ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်း NLD ဥက္ကဋ္ဌကို ငြိမ်းစုစီဖြင့် အမှုဖွင့်

diz_admin

February 8, 2021

အာဏာသိမ်းမှုကို ဆန္ဒပြသော ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်နိုင်ကို ငြိမ်းစုစီ ပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့်လိုက်ကြောင်း ကာယကံရှင် ဦးသက်နိုင်က ပြောကြားသည်။ ဦးသက်နိုင် အပါအဝင် လူလေးဦးသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လယ် ၂ နာရီက ကော့သောင်း မြို့တွင် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြန်လွှတ်ပေးရန်၊ တတိယအကြိမ် လွှတ်တော် ခေါ်ယူပေးရန်နှင့် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း ဦးသက်နိုင်က ပြောဆိုသည်။ ၁၀ မိနစ်ခန့်အကြာတွင် လူများစုဝေးလာချိန် တွင် ရဲတပ်ဖွဲ့ဝင်များကို ဦးသက်နိုင် အပါအဝင် ဆန္ဒပြသူ ၆ ဦးကို ရဲစခန်းတွင် ခေါ်ယူထိန်းသိမ်းလိုက်ကြောင်း၊ ထိုနောက် ကိုယ်ရေးမှတ်တမ်းရယူကာ ငြိမ်းစုစီ […]

မြိတ်တွင် လူထောင်ချီ လမ်းလျှောက် ဆန္ဒထုတ်ဖော်

diz_admin

February 8, 2021

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နံနက် ၇ နာရီမှ ၉ နာရီအထိ လူထောင်ချီဆန္ဒထုတ်ဖော်ခဲ့သည်။ ထောင်ချီသော လူအုပ်စုကြီးသည် ဇေယျသီရိ ရပ်ကွက် ဈေးရှေ့မှ စတင်ကာ တိုးချဲ့မြို့သစ်၊ ယင်းနောက် တလိုင်းစု၊ ဆိပ်ငယ်၊ ထားဝယ်စု၊ မြစ်ငယ် ရပ်ကွက်များသို့ ဖြတ်ကာ ဗိုလ်ချုပ်မြင်းစီးရုပ်အထိ ချီတက် ဆန္ဒပြခဲ့ကြသည်။ အာဏာရှင် အလိုမရှိ၊ အာဏာရှင်စနစ် ကျဆုံးပါစေ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြွေးကျော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြ လမ်းလျှောက်ချိန် နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီး နှောင့်ယှက်ဖမ်းဆီးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

အင်တာနက်ဖြတ်လိုက်သဖြင့် ပြည်သူများ အခက်အခဲဖြစ်ပေါ်

diz_admin

February 8, 2021

ဖေဖော်ဝါရီလ ၆ ရက်က အင်တာနက်လိုင်းများ ဖြတ်လိုက်သဖြင့် ပြည်သူများ အွန်လိုင်းမှ သတင်း အချက်အလက်များရရှိရန် အခက်အခဲဖြစ်ပေါ်လျှက်ရှိကြောင်း ပြောဆိုကြသည်။ ယင်းကဲ့သို့အင်တာနက်ဖြတ်တောက်လိုက်ခြင်း နိုင်ငံသားတစ်ဦး၏ သိပိုင်ခွင့်ဆိုသည့် အခြေခံ အခွင့်အရေးကို ချိုးဖောက်လိုက်ခြင်းပင်ဖြစ်ကြောင်း ထားဝယ်မြို့နေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ “(အင်တာနက်လိုင်းမရှိတော့) မျက်စိကန်း နားပင်း ဖြစ်သွားတာပေါ့။ ကိုယ့်တိုင်းပြည်မှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေ ဘာတစ်ခုမှာ မသိရတော့ဘူး” လောင်းလုံးမြို့နယ်နေ ဦးစိုးအောင် က ဆိုသည်။ သရက်ချောင်းမြို့နယ်တွင်နေထိုင်သော အမျိုးသမီးတစ်ဦးကလည်း အင်တာနက်ဖြတ် တောက်ခြင်းသည် အနိုင်ကျင့်သည့်ပုံစံဖြစ်ကြောင်း ပြောဆိုသည်။ ယင်းသို့အင်တာနက်လိုင်းဖြတ်ပြီးနောက် ည ၈ နာရီသံပုံးဆက်တီးရန်၊ နီးစပ်ရာအစိုးရဝန်ထမ်းများ အလုပ်မဆင်းရန် ရေးသားထားသည့် ဖုန်းမက်ဆေ့(စာတို) ကမ်ပိန်းတစ်ခုထွက်ပေါ်လာခဲ့သည်။ ဖုန်းမက်ဆေ့ဖြင့် ပြည်သူအချင်းချင်းသတင်း စကားများဖြန့်ဝေခဲ့ကြရပြီး ဖေဖော်ဝါရီလ […]

လူ သမုဒ္ဒရာ ဆန္ဒပြပွဲ

diz_admin

February 8, 2021

Ocean of Dawei People protesting against the coup ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး ရှေ့တွင် တွေ့မြင်ရသော သောင်းပေါင်းများစွာသော ဆန္ဒပြသူများကို Dawei Watch ရုပ်သံမှ မှတ်တမ်း တင်ထားပါသည်။

စစ်အာဏာသိမ်းပြီးနောက် ထားဝယ်တွင် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်

diz_admin

February 8, 2021

တပ်မတော်အာဏာသိမ်းပြီး ခုနှစ်ရက်မြောက် နေ့တွင် ထားဝယ်မြို့လမ်းမများပေါ်သို့ လူ ထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်လာကြသည်။ “စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး” ၊ “စစ်အာဏာရှင်စနစ်ကျဆုံးပါစေ” ၊ “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများ အမြန်ဆုံး ပြန်လွှတ်ပေးရေး” စသည့်ကြွေးကြော်သံများဟစ်ကြွေးပြီး ဆန္ဒထုတ်ဖော်လာကြသည်။ တပ်မတော်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်ခဲ့သည့် ထားဝယ်မြို့အတွင်း ဆန္ဒဖော်ထုတ်ပွဲ ပထမဆုံးရက်တွင် အင်အား ဆယ်ဂဏန်းသာရှိရာမှ သုံးရက်မြောက်နေ့တွင် ထောင်ပေါင်းများစွာအထိ များပြားလာခဲ့သည်။ ဆန္ဒပြပွဲ ပထမနေ့နှင့် ဒုတိယနေ့များတွင် လူအင်အားတစ်ရာခန့်ရှိပြီး လမ်းလျှောက်သည့် ခရီးလည်း တိုတောင်းကာ အချိန်အားဖြင့် နာရီဝက် ပင်မပြည့်ခဲ့ပေ။ တတိယနေ့ဆန္ဒပြရာတွင်မူ အင်အားထောင်ပေါင်းများစွာပါဝင်လာပြီး တစ်မြို့လုံးနီးပါး လှည့်လည် ခဲ့ကြသည်။ ရဲတပ်ဖွဲ့ကလည်း မီးတန်းကား၊ အချုပ်ကား များကလည်း ဆန္ဒပြပွဲမတိုင်မီကပင် မြို့အတွင်း ကင်းလှည့်နေသည်။ ဆန္ဒပြပွဲစတင်ချိန်တွင် လူအင်အားဆယ် ဂဏန်းမျှသာ […]

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ

diz_admin

February 8, 2021

ထားဝယ်မြို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်း မှတ်တမ်းများ ထားဝယ်မြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့တွင် စတုတ္ထနေ့ အဖြစ် ဆန္ဒပြပွဲများ ဆက်ဖြစ်နေသည်။ လူသိန်းချီအထိ ပါဝင်လာပြီး ပိုမိုအချိန်ကြာမြင့်စွာ ဆန္ဒပြလျက်ရှိသည်။ Dawei Watch

ကံစမ်းပဒေသာ ရဲ မမြင်ပါ

diz_admin

February 5, 2021

သုံးထပ်သားသစ်သားပေါ်တွင် အဝတ်မွှေးရည်မှစ၍ ထမင်းပေါင်းအိုး၊ ပန်ကာ၊ တီဗီတင်စားပွဲအထိ တန်ဖိုးရှိ ပစ္စည်းများ ချိတ်ဆွဲထားသည်။ နောက်ထပ်သစ်သားပြား တစ်ခုပေါ်တွင် မဲလိပ်များကို အစီအရီကပ်နှိပ် ထားပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများ ကို ဆွဲဆောင်နေသည်။ မဲလိပ်တစ်လိပ်လျှင် ငွေကျပ် တစ်ရာတည်းသာ သတ်မှတ်ထားသည့်အတွက် ရပ်ကွက်/ကျေးရွာ အတွင်းရှိ လက်လုပ်လက်စားများအဖို့ မက်လောက်စရာ ကံစမ်းနည်းတစ်မျိုးပင်။ ငွေတစ်ရာ ဖိုးရင်း၍ သောင်းချီတန်ဖိုးရှိသော ထမင်းပေါင်းအိုးတစ်လုံး မဲပေါက်ပါက မက်စရာ။ ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်မှ အစ ကွမ်းယာဆိုင်အဆုံး တွင်တွင်ကျယ် ကျယ်ရှိနေပြီး ထားဝယ်ဒေသတစ်ခွင် ရပ်ကွက်ကျေးရွာ အများစုတွင် ထိုကံစမ်း ပဒေသာများက လွှမ်းမိုးလာသည်။ ဆုမဲအနေဖြင့် ထမင်းပေါင်းအိုး၊ ပန်ကာ၊ တီဗီတင်စားပွဲမှအစ အဝတ်မွှေးဆပ်ပြာရည်အထိ ဆုမဲပေါင်း ၃၀ ဝန်းကျင်အထိ ထည့်သွင်းထားသည်။ အဆိုပါ ကံစမ်းပဒေသာတစ်စုံလျှင် […]

၀န်ထမ်း ၄၀ဝ၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေး စထိုးပေး

diz_admin

February 4, 2021

မွန်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းပေါင်း ၄၀ဝ၀ ကျော်ကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကိုဗစ် ကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်သည်။ ကိုဗစ်ကာကွယ်ဆေးများ မြန်မာ နိုင်ငံသို့ ဇန်နဝါရီ ၂၂ ရက်နေ့က ရောက် ရှိလာခဲ့ပြီး အစိုးရက တိုင်းနှင့် ပြည် နယ်များသို့ ဖြန့်ဝေပေးခဲ့ရာ ပထမဦးစား ပေးအနေနှင့် ကျန်းမာရေးဝန်ထမ်းများကို ဇန်နဝါရီ ၂၇ ရက်နေ့တွင် စတင်ထိုးနှံ ပေးခြင်း ဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးပေးနေသည့် အခြေအနေသာ သိရှိထားပြီး မွန်ပြည်နယ်အတွက် ကိုဗစ်ကာကွယ်ဆေး ခွဲတမ်းမည်မျှရမည်ကို မသိသေးကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး (စီမံ၊ ဘဏ္ဍာ) ဒေါက်တာဝတ်မှုံက ပြောသည်။ “ဆေးရရှိတဲ့အပေါ် မူတည်ပြီးတော့ ဦးစားပေး အုပ်စုအလိုက် တက်သွားမှာပေါ့။ အဲဒီလိုမျိုးလေးတော့ […]