တက္ကသိုလ်ကျောင်းသူထံမှ ဆွဲကြိုးဖြတ်လုသည့် အမျိုးသမီးကို ဖမ်းမိ
diz_admin
February 11, 2020မြိတ်တွင် တက္ကသိုလ်မှ ပြန်လာ သည့် တက္ကသိုလ်ကျောင်းသူထံမှ ဆွဲကြိုး ဖြတ်လုသည့် အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။ မြိတ်တက္ကသိုလ်တွင် တတိယနှစ် ကျောင်းသူက ဇန်နဝါရီလ ၃၁ ရက် နေ့လယ်ပိုင်းက ကျောင်းအတန်းချိန်ပြီး၍ အမျိုးသမီးဘော်ဒါဆောင်သို့ တက္ကသိုလ် အနောက်ဘက်လမ်းအတိုင်း တစ်ဦး တည်း လမ်းလျှောက်ပြန်လာခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့လမ်းလျှောက်လာစဉ် အမျိုးသမီးတစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာ ပြီး ၎င်းကို အမျိုးသမီးဘော်ဒါဆောင်သို့ သွားမည့် လမ်းကို မေးမြန်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ တက္ကသိုလ်ကျောင်းသူက ထိုသို့ လမ်းညွှန်ပြောဆိုရာ ဆိုင်ကယ်စီးအမျိုး သမီးက မကြားရသည့် ဟန်ဖြင့် ဆိုင်ကယ် ဦးထုပ်ကို ချွတ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ […]


