ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှု ဧပြီ ၇ ရက်ပြန်ချိန်း၊ ဝဲကျွန်းတွင် ဖမ်းမိအသက်မပြည့်ကလေး တရားရုံးအာမခံရ

diz_admin

April 2, 2021

ထားဝယ်သပိတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုကျော်ထွေးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားပြီး ဧပြီလ ၇ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄ လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် အဖမ်းခံရခြင်းဖြစ်သည်။ ၎င်းအမှုကို မတ်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ချောစုလှိုင်က ဆိုသည်။ ယင်းနေ့တွင် ကိုကျော်ထွေးနှင့် အွန်လိုင်းဗီဒီယိုစနစ်ဖြင့် တွေ့ဆုံခဲ့ကြောင်း ၎င်းက ပြောသည်။ကိုကျော်ထွေးအမှုကို ဧပြီလ ၇ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားသည်။ “တရားလိုလာရင် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (CMP)လုပ်မယ်” ဟု ဒေါ်ချောစုလှိုင်က ပြောသည်။ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆိုသည်မှာ အမှုများကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် […]

မွန် နေရာအချို့တို့တွင် သောက်သုံးရေ အခက်အခဲ စကြုံ

diz_admin

April 1, 2021

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် သောက်သုံးရေအခက်အခဲ စတင်ကြုံတွေ့နေရပြီဖြစ်ကြောင်း ဒေသခံနှင့် ရေပေးဝေ လှူဒါန်းနေသူအချို့တို့ ထံမှ သိရသည်။ မတ်လဆန်းပိုင်းခန့်မှစပြီး မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ပေါင်း၊ ဘီးလင်း အစရှိသည့် မြို့နယ်တို့တွင် သောက်သုံးရေ အခက်အခဲ စတင်ကြုံတွေ့လာရပြီး အချို့မှာ ရေ ဝယ်သုံးနေရသည်ဟု ဒေသခံတို့က ပြောသည်။ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အများစုကို အဓိက ရေဖြန့်ဝေပေးနေသည့် ရွှေနတ်တောင်ဆည်နှင့် ကင်းမွန်းခြုံဆည်တို့တွင် ရေများ ခမ်းခြောက်လာသည့်အတွက် ရပ်ကွက်အချို့တို့တွင် ရေစတင်ပြတ်လပ်နေသည်ဟု ရပ်ကွက်နေသူတို့က ပြောသည်။ “ရေဝယ်နေရပြန်ပြီး၊ ခါတိုင်းနှစ်လည်း ဝယ်ရတယ်။ ဒါပေမယ့် ဒီနှစ်က နဲနဲဝယ်ရတာ စောတယ်၊ ဆည်တွေမှာလည်း ရေတော်တော်ကျသွားတယ်” ဟု မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ရာသီဥတု ပူပြင်းသည့်အတွက် ဆည်ရေများအပြင် ရေတွင်း၊ […]

၀န်ကြီးချုပ်ဦးမြင့်မောင်အမှု ခြောက်လအပြီး စစ်ဆေးမည်

diz_admin

April 1, 2021

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးတရားစွဲခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အမှုကို ခြောက်လအတွင်း အပြီးစစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြောင်း အမှုလိုက်ပါကူညီနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောကြားသည်။ ဦးမြင့်မောင်အား ပုဒ်မ- ၅၀၅(ခ)ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး ဧပြီလ ၁ ရက်နေ့ရုံးချိန်းကို ထားဝယ်ထောင်အတွင်းရှိ ယာယီတရားရုံးတွင် စစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ရုံးချိန်းတွင် မှုခင်းစီမဲခန့်ခွဲမှုအစီအစဉ် (CMP) အစည်းအဝေးလုပ်ပြီးနောက် အမှုအား ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးစီရင်ရန် ဆုံးဖြတ်ကြကြောင်း ဦးအောင်ဇာနည်စိုးက ပြောသည်။ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဆိုသည်မှာ အမှုများကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် အမှုဖြစ်သည့်နှစ်ဦးနှစ်ဖက်ကို စစ်ဆေးမည့် ရက်အားကြိုတင်ညှိနှိုင်း ချိန်းဆိုခြင်းဖြစ်ပြီး အမှုများကို အချိန်ကြန့်ကြာခြင်းမရှိဘဲ ဆုံးဖြတ်ချက်အမိန့်ချနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရာလွှတ်တော်ရုံးက ထုတ်ပြန်ထားသည်။ “သာမန်ရိုးရှင်းတဲ့အမှုအဖြစ် သတ်မှတ်ပြီးတော့ ရက်ပေါင်း […]

ဖိုးတိုးရဲ့ ငါးမိနစ် ခရီး

diz_admin

April 1, 2021

နှစ်ထပ်တိုက်အိမ်တစ်လုံးရဲ့ အပေါက်ဝမှာ မျက်ရည်စတွေနဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်။ လက်ထဲမှာတော့ ဘောင်ခတ်ထားတဲ့ မောင်ကျော်မင်းလတ် ဓာတ်ပုံတစ်ပုံကိုင်ဆောင်ထားပါတယ်။ သူ့ချစ်သူကောင်လေးရဲ့ဓာတ်ပုံကို ထွေးပွေ့ပြီး နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်ဖို့ အဆင်သင့်စောင့်နေတာ ဖြစ်ပါတယ်။ အိမ်ခေါ် ဖိုးတိုး လို့ အမည်ရတဲ့ မောင်ကျော်မင်းလတ်ဟာ မတ်လ ၂၇ ရက်က သူငယ်ချင်းသုံးယောက်နဲ့အတူ ဆိုင်ကယ်စီးသွားနေရင်း အာဇာနည်လမ်းပေါ်မှာ စစ်တပ်ကားနဲ့တိုးပြီး အပစ်ခံလိုက်ရလို့ ကျဆုံးသွားရတာဖြစ်ပါတယ်။ဖိုးတိုးဟာ အလူမီနီယံ လုပ်ငန်းတစ်ခုမှာ အလုပ်သမားတစ်ယောက်ပါ။ ရှစ်တန်းကတည်းက ကျောင်းထွက်ပြီး မိသားစုကို လုပ်ကျွေးနေတယ်လို့ ဆိုပါတယ်။ “ခဏလေးပဲအမေ” လို့ ပြောသွားတာလို့ မောင်ကျော်မင်းလတ်ရဲ့ မိခင်က ဆိုပါတယ်။ ထားဝယ်မြို့ အာဇာနည် လမ်းပေါ်မှာ စုစုပေါင်း သူငယ်ချင်း သုံးဦး ဆိုင်ကယ် စီးလာရာမှာ စစ်တပ်နဲ့ ရဲက ပစ်ကတ်ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခဲ့တာပါ။ အလယ်မှာ […]

တရားလွှတ်တော်ရှေ့နေတစ်ဦး အပါအဝင် ကော့သောင်းတွင် လူအချို့ အဖမ်းခံရ

diz_admin

April 1, 2021

ကော့သောင်းမြို့တွင် မတ်လ ၃၁ ရက် ညနေပိုင်းက တရားလွှတ်တော်ရှေ့နေတစ်ဦးအပါအဝင် အနည်းဆုံးသုံးဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ရွှေဇင်ယော်ရပ်ကွက်နေ တရားလွှတ်တော်ရှေ့နေ ဦးဇင်မျိုးနှင့် အေးမြကန်သာ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးဟောင်း ဦးဂျပန်အပါအဝင်း အနည်းဆုံး သုံးဦးဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိသားစုဝင်တို့ ထံမှ သိရသည်။ ဧည့်စာရင်းစစ်ဆေးမည်၊ လက်နက်ရှာဖွေမည်ဟုဆိုကာ ရှေ့နေ ဦးနေမျိုးအိမ်အားရှာဖွေပြီး ကွန်ပျူတာနှစ်လုံးကိုပါ သိမ်းဆည်းသွားကြောင်း မိသားစုဝင်းတစ်ဦးကဆိုသည်။ “ဘာကြောင့်ဖမ်းတယ်၊ ဘယ်ပုဒ်မနဲ့တရားစွဲမယ်ဆိုတာ မသိရသေးဘူး” ဟု မိသားစုဝင်တစ်ဦးကဆိုသည်။ ကော့သောင်းမြို့ခံအချို့ကမူ ဦးဇင်မျိုးသည် ရွေးကောက်ပွဲကာလက NLD ပါတီနှင့် အဆက်အသွယ်ရှိခြင်း၊ ဆန္ဒပြပြီးအဖမ်းခံရသူများကို ဥပဒေအကြံပေးခြင်းဖြင့် ကူညီပေးနေသူဖြင့်သောကြောင့် ဖမ်းခံရခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပေးပြောဆိုကြသည်။

ထားဝယ် CCTV မှတ်တမ်းမှ လူငယ်သေဆုံးဒဏ်ရာ တစ်လက်မခန့် နက်ဟုဆို

diz_admin

March 30, 2021

ထားဝယ်တွင် လူငယ် သုံးဦး ဆိုင်ကယ် စီးလာစဉ် အပစ်ခံရပြီး သေဆုံးသွားခဲ့သော ကိုကျော်မင်းလတ်၏ ဒဏ်ရာမှာ တစ်လက်မခန့် နက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။ မတ်လ ၂၇ ရက်နေ့က ဆိုင်ကယ်စီးသွားနေချိန် ရဲနှင့် စစ်တပ်က ကားပေါ်မှ ပစ်ခတ်နေချိန်တွင် ဆိုင်ကယ် လဲကျသွားခဲ့ပြီး ကိုကျော်မင်းလတ်မှာ ဒဏ်ရာဖြင့် လဲကျ ကျန်ရစ်ကာ ကျန်နှစ်ဦးမှာ ထွက်ပြေးသွားခဲ့သည်။ ကိုကျော်မင်းလတ်မှာ ကနဦးတွင် ဆိုင်ကယ်၏ ဘယ်ဘက်ကို လဲကျမလို ဖြစ်ခဲ့သော်လည်း ဆိုင်ကယ်လဲသည့် ညဘက်သို့ ပြန်လဲကျသွားခဲ့ကြောင်း CCTV မှတ်တမ်းတွင် တွေ့ရသည်။ ယင်းနောက် ဒဏ်ရာရသည့် ကိုကျော်မင်းလတ် ခေါ် ကိုဖိုးတိုးအား ကားပေါ်သို့ တင်ဆောင်သွားသည်ကို တွေ့ရသည်။ ယင်းအဖြစ်အပျက်ကို မှတ်တမ်းတင်ထားနိုင်သော CCTV ရုပ်သံမှာ အများပြည်သူအကြား ပျံ့နှံ့သွားခဲ့သည်။ […]

ထားဝယ် သီတဂူ ကိုဗစ် စင်တာ အလှူရှင် ခက်ခဲ

diz_admin

March 30, 2021

ကိုဗစ်လူနာများကို ထားရှိကုသပေးနေသော ထားဝယ်မြို့ရှိ သီတဂူဆေးရုံ ကိုဗစ်စင်တာတွင် အလှူရှင် မရှိတော့ သဖြင့် အခက်အခဲ ကြုံနေရကြောင်း စင်တာ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ကိုဗစ်လူနာများကို ယခင်အစိုးရလက်ထက်တည်းက အလှူရှင်များ၏ ရန်ပုံငွေဖြင့် ချက်ပြုတ်ကျွေးမွေးခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် အလှူရှင်များမရှိခြင်းနှင့် ချက်ပြုတ်ရန်၊ ပို့ဆောင်ပေးရန် ခက်ခဲခြင်းတို့ကြောင့် လူနာများကို ထမင်းမကျွေးနိုင်တော့ကြောင်း ၎င်းက ပြောကြားသည်။ “(ထမင်းဟင်း) ချက်သမားလည်း မနက် ၆ နာရီစားဖို့ သောက်ဖို့အတွက်ကို အနည်းဆုံး မနက် ၄ နာရီလောက်တည်းက ထွက်လာရတယ်။ ပို့ပေးတဲ့သူတွေလည်း ဒီတိုင်းပဲ။ အားလုံးက စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ဖြစ်နေကြတာပေါ့နော်။ တို့ဆီမှာက ပိုက်ဆံက မရှိဘူး၊ အလှူရှင်တွေရှိနေတုန်းကသာ လှူနေတာ၊ အခုက အလှူရှင်လည်း မရှိတော့ဘူး၊ ပိုက်ဆံလည်း မရှိတော့ဘူး” ဟု […]