ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် CCTV မှတ်တမ်းမှ လူငယ် ဒဏ်ရာသက်သာ

diz_admin

March 27, 2021

လူငယ် သုံးဦး ဆိုင်ကယ် စီးလာစဉ် လူငယ်တစ်ဦး အပစ်ခံရကြောင်း မှတ်တမ်းပျံ့နှံ့ နေသည့် CCTV အတွင်းမှ လူငယ်မှာ ဒဏ်ရာသက်သာနေကြောင်း ယင်းလူငယ်၏ ဖခင်ဖြစ်သူက Dawei Watch သို့ ပြောကြားသည်။ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သားဖြစ်သူ အပါအဝင် လူငယ်သုံးဦးက ဆိုင်ကယ်တစ်စီးဖြင့် ကညုံရပ်ကွက်လမ်းကြား အတွင်းမှ အာဇာနည်လမ်းသို့ ထွက်လာစဉ် အရပ်ဘက်ကားစီးလာသည့် ရဲနှင့် စစ်သားများ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပစ်ခတ်သည့် CCTV ရုပ်သံမှတ်တမ်းတစ်ခုလည်း ဖေ့ဘုတ်ပေါ်တွင် ပျံ့နှံ့နေပြီး အဆိုပါရုပ်သံဖိုင်တွင် ဒဏ်ရာရသည့် ကိုကျော်မင်းလတ် ခေါ် ကိုဖိုးတုတ်အား ကားပေါ်သို့ တင်ဆောင်သွားသည်ကို တွေ့ရသည်။ ယင်းလူငယ် သေဆုံးဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လျက်ရှိသည်မှာ မဟုတ်မှန်ကြောင်း ဖခင်ဖြစ်သူက […]

ထားဝယ်-ရေချိုချောင်းရွာတွင် သံဃာနှစ်ပါးနှင့် လူနှစ်ဦးအဖမ်းခံရ

diz_admin

March 27, 2021

သရက်ချောင်းမြို့နယ်၊ ရေချိုချောင်းကျေးရွာမှ ဖမ်းဆီးသွားသည့် ဆရာတော်နှစ်ပါးနှင့် အမျိုးသားနှစ်ဦး ယနေ့အချိန်ထိ ပြန်မလွတ်သေးကြောင်း သိရသည်။ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရေချိုချောင်းကျေးရွာတွင် သံဃာတော်နှစ်ပါးနှင့် ရွာသားနှစ်ဦးကို မတ်လ ၂၆ ရက် မနက်က ဖမ်းဆီးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ ရေချိုချောင်းဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တ၊ ရေချိုချောင်း ရွာလယ်ကျောင်းဆရာတော်တစ်ပါးအပြင် ရွာသားနှစ်ဦးဖြစ်သည့် ကိုဆန်းမင်း၊ ကိုဝင်းရှိန် တို့ကို မတ်လ ၂၆ ရက် မနက်ပိုင်းက ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့သူအမျိုးသမီးကဆိုသည်။ အဆိုပါဆရာတော်နှစ်ပါးသီတင်းသုံးသည့် ကျောက်တိုက်အတွင်း လက်နက်များရှိနေသည်ဟု မလိုသူများက မဟုတ်မမှန် သတင်းပေးတိုင်ကြားသဖြင့် စစ်သားဆယ်ဦးထက်မနည်းပါလားသော စစ်ကားတစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောဆိုသည်။ ဖမ်းဆီးသွားသူများကို ထားဝယ်ထောင်သို့ ပို့ဆောင်ထားသည်ဟုဆိုသည်။

မြိတ်တွင် တစ်ဦးသေဆုံးမှု အတည်ပြုနိုင်၊ ယမန်နေ့ ကျဆုံးသွားသူတို့ကို သင်္ဂြိုဟ်

diz_admin

March 27, 2021

မြိတ်မြို့တွင် မတ်လ ၂၇ ရက်နေ့တွင် တစ်ဦး သေဆုံးမှု အတည်ပြုနိုင်ပြီဖြစ်သည်။ ထားဝယ်ကမ်းရပ်နေ အသက် ၃၅ နှစ် အရွယ်ရှိ ကိုမျိုးဇော်အောင် (ခ) အီဗလာဟင်သည် ယနေ့ မနက်ပိုင်းက အလုပ်သွားစဉ် ဘုရားကိုင်တောင်ခြေတွင် ကျည်ဆံ ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။ ကိုမျိုးဇော်အောင်မှာ ဆိုင်ကယ်ဘေးတွဲမောင်းပြီး ကျပန်းလုပ်ကိုင်သူ ဖြစ်ပြီး သူ့ကို ယနေ့ညနေပိုင်းက မြုပ်နှံသင်္ဂြုဟ်ခဲ့ပြီး ဖြစ်သည်။ ထိုကြောင့် ယနေ့ ပစ်ခတ်မှုကြောင့် တနင်္သာရီတိုင်းတွင် သေဆုံးသူ လေးဦး (ထားဝယ် တစ်ဦး၊ မြိတ်တစ်ဦး နှင့် ကော့သောင်း နှစ်ဦး) အတည်ပြုနိုင်သည်။ ယင်းအပြင် မြိတ်တွင် မတ်လ ၂၆ ရက်နေ့က ကျဆုံးခဲ့သူအချို့အား ယနေ့ မြုပ်နှံသဂြိုလ်ခဲ့ပြီး ဖြစ်ကြောင်း မိသားစုဝင်များ ထံမှသိရသည်။ […]

CDM မှာပူးပေါင်းပေးဖို့ ဒူးထောက်တောင်းပန်

diz_admin

March 25, 2021

CDM မှာပူးပေါင်းခြင်းမရှိသေးတဲ့ ဝန်ထမ်းများ ပူးပေါင်းပေးရန် ယနေ့မတ်လ ၂၅ ရက် လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာနှင့် ရေဖြူကျေးရွာ ပူးပေါင်းသပိတ်စစ်ကြောင်းမှာပါဝင်သူ‌တွေက တစ်မိနစ်ဒူးထောက် တောင်းပန်ခဲ့ကြသည်။

မော်လမြိုင် စုပေါင်းသပိတ် ဖြိုခွင်းခံရ

diz_admin

March 25, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်တွင် မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စုပေါင်းဆန္ဒထုတ်ဖော်သူတို့ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ဖြိုခွင်းခဲ့ပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျည်ထိ ဒဏ်ရာရသူ နှစ်ဦးထက် မနည်းရှိပြီး ဒါဇင်ချီ အဖမ်းခံရတယ်လို့ ရပ်ကွက်နေသူတွေထံကနေ သိရပါတယ်။ နေ့လယ်ပိုင်းခန့်အထိ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ပိတ်ဆို့ထားဆဲဖြစ်ပြီး ဆန္ဒပြ ပြည်သူတွေ အချို့လည်း ပိတ်မိနေဆဲလို့လည်း သိရပါတယ်။ မော်လမြိုင်မြို့ပေါ်မှာ မြို့အနှံ့ လုံခြုံရေးတင်းကြပ်ထားပြီး လိုက်လံဖြိုခွင်းနေသော်လည်း ကျောင်းသားတွေ လူငယ်တွေနဲ့ ပြည်သူတွေကတော့ ပုံစံမျိုးစုံနဲ့ စစ်အာဏာရှင် ဆန့်ကျင်မှုတွေ နေ့စဉ် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

တပ်ကောင်စီတွင် ပါဝင်သည်ကို လက်မခံသည့် မွန်ပါတီဝင် ၂၀ ကျော် ထပ်မံနုတ်ထွက်

diz_admin

March 25, 2021

တပ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီပါဝင်သည့်အပေါ် လက်မခံသည့် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ဗဟိုကော်မတီဝင်နှင့် မြို့နယ်အဆင့်ပါတီဝင် ၂၀ ဦးကျော်တို့က မတ်လ ၂၄ ရက်နေ့က ပါတီဗဟိုရုံးချုပ်ထံ စာတင်ပြီး နုတ်ထွက်လိုက်ကြောင်း သိရသည်။ မွန်ညီညွတ်ရေးပါတီအနေဖြင့် တပ်ကောင်စီတွင် ပါဝင်သွားရန် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ဗဟိုကော်တီဝင်အများစုတို့၏ သဘောတူညီမှုဖြင့် ဆုံးဖြတ်ထားသည်။ ထိုသို့ မွန်ညီညွတ်ရေးပါတီ ပါဝင်ခြင်းသည် ပါတီအခြေခံစည်းမျဉ်းနှင့် သွေဖယ်နေသည့်အတွက် နုတ်ထွက်ရခြင်းဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ပါတီဝင်ဖြစ်သည့် မိကျဲကျဲညီက သူ၏ နုတ်ထွက်စာတွင် ရေသားထားသည်။ “ပါတီကနေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့်မှာ ပါဝင်ထမ်းဆောင်တာဟာ ပါတီမူဝါဒလမ်းစဉ်အရ သွေဖယ်နေလို့ လက်ခံနိုင်ခြင်းမရှိတာကြောင့် ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ခြင်းဖြစ်တယ်” ဟု မိကျဲကျဲညီက ပြောထားသည်။ လက်ရှိတွင် မွန်ညီညွတ်ရေးပါတီအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်တစ်နေရာနှင့် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်တစ်နေရာ ပါဝင်ထားသည်။ […]

ထားဝယ် ကြက်စားပြင်ရပ်ကွက်တွင် အနည်းဆုံး ခြောက်ဦးထပ်မံအဖမ်းခံရ

diz_admin

March 25, 2021

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် ယနေ့မတ်လ ၂၅ ရက် နေ့လယ် ၂ ရာရီခန့်က စစ်တပ်နှင့် ရဲပူးပေါင်းဝင်ရောက်ဖမ်းဆီးရာ အနည်းဆုံးခြောက်ဦးအဖမ်းခံခဲ့ရကြောင်း သိရသည်။ ယင်းအဖမ်းခံရသူများတွင် နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦး၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ အလုပ်သမား သုံးဦး၊ ရပ်ကွက်အတွင်း အခန်းငှားနေထိုင်သူနှစ်ဦးဖြစ်ကြောင်း ယင်းရပ်ကွက်သားအချို့ကပြောသည်။ ယင်းအပြင် နေအိမ်တစ်ဆောင်မှ ဆိုင်ကယ်၊ စားသောက်ကုန်နှင့် အတွင်းပစ္စည်းတို့ကိုပါ သယ်ဆောင်သွားကြောင်း ၎င်းတို့ကဆိုသည်။ ယနေ့ နံနက် ၇ နာရီခန့်ကလည်း ကြက်စားပြင်ရပ်ကွက်တွင် ၁၅ ဦးအဖမ်းခံခဲ့ရပြီး အချို့ကိုနေ့လယ်ပိုင်းတွင်ပြန်လွှတ်ပေးခဲ့သည်။ ယင်းသို့လွှတ်ပေးပြီး များမကြာမီ နောက်ထပ်ခြောက်ဦး ထပ်မံဖမ်းဆီးသွားခြင်းဖြစ်သည်။