တနင်္သာရီဂျာနယ်အမှု ပြင်ဆင်မှု လျှောက်ထားချက် တိုင်းတရားလွှတ်တော် ပလပ်
diz_admin
February 19, 2020တနင်္သာရီဂျာနယ်က ပြင်ဆင်မှု လျှောက်ထားသည့် မဲဆွယ်အပြုံး သရော်စာအမှုကို တိုင်းဒေသကြီးတရား လွှတ်တော်က ဖေဖော်ဝါရီလ ၁၄ ရက် တွင် ပလပ်သည့် အမိန့်ချလိုက်သည်။ တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့ သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးသရော်စာသည် တနင်္သာရီ တိုင်းဝန်ကြီးချုပ် (ဟောင်း)နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေ သည်ဟုဆိုကာ ၂၀၁၇ နိုဝင်ဘာလက တရားစွဲဆိုခဲ့သည့် အမှုဖြစ်သည်။ ထားဝယ်မြို့နယ်တရားရုံးက တနင်္သာရီဂျာနယ်တွင် အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေကျပ် ၅ သိန်း ပေးဆောင်ရန် ယမန်နှစ် ဖေဖော်ဝါရီလက အမိန့်ချမှတ်ထားသည်။ မြို့နယ်တရားရုံး၏ အမိန့်ချမှတ်မှု အပေါ် ခရိုင်တရားရုံးထံ အယူခံတင်သွင်းရာ ခရိုင်တရားရုံးကလည်း ပလပ်သည့် အမိန့်ချခဲ့သည်။ ထိုနောက် တနင်္သာရီဂျာနယ်ဘက် က ၂၀၁၉ ခုနှစ် ဇွန်လတွင် တိုင်းတရား […]


