ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် လူနာပြည့်

diz_admin

February 19, 2021

CDM ကြောင့် အစိုးရဆေးရုံတွင် ဆရာဝန်၊ သူနာပြု ဆရာ၊ ဆရာမ၊ ကျန်းမာရေးဝန်ထမ်းအင်အား လျော့နည်း သွားခြင်း၊ ရုံးမတက်ခြင်းများ ရှိသဖြင့် ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် လူနာများ ပြည့်လာသည်ဟု ထားဝယ်ရှိ ပြင်ပ ဆေးရုံ၊ ဆေးခန်းအချို့ထံမှ သိရသည်။ ယခင်က ဆေးခန်းလာပြသူလူနာ မနက်၊ ညနေနှစ်ကြိမ်တွင် လူနာ သုံးဆယ်ခန့်ရှိသော်လည်း ယခုအခါ နှစ်ဆမှ သုံးဆခန့်အထိ ဖြစ်လာသည်ဟု ထားဝယ်မြို့၊ ချမ်းမြေ့ဆေးရုံ ဦးဆောင်သူ ဒေါက်တာယုဝါက ပြောသည်။ “အခက်အခဲတော့ မရှိဘူး။ ဝန်ထမ်း တွေတော့ ပျာယာခတ်နေတာပဲ။ ညဆိုလည်း တစ်နာရီမှ အိပ်ရတယ်။ Breakfast ဆိုလည်း မနက်စာက နေ့လယ်စာဖြစ် သွားတယ်။ နေ့လယ်စာလည်း ညစာ ဖြစ်သွားတယ်” ဒေါက်တာယုဝါက ဆို သည်။ […]

စစ်အစိုးရ၏ ကမ်းလှမ်းမှု လက်ခံသည့်အပေါ် မွန်ပါတီတွင်း သဘောထားကွဲ

diz_admin

February 19, 2021

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်ရန် အာဏာသိမ်း စစ်အစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံလိုက်သည့်အပေါ် မွန်ညီညွတ်ရေးပါတီအတွင်း သဘောထားကွဲလွဲမှု ဖြစ်ပေါ်နေသည်ဟု သိရသည်။ မွန်ညီညွတ်ရေးပါတီအနေနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်ရန် ကမ်းလှမ်းခံရသည့်အပေါ် ဖေဖော်ဝါရီ ၆ ရက်နေ့က ပါတီဗဟို အလုပ်အမှုဆောင် အရေးပေါ်အစည်း အဝေးခေါ်ယူပြီး ကမ်းလှမ်းမှုကို လက်ခံရန် ဆုံးဖြတ်ခဲ့သည်။ ပါတီဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်သည် ပါတီခေါင်းဆောင် အားလုံး၏ အများစု သဘောထားသာဖြစ်သည်ဟု ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ “သဘောထားကွဲလွဲမှု တော်တော် ဖြစ်ကြတယ်။ အကြိတ်အနယ် ဆွေးနွေး ကြတယ်။ ကျွန်တော်တို့ကတော့ လက်မခံ သင့်ဘူးဆိုတဲ့ဘက်က ပါတာပေါ့နော်။ ဒါက CEC အများစုက သဘောထားဆန္ဒ နဲ့ ဆုံးဖြတ်ခဲ့လို့ ပြောရမယ်။ CEC အားလုံးရဲ့ သဘောထားဆန္ဒလို့တော့ […]

မွန် ဝန်ကြီးချုပ် ပြန်လည်ဖမ်းဆီး ခံရ

diz_admin

February 19, 2021

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ညက တပ်မတော်က ပြန်လည်ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရသည်။ တပ်မတော်က အာဏာသိမ်းယူ သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပါအဝင် မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးအများစုတို့က တပ် မတော်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအားလုံး ပြန်လွှတ်ပေးခဲ့ပြီး ပြည်နယ်အစိုးရဝန်ကြီးအိမ်ရာတွင် အကျယ်ချုပ်ထားရှိထားရာမှ ဝန်ကြီးချုပ် ကို ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်သည်။ “ဝန်ကြီးချုပ်ကို မနေ့ညက ပြန် ခေါ်သွားပါတယ်။ ဘယ်ကိုခေါ်သွားလဲတော့ မသိသေးဘူး။ ဘာမှလည်း သတင်းမရသေးဘူး” ဟု နီးစပ်သူတစ်ဦး က ပြောသည်။ ဝန်ကြီးများကိုမူ အစိုးရအိမ်ရာဝင်း အတွင်းတွင်ပင် အကျယ်ချုပ်ထားထားပြီး လုံခြုံရေး တင်းကျပ်ထားသည်ဟု ဝန်ကြီး […]

မြိတ်မြို့ရှိ ရွှေဆိုင် ထက်ဝက်ကျော် ရပ်နား

diz_admin

February 18, 2021

မြိတ်မြို့ပေါ်ရှိ ရွှေအရောင်းဆိုင်ထက်ဝက်ကျော်ခန့်မှာ ပြီးခဲ့သည့် ရက်ပိုင်းခန့်မှစပြီး ရပ်နားထားကြောင်း ယင်းရွှေအရောင်းဆိုင် အသိုင်းအဝိုင်း ထံမှ သိရသည်။‌ မြန်မာပြည်တွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစပြီး တပ်အာဏာသိမ်းပြီးနောက် နေရာအနှံ့ ဆန္ဒထုတ်ဖော် လျက်ရှိရာ မြိတ်မြို့တွင် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ခြောက်ရက် ဆက်တိုက် ဆန္ဒထုတ်ဖော်နေကြသည်။ ယင်းကဲ့သို့ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိခြင်းကြောင့် ရွှေအရောင်း ဆိုင်တို့ ရပ်နားထားရခြင်းဖြစ်ကြောင်း မြိတ်ဆိပ်ငယ်ဈေးကြီးရှိ ရွှေအရောင်း ဆိုင်အချို့မှ သိရသည်။ “ရောင်းတဲ့ဆိုင်တွေတောင် နေ့တစ် ဝက်လောက်ပဲ ဖွင့်ကြတာ” ဟု ဆိပ်ငယ် ဈေးကြီး အပြင်ဘက်ရှိ လက်ဝတ်ရတနာ အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ ထို့ပြင် ဆိုင်ဖွင့်ထားသော်လည်း ဘဏ်များဖွင့်လှစ်ခြင်းမရှိသည့်အတွက် အရောင်းအဝယ်နည်းပါးကြောင်း မြို့သစ်ဈေးရှိ ရွှေဆိုင်ရှင်တစ်ဦးက ပြောပြာသည်။ နိုင်ငံရေးအခြေအနေအပြောင်းအလဲကြောင့် ငွေစက္ကူတစ်သောင်းကျပ်နှင့် ငါးထောင်ကျပ်တန်တို့ […]

မြိတ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြသူများနှင့် အတူ ရပ်တည်ခဲ့သည့် ရဲတပ်သား အရေးယူခံရ

diz_admin

February 18, 2021

စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒပြသည့် မြိတ်ပြည်သူများနှင့်အတူ ရပ်တည်ခဲ့သည့် ရဲတပ်သားတစ်ဦးအား အရေးယူထားကြောင်း သိရသည်။ အဆိုပါ ရဲတပ်သားသည် မြို့မ ရဲစခန်းမှဖြစ်ပြီး ရဲတပ်ဖွဲ့ယူနီဖောင်း ဝတ်ဆင်လျက် ကြွေးကြော်သံများ ကြွေးကြော်ရာတွင် စပီကာတင်မော်တော်ယာဉ် ပေါ်သို့ တက်ရောက်လာပြီး မိုက်ဖြင့် ဆန္ဒပြသူဘက်မှရပ်တည်သွားမည်ကို ပြောကြားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။ စစ်အာဏာက အာဏာသုံးလို့ရရင် ရပါစေ ပြည်သူဘက်က ရပ်တည်မည် ဖြစ်ကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါရဲတပ်သားအား ချုပ်နှောင်ထားပြီး အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။ မြိတ်မြို့တွင် ဖေဖေါ်ဝါရီလ ၉ ရက် မနက်ပိုင်းအချိန်က စစ်အာဏာရှင်အလို မရှိကြောင်း ချီတက် ဆန္ဒပြခဲ့ကြရာ ကျောင်းဆရာ၊ ဆရာမများ၊ ရှေ့နေများ၊ ကျန်မားရေးဝန်ထမ်း၊ ကျောင်းသားသမဂ္ဂ၊ အရပ်ဘက်အစည်းများနှင့် ပြည်သူ တစ်သိန်းကျော်ခန့် ပါဝင်ခဲ့သည်။ […]

မြိတ်တွင် ပဋ္ဌာန်းသပိတ် ကိုးရက်တိတိပြုလုပ်သွားမည်

diz_admin

February 18, 2021

မြိတ်မြို့ ဘုရားကြီးလမ်းတွင် စစ်အာဏာရှင်အလိုမရှိကြောင်းကို ပဌာန်း သပိတ်အား ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မှစပြီး ကိုးရက်တိတိပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘုရားကြီးလမ်းရှိ ဘုရား ပုထိုးများတည်ရှိရာ လမ်းတစ်ဘက်တွင် ဓမ္မစင်္ကြာဝတ်စုံတို့ဖြင့် ပဋ္ဌာန်းအကျယ် ရွတ်ဖတ်ခြင်းနှင့် မေတ္တာပို့သခြင်းတို့အား ပြုလုပ်ခဲ့ကြသည်။ စစ်အာဏာရှင် အလိုမရှိကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြ တိုက်ပွဲဝင်လျက်ရှိပြီး မြိတ်တွင် ဆန္ဒထုတ်ဖော်သည့် ငါးရက်မြောက်နေ့တွင် ပဋ္ဌာန်းသပိတ်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပဋ္ဌာန်းသပိတ်တွင် ပါဝင်ဆင်နွှဲလို သူများအနေဖြင့် လာရောက်ဆင်နွှဲနိုင်ပြီး နေ့စဉ် နံနက် ကိုးနာရီမှစတင် ရွတ်ဖတ်မည်ဖြစ်ကြောင်း ပဋ္ဌာန်းသပိတ်ဆင်နွဲ သူအချို့က ပြောပြသည်။

ရနောင်းရှိ မြန်မာအလုပ်သမား နှစ်ရာကျော် နေရပ်ပြန်ရန် ကြန့်ကြာနိုင်

diz_admin

February 17, 2021

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခု ဖြစ်သည့် ကော့သောင်းမြို့တစ်ဘက်ကမ်း ထိုင်းနိုင်ငံ ရနောင်းမြို့ လဝကရုံးတွင် ထိန်းသိမ်းခံနေရသည့် မြန်မာရွေ့ပြောင်း အလုပ်သမား နှစ်ရာကျော် နေရပ်ပြန်ရ မည့်အချိန် ကြန့်ကြာနိုင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ကော့သောင်းရုံးမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ လတ်တလော မြန်မာပြည်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေသည် နေရာအနှံ့ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြမှုများ ဆက်တိုက်ဖြစ် ပေါ်နေသည်။ “လက်ရှိအနေအထားက လာဖို့ မဖြစ်နိုင်သေးဘူး” ဟု ပညာရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်း(FED) ကော့သောင်းရုံးတာဝန်ရှိသူက ပြောသည်။ အဆိုပါ ရနောင်းလဝကရုံးတွင် အချုပ်၊ အကျဉ်းထောင်တို့မှ လွတ်မြောက်ခဲ့သည့် မြန်မာလေးရာကျော် ထိန်းသိမ်း ထားသည့်အနက် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့က တနင်္သာရီတိုင်းအတွင်း နေသူ ၁၅၀ ကျော်အား […]

အတားအဆီး အလှည့်အပတ်များနှင့် စတုတ္ထနေ့ ဆန္ဒထုတ်ဖော်မှု မြိတ်မြင်ကွင်းများ

diz_admin

February 16, 2021

မြိတ်သပိတ် ငါးရက်မြောက်နေ့- ဖေဖော်ဝါရီ ၁၁ သုံးရက်တိုင်တိုင် စစ်အစိုးရအလိုမရှိကြောင်း လမ်းပေါ်ထွက်ကာ ချီတက်ဆန္ဒပြခဲ့ကြသည့် ပြည်သူများ ဒီကနေ့တော့ ခြေကုန် လက်ပန်းကျကာ သိပ်ပြီးအင်အားမပြနိုင်ကြတော့ဟု ထင်ထားခဲ့သည်။ သို့သော် ယင်းအမြင်မှားမှန်း သပိတ်တပ်ကို မြင်မှ သိလိုက်ရသည်။ သပိတ်တပ်က ပြီးခဲ့သည့်တတိယရက်နှင့်မခြား။ လူအင်အား တောင့်တုန်း၊ တင်းတုန်း အခြေအနေတွင် ရှိနေသလို။ ကတ္တရာလမ်းပေါ်တစ်လှမ်းခြင်း တည်တည်ငြိမ်ငြိမ် ဖြတ်လျှောက်သွားသည့် ၎င်းတို့ခြေဖဝါး နုနုကြမ်းကြမ်းတွေက ယခင်နေ့များက အရှိန်အတိုင်း။ လုံးလုံးမှ လျော့ကျမသွားသေး။ မနေ့က ချီတက်ခဲ့သည့် စစ်ကြောင်းတစ်ခုနှစ်ခုက ယနေ့တွင် ဆက်မပါလာတော့။ ယင်းအစား သူတို့နေရာတွင် အားကောင်း မောင်းသန် ခြေတက်လူငယ် စစ်ကြောင်းများက အားသစ်လောင်းကာ အစားထိုးပါဝင်လာကြသည်။ မနေ့က အသက်အရွယ်ဌာန စုံသော်လည်း ဒီကနေ့တော့ နှစ်ဆယ်မှ သုံးဆယ် သန်တုန်းမြန်တုန်း […]