ကိုဗစ်ကြောင့် မော်လမြိုင် ရတနာထွန်းပွဲရုံတန်း ယာယီပိတ်
diz_admin
July 13, 2021ကိုဗစ်ကူးစက်မှု မြင့်တက်လာနေသဖြင့် မော်လမြိုင် ဈေးကြိုရပ်ရှိ ရတနာထွန်းပွဲရုံတန်းကို ယာယီပိတ်ထားလိုက်ပြီးဖြစ်ကြောင်း ပွဲရုံတန်းမှ ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကူးစက်မှုမြင့်တက်နေသောကြောင့် ရတနာထွန်းပွဲရုံတန်းနယ်မြေအတွင်းရှိ ဆိုင်ခန်းများအားလုံး ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ ယာယီပိတ်ထားရန် သက်ဆိုင်ရာက စာထုတ် ညွှန်ကြားထားသည်ဟု ပွဲရုံတန်းထံမှ သိရသည်။ ပွဲရုံတန်းကို တစ်ပတ်ကြာ ပိတ်သည့်အတွက် ကုန်စည်စီးဆင်းမှု မထိခိုက်နိုင်သော်လည်း ရက်ရှည်ပိတ်ခံရမည်ဆိုပါက ကုန်စည်စီးဆင်းမှု ရပ်တန့်သွားနိုင်မည်ကို ကုန်သည်များက စိုးရိမ်နေကြသည်။ “တစ်ပတ်ဆိုတော့ ပြဿနာမရှိဘူး၊ တကယ်လို့ အကြာကြီးပိတ်မယ်ဆိုရင် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားနိုင်တယ်” ဟု ရတနာထွန်းပွဲရုံတန်းမှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။ မော်လမြိုင် ရတနာထွန်းပွဲရုံသည် မွန်ပြည်နယ်အပြင် အခြားတိုင်းနှင့် ပြည်နယ်အချို့တို့နှင့်လည်း ကုန်စည်ရောင်းဝယ်မှုရှိသည်ဟုလည်း ကုန်သည်များက ပြောသည်။ မွန်ပြည်နယ်အတွင်း ဆက်တိုက်မြင့်တက်လာသည့် ကိုဗစ်ကူးစက်မှုနှုန်းကို […]


