံးတာဝန် ရှိသူတို့ လာရောက်ဖြေရှင်းခဲ့ပြီး ဇန်နဝါရီ လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ လုပ်သား ၁၅၀ ကျော်အား ကော့သောင်း နယ်စပ်သို့ ပြန်လည်‌ပို့ဆောင်ပေးနေကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။ ]]အားလုံး အောက်ဆင်းလာပြီ။ ဖုန်းပေးသူကပေးနေတယ်။ ယူတဲ့သူက ယူနေကြတယ်}}ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားဖြစ်သူ မြိတ်ခရိုင် တနင်္သာရီ […]

ထားဝယ်ခရိုင်ရှိ ရေလုပ်သားများကို ပုစွန်ဖမ်းပိုက် နှစ်ရာကျော်ထောက်ပံ့

diz_admin

February 4, 2021

ထားဝယ်ခရိုင်အတွင်းရှိ ရေလုပ်သား ၂၆၁ ဦးအား ငွေကျပ်သုံးသောင်း တစ်ထောင်တန်ဖိုးရှိ ပုစွန်ဖမ်းပိုက် တစ်ဖုံစီအား သဘာဝဓာတ်ငွေ့ကုမ္ပဏီ တစ်ခုဖြစ်သော PTTEP ကုမ္ပဏီက ထောက်ပံ့ကြောင်း ထားဝယ်ခရိုင် ငါး လုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ယင်းကုမ္ပဏီ၏ ပင်လယ်ရေအောက်ဖြတ် ပိုက်လိုင်းကြောင့် ဒေသခံ ငါးဖမ်းပိုက်များ ဆုံးရှုံးရကြောင်း တိုင်ကြားမှုများ ပြီးခဲ့သည့်နှစ်ပိုင်းက ရှိခဲ့ပြီးနောက် ထိုသို့ လှူဒါန်းလာခြင်း ဖြစ်သည်။ ရေဖြူမြို့နယ်တွင် ၁၀၁ ခု၊ လောင်းလုံးမြို့နယ်တွင် ၈၉ ခု၊ သရက် ချောင်းမြို့နယ်တွင် ၆၀ ခု ဇန်နဝါရီလ အတွင်းက အသီးသီး ထောက်ပံ့ပေးခဲ့ ခြင်းဖြစ်သည်။ ကိုဗစ်ကာလအတွင်း ကမ်းနီးရေလုပ်သားများ အခက်အခဲဖြစ်နေသည်ကို တစ်ဘက်တစ်လမ်းက ကူညီသည့်အနေဖြင့် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း PTTEP ကုမ္ပဏီမှ […]

ထားဝယ်တက္ကသိုလ်တွင် လမ်းမီးတိုင်များစိုက်ရန် ကျပ် ၆၄ သန်းသုံးမည်

diz_admin

February 4, 2021

ထားဝယ်တက္ကသိုလ်ကျောင်းဝင်းအတွင်း လမ်းမီးတိုင်များစိုက်ရန် ကျပ် ၆၄ သန်းသုံးမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ ဒုပါမောက္ခချုပ် ဒေါက်တာ ချိုချိုမြင့် က ပြောသည်။ တက္ကသိုလ်ကျောင်းဝင်း ဂိတ်ဝမှ ကံ့ကော်အဝိုင်းပတ်အနီးအထိ လမ်းအလယ်ကျွန်းတွင် ဓာတ်မီးတိုင် ၄၀ ကို စိုက်ထူမည်ဖြစ်ကြောင်း ဒေါက်တာ ချိုချိုမြင့်က ပြောသည်။ လမ်းမီးတိုင်များမစိုက်မီ တက္ကသိုလ် လမ်းအလယ်ကျွန်းရှိ ကံ့ကော်ပင်များကို အလှသွင်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ လမ်းဘေးတစ်ဖက်တစ်လျှောက်ရှိ လမ်းမီးတိုင်များမှာ အလင်းအားနည်းခြင်း၊ မီးကျွမ်းခြင်းကြောင့် မှောင်ရိပ်ကျနေသဖြင့် ကျောင်းသူ၊ ကျောင်းသားများ မှောင်ရိပ်ခိုကာ မူးယစ်ဆေးဝါးသုံးစွဲမည်စိုးသဖြင့် လမ်းအလယ်တွင် ဓာတ်မီးတိုင်များ ထပ်စိုက်ခြင်းဖြစ်သည်ဟု ဒေါ်ချိုချိုမြင့်က ဆိုသည်။

မောင်းမကန်လမ်းပိုင်းတွင် နိုင်လွန်ကတ္တရာခင်းမည်

diz_admin

February 4, 2021

မောင်းမကန်သို့ သွားသည့်လမ်း တွင် လမ်းပိုင်းနေရာအချို့၌ နိုင်လွန်ကတ္တရာ AC ခင်းမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် လမ်းဦးစီးဌာနထံမှ သိရသည်။ အကြမ်းအားဖြင့် ထားဝယ်တက္ကသိုလ် ရှေ့မှ ကမြောကင်းအထက်တန်းကျောင်း အနီးထိ နှစ်ကီလိုမီတာခန့်ကို ခင်းမည်ဖြစ်ကြောင်း အထက်ပါဌာန ထံမှ သိရသည်။ ထိုလမ်းပိုင်းအား AC ခင်းရန် ငွေကျပ် ၆၉၆ သန်းဝန်းကျင် သုံးစွဲမည်ဖြစ်ပြီး လက်ရှိတွင် ကုန်းအတက်/ အဆင်း နေရာများကို မြေညှိထားပြီးဖြစ်သည်။ ထိုကဲ့သို့ မြေညှိထားသည့်နေရာများတွင် ရေမြောင်းကိုပါ လုပ်ဆောင်နိုင်ရန် လျာထားကြောင်း မြို့နယ်လမ်းဦးစီး ဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ဆိုသည်။ “ကုန်းဖြစ်ပြီး ကျန်ခဲ့တဲ့တချို့ နေရာတွေမှာ အုတ်ရိုးစီရေမြောင်းလုပ်ပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီး ဘတ်ဂျက်လျာထားတယ်” ဟု ၎င်းက ပြောသည်။ ယင်းနေရာတစ်ဝိုက်တွင် မြေသယ်ကားများ […]

တနင်္သာရီတိုင်းအတွင်း သတ္တုလုပ်ကွက် ခုနစ်ဆယ်နီးပါးချပေး

diz_admin

February 4, 2021

တနင်္သာရီတိုင်းအတွင်း အသေးစား၊ လက်လုပ်လက်စား၊ အလတ်စား၊ အကြီးစား သတ္တုလုပ်ကွက်စုစုပေါင်း ခုနစ်ဆယ်နီးပါးကို ထုတ်ပေးထားကြောင်း တိုင်းသတ္တုတွင်းဦးစီးဌာန၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ စာရင်းအရ သိရသည်။ အကြီးစားတူးဖော်ခွင့် ၁၈ ကွက်၊ အလတ်စားတူးဖော်ခွင့် ၉ ကွက်၊ အသေး စားဓာတ်သတ္တုစမ်းသပ်တိုင်းတာခွင့် ၄၀ ကွက်၊ လက်လုပ်လက်စား နှစ်ကွက် စုစုပေါင်း ၆၉ ကွက်ကို ခွင့်ပြုပေးထား ခြင်းဖြစ်ကြောင်း အထက်ပါဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးသာမြတ်ကျော်က ပြောသည်။ အသေးစားနှင့် လက်လုပ်လက်စားကို တိုင်းအစိုးရမှ ခွင့်ပြုချက်ထုတ်ပေးပြီး အလတ်စားနှင့် အကြီးစားကို ပြည်ထောင် စုအဆင့် အစိုးရအဖွဲ့မှ ထုတ်ပေးခြင်း ဖြစ်သည်။ လက်လုပ်လက်စားအတွက် လျှောက်ထားသည်မှာ ၆၈ ကွက်ရှိသည်။ ယင်းတို့အနက် ၄၉ ကွက်ကို ပယ်ဖျက်ထားပြီး […]

မြေယာပြဿနာတိုင်ကြားစာ ခုနစ်လအတွင်း လေးစောင်သာ စစ်နိုင်

diz_admin

February 4, 2021

တနင်္သာရီတိုင်းလွှတ်တော် မြေယာ အငြင်းပွားမှုစောင့်ကြည့်လေ့လာ သုံးသပ်ရေးအဖွဲ့ထံ ခုနစ်လအတွင်း တိုင်ကြားစာ အစောင် ခြောက်ဆယ် လက်ခံရရှိခဲ့သော်လည်း လေးစောင်ကိုသာ စစ်ဆေးနိုင်ခဲ့သဖြင့် ဆောင်ရွက်မှုအား နည်းခဲ့ကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဦးတိုးလွင်က ပြောကြားသည်။ ဇန်နဝါရီလ ၂၁ ရက်က ပြုလုပ်သော တိုင်းလွှတ်တော်ပုံမှန် အစည်းအဝေးတွင် တင်သွင်းသည့် ယင်းကော် မတီအစီရင်ခံစာကို ဖတ်ကြားစဉ်ပြော ကြားခဲ့ခြင်းဖြစ်သည်။ တိုင်းလွှတ်တော် မြေယာအငြင်းပွားမှု စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ကို ၂၀၁၉ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့ စည်းခဲ့သည်။ စတင်ဖွဲ့စည်းချိန်မှ လက်ရှိ အချိန်အထိ ခုနစ်လအတွင်း တိုင်ကြားစာ အစောင်ခြောက်ဆယ်ကို လက်ခံရရှိခဲ့ ခြင်းဖြစ်သည်။ ယင်းတို့အနက် မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု လွတ်လွတ်ပုစွန်ကန်အတွက် သိမ်းဆည်းမြေပြဿနာ၊ လောင်းလုံးမြို့နယ် ကျောက်တွင်းကျေးရွာ အုပ်စု ဝဲမကိုက်ကျေးရွာ မြေလွတ်၊ မြေလပ်၊ […]

တိုင်းတွင်း မူးယစ်ဆေး ကျပ်သိန်းပေါင်း ရှစ်သောင်းကျော်ပိုဖမ်း

diz_admin

February 4, 2021

တနင်္သာရီတိုင်းတွင် ၂၀၂၀ ပြည့် နှစ်အတွင်း မူးယစ်ဆေးဖမ်းဆီးရမိမှု တန်ဖိုးမှာ ယခင်နှစ်ထက် ငွေကျပ်သိန်းပေါင်း ရှစ်သောင်းကျော်ပိုလာကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ ၂၀၁၉ ခုနှစ်က ကျပ်သိန်းပေါင်း တစ်သိန်းတစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းဆီးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင်မူ ကျပ်သိန်းပေါင်း နှစ်သိန်းကျော်ဖိုး ဖမ်းမိခဲ့ကြောင်း တိုင်း ရဲတပ်ဖွဲ့၏ စာရင်းအရ သိရသည်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပါက အနည်းအကျဉ်းမှအစ လုံးဝအလွတ်မပေး ဘဲ ဖမ်းဆီးနေကြောင်း ဒုတိုင်းရဲတပ်ဖွဲ့ မှူးက ဆိုသည်။ “ပင်ရင်းကို မဖမ်းဘူးလားဆိုတော့ ပင်ရင်းလည်း ဖမ်းတာပေါ့။ ရရင်ဖမ်း တာပေါ့” ဟု ၎င်းက ပြောသည်။ တနင်္သာရီတိုင်းမှာ WY စိတ်ကြွ ဆေးပြားပါအဝင် မူးယစ်ဆေးထုတ်လုပ်သည့် ဒေသမဟုတ်သည့်အတွက် အလုံးအရင်းဖမ်းမိမှု နည်းပါးနေခြင်းဖြစ်ကြောင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးက […]

လေကြောင်းဖြင့်ပို့ခြင်းကြောင့် စာတိုက်ပစ္စည်း ပို့ခဈေးတက်

diz_admin

February 4, 2021

စာတိုက်ပစ္စည်းများကို လေကြောင်းဖြင့် ပို့ဆောင်နေခြင်းကြောင့် ပို့ခဈေး တက်လာခြင်းဖြစ်သည်ဟု မြန်မာ့ စာတိုက်လုပ်ငန်းမှ တိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မြင့်ထွန်းက ပြောသည်။ စာတိုက်ပစ္စည်းများ၏ လုံခြုံမှုနှင့် အမြန်ရောက်ရှိနိုင်မှုအတွက် လေကြောင်း လိုင်းဖြင့် ပို့ဆောင်ရန် မြန်မာ့စာတိုက် လုပ်ငန်းဗဟိုက ညွှန်ကြားထားသဖြင့် လေယာဉ် ပြန်လည်ပြေးဆွဲသည့် ဒီဇင်ဘာ ၁၈ ရက် ကတည်းက စမ်းသပ် ပို့ဆောင်နေသည်ဟု ဦးအောင်မြင့်ထွန်း က ပြောသည်။ စာတိုက်ပစ္စည်းများပို့ရန် စာချုပ် ချုပ်ဆိုထားသည့် ကားမှာ ကိုဗစ်ကြောင့် ရပ်နားထားသဖြင့် အလျဉ်းသင့်သည့် ကုန်တင်ကားများဖြင့် တင်ပို့နေရပြီး ယခင်က တစ်ရက်သာကြာသည့် စာတိုက် ပစ္စည်းများမှာ ကိုဗစ်ကာလတွင် တစ်ပတ် မှ နှစ်ပတ်ခန့်အထိ ကြာမြင့်သွားကြောင်း ၎င်းက ပြောသည်။ “ကုန်ကားနဲ့ပို့ရတာကျတော့ စာချုပ်လည်းမရှိဘူးလေ။ စာချုပ် ချုပ်မထားတဲ့အခါ […]