မြိတ်ခရိုင်တရားရုံး တရားမမှုများတွင် တရားသူကြီးမရှိခြင်းကြောင့် အမှုကြန့်ကြာနေမှု လေးဆယ်ရာခိုင်နှုန်းကျော်ရှိ
diz_admin
February 20, 2020မြိတ်ခရိုင်တရားရုံးရှိ တရားမအမှု များတွင် တရားသူကြီးမရှိခြင်းကြောင့် အမှုကြန့်ကြာနေမှုက လေးဆယ်ရာခိုင်နှုန်းကျော် ရှိနေကြောင်း တနင်္သာရီတိုင်း ဒေသကြီးတရားလွှတ်တော်ရုံးထံမှ သိရ သည်။ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ ပြီးခဲ့ သည့်နှစ်ကုန်ပိုင်းက စစ်တမ်း ကောက်ယူ ခဲ့ရာ ယင်းသို့တွေ့ရှိခဲ့ကြောင်း တိုင်းတရားလွှတ်တော်က ဖေဖော်ဝါရီလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါတရားရုံးတွင် တရားမအမှု များ ရွှေ့ဆိုင်းရသည့်အနေအထားမှာ တရားမအမှုအားလုံး၏ ၂၆ ရာခိုင်နှုန်း ရှိသည်။ ယင်းရွှေ့ဆိုင်းရသည့် အမှုများတွင် တရားသူကြီးမရှိခြင်းကြောင့် ရွှေ့ဆိုင်း ရသည့်အရေအတွက်မှာ ၄၂ ရာခိုင်နှုန်း အထိ ရှိနေသည်။ ယင်းကဲ့သို့ဖြစ်နေခြင်းမှာ တာဝန်ကျ တရားသူကြီးက သင်တန်းသွားခြင်း၊ အစည်းအဝေးသွားခြင်းနှင့် တရားသူ ကြီးတစ်ဦး ပြောင်းရွေ့သွားချိန်တို့တွင် အစားမလာသေးခြင်း အစရှိသည့် အကြောင်းအရင်းများကြောင့် ဖြစ်နိုင် ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက […]


