လောင်းလုံး သကျက်တောတွင် CDM လာဖမ်း၍ ဒေသခံများ တိမ်းရှောင်
diz_admin
April 6, 2021လောင်းလုံးမြို့နယ်အတွင်းရှိ သကျက်တောရွာတွင် အာဏာရှင် ဖီဆန်ရေး သပိတ်မှောက် (CDM) လှုပ်ရှားသူများကို ရဲနှင့် စစ်တပ်ကတပ်စွဲပြီး လာရောက်ဖမ်းဆီးနေ သည့်အတွက် ဒေသခံများ တိမ်းရှောင် နေရကြောင်း သကျက်တောရွာ ဒေသခံအမျိုးသမီးတစ်ဦးက Dawei Watch သို့ပြောကြားသည်။ ဧပြီလ ၅ ရက်နေ့တွင် ရဲနှင့် စစ်ကား ၅ စီးခန့်က သကျက်တောနယ်မြေရဲစခန်းတွင် တပ်လာစွဲထားပြီး CDM လုပ်ထားသည့် ဝန်ထမ်းများကို လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထိုသို့လာဖမ်းသည့်အတွက် ယနေ့နံနက်ပိုင်းတွင် CDM လုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းအမျိုးသားတစ်ဦးကို ဖမ်းဆီးထားပြီး ကျန်သည့် အခြားဝန်ထမ်းများလည်း တိမ်းရှောင်နေရကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။ အဖမ်းခံရသည့် ကျန်းမာရေးဝန်ထမ်းအား ပြန်လွှတ်ပေးရန် သံဃာတော်များဦးဆောင် သွားပြောသော်လည်း စစ်ဆေးရန်ရှိသည်ဟုဆိုကာ ပြန်မလွှတ်သေးကြောင်း ၎င်းကဆိုသည်။ “စစ်တပ်ကားဆိုတဲ့အသံကြားတာနဲ့ […]


