ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး ရေဖြူရွာသား လေးဦးအဖမ်းခံရ

diz_admin

July 11, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စုမှ ရွာသားလေးဦး ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင် အဖမ်းခံထားရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဖမ်းခံထားရသူများမှာ ရေဖြူကျေးရွာ နာရေးကူညီမှုအသင်းဝင် အသက် ၄၀ ကျော်အရွယ် ဦးဖိုးဇော်၊ ပိန္နဲတောရွာသား အသက် ၃၀ အရွယ် ကိုစိုးအောင်၊ အသက် ၅၅ နှစ်အရွယ် ဦးညီညီအောင်၊ အသက် ၂၄ နှစ်အရွယ် ကိုသားကြီးတို့ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဦးညီညီအောင်နှင့် ကိုသားကြီးမှာ သားအဖတော်စပ်သည်။ ကိုစိုးအောင်နှင့် ကိုသားကြီးတို့ထံမှ လက်လုပ်လေသေနတ်ဆောင်ထားသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဦးညီညီအောင်က ဆီတောခြံနားမှာနေတာ၊ သားအဖနှစ်ယောက်ကတော့ ကြက်ခြံထဲမှာနေကြတယ်။ လေသေနတ်က ရှဉ့်ပစ်ဖို့ ဆောင်ထားကြတာ” ဟု ၎င်းကပြောသည်။ ရေဖြူနာရေးကူညီမှုအသင်းဝင်ဖြစ်သူ ဦးဖိုး‌ဇော်မှာ ရေဖြူအထက်တန်းကျောင်းအနီးတွင်နေထိုင်သူဖြစ်ပြီး ကုန်စုံဆိုင်ဖွင့်ထားသူဖြစ်သည်။ ၎င်းမှာ […]

ပုလောတွင် လေးရက်အတွင်း ကိုဗစ် လူနာ ၄ဝ ကျော်

diz_admin

July 10, 2021

မြိတ်ခရိုင် ပုလောမြို့နယ်တွင် ဇူလိုင်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ လေးရက်အတွင်း ကိုဗစ်နိုင်တီးရောဂါတွေ့ရှိသူ ၄၂ ဦးရှိကြောင်း တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်အရ ပုလောတွင် ဇူလှိုင်လ ၅ ရက်နေ့က ကိုဗစ်တွေ့သူ ‌၇ ဦး၊ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ၃ ဦးစီ၊ ၈ ရက်နေ့ တွင် ၂၉ ဦး စုစုပေါင်း ၄၂ ဦးရှိကြောင်း တိုင်းကျန်းမာရေးဌာန၏ မြို့နယ်အလိုက် ကိုဗစ်နိုင်တီး လူနာအခြေပြဇယားအရသိရသည်။ ပုလောတွင် ကိုဗစ်တတိယလှိုင်းအဖြစ် ကိုဗစ်ပိုးရှိသူ ၁၂ ဦးအား ဇူလိုင်လ ၂ ရက်နေ့က စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပုလောမြို့အခြေစိုက် မေတ္တာရှင် ပရဟိတအသင်းမှ သိရသည်။ ရောဂါပိုးစတင်တွေ့ရှိခဲ့သည့်နေ့မှ […]

ပုလော အထကတွင် ကိုဗစ်ကျောင်းသားတွေ့၊ အခြေခံပညာကျောင်းများ စပိတ်

diz_admin

July 10, 2021

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်လာရတာကြောင့် အခြေခံပညာကျောင်းများအားလုံးကို ဇူလိုင်လ ၉ ရက်မှ ၂၃ ရက်နေ့အထိ ယာယီပိတ်ထားဖို့ တပ်ကောင်စီ က ညွှန်ကြားလိုက်သည်။ တနင်္သာရီတိုင်းတွင် ကျောင်းပေါင်း ၁၅၀၀ ကျော်ရှိသည့်အနက် ၁၃၅၀ ကျောင်းကိုဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသားတစ်သိန်းနီးပါးခန့် ကျောင်းတက်နေကြသည်ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။တိုင်းအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများအနက် ပုလောမြို့၊ အ.ထ.က(၂) စာသင်ကျောင်းရှိ Grade-1 နှင့် Grade-7 မှ ကျောင်းသားနှစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူက ပြောသည်။ “ကျောင်းသားကလေးနှစ်ယောက်မှာတော့ကိုဗစ်ဖြစ်တယ်ဆိုပြီး စာရင်းထဲတွေ့တာ၊ ဆရာ၊ ဆရာမတွေမှာတော့ မဖြစ်ဘူး”ဟု ယင်းတာဝန်ရှိသူက ဆိုသည်။ တနင်္သာရီတိုင်းတွင် ယမန်နေ့က တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်သူ ၈၀ ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက […]

မြိတ်တွင် မူးယစ်ဆေးနှင့် လက်နက်များ လိုက်လံရှာဖွေ

diz_admin

July 8, 2021

မြိတ်ရှိရပ်ကွက်တစ်ချို့တွင် တပ်ကောင်စီအဖွဲ့မှ မူးယစ်ဆေးနှင့်လက်နက်များ လိုက်လံရှာဖွေနေကြောင်း သိရသည်။ မြိတ်မြို့ ကန်ခေါင်းရပ်ကွက်အတွင်းသို့ ဇူလိုင်လ ၇ ရက်နေ့ညနေပိုင်းတွင် လာရောက်၍ မူးယစ်ဆေးရောင်းချနေသည်ဟု ယူဆရသည့် နေအိမ်အချို့အား ဝင်ရောက်ရှာဖွေခဲ့ကြပြီး လူနှစ်ဉီးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း ရပ်ကွက်သားများ ထံမှသိရသည်။ ယင်းအပြင် ည ၈ နာရီခန့်တွင်လည်း အဆိုပါရပ်ကွက်သို့ ထပ်မံလာရောက်ခဲ့ကြပြီး ယင်းရပ်ကွက်ရှိ ထုံးဖိုဗလီအတွင်း ဝင်ရောက်ရှာဖွေခဲ့ကြကြောင်း ရပ်ကွက်သားများ ကပြောသည်။ “တစ်နာရီကျော်ကျော်လောက် အချိန်ယူပြီး ဝင်ရှာတယ်။ လူတချို့ကိုလည်း စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။ ဘာလက်နက်မှလည်းမတွေ့ရဘူး”ဟု ကန်ခေါင်းရပ်ကွက်နေ အမျိုးသားတစ်ဉီး ကပြောသည်။ တပ်ကောင်စီတပ်ဖွဲ့ က အဆိုပါရပ်ကွက်သို့ လာရောက်ရှာဖွေရာတွင် ကားအသေး ခြောက်စီးနှင့် စစ်ကားကြီးတစ်စီးတို့ဖြင့် လာရောက်ကာ ရှာဖွေခဲ့ကြကြောင်း ၎င်းတို့ကဆိုသည်။

တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသောင်းနီးပါးရှိ ဟုဆို

diz_admin

July 8, 2021

တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသောင်းနီးပါးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေးကို ပထမအသုတ်တွင် လူဦးရေ ၄၇ဝဝဝ ကျော်အား ထိုးပေးထားပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်းကာကွယ်ဆေးကို ဒုတိယအသုတ်တွင် ၂၁၀၀ ကျော်အား ကာကွယ်ဆေးထိုးထားပြီးဖြစ်ကြောင်း အထက်ပါဌာန၏ တိုးချဲ့ကာကွယ်ဆေး/ကူးစက် ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။ “အခု ဒုတိယအသုတ်ရတဲ့ ကာကွယ်ဆေးကို မြို့နယ် ၉ ခုမှာတော့ ထိုးပြီးနေပြီ၊ ထားဝယ်က မနေ့က စထိုးတယ်၊ တရုတ်နိုင်ငံထုတ်ဆေးပေါ့၊ ဆိုင်နိုဖမ်းလို့ခေါ်တယ်၊ ဆေးတစ်လုံးကို တစ်ယောက်ပဲ ထိုးလို့ရတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူးက ဆိုသည်။ အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေးတစ်လုံးလျှင် လူ ဆယ်ဦးမှ ၁၁ ဦးခန့်အထိ ထိုးနိုင်ပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်းကာကွယ်ဆေးတစ်လုံးလျှင် လူတစ်ဦးသာ ထိုး၍ရသည်ဟု ၎င်းက ဆိုသည်။တနင်္သာရီတိုင်းအတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေး […]

မှတ်ပုံတင်မဲ့ဆိုင်ကယ်များ လိုင်စင် စလုပ်ပေး

diz_admin

July 7, 2021

တိုင်းအတွင်းရှိ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို ဇူလိုင်လ ၇ ရက်နေ့မှစကာ လိုင်စင်လုပ်ပေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန) ထံမှ သိရသည်။ တိုင်းအတွင်းရှိ သက်ဆိုင်ရာ ကညနရုံးများတွင် ဇူလိုင်လ ၇ ရက်မှ သြဂုတ်လ ၁၉ ရက်နေ့အထိ လုပ်ဆောင်နိုင်ပြီး ‘ယ’ နံပါတ် ထွက်မည်ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။ဒေသခံ ဆိုင်ကယ်ပိုင်ရှင်များ နှစ်သက်ခြင်းမရှိသည့် နံပါတ်အားလုံးပေါင်းခြင်း၏ရလဒ် ဆယ်ပြည့်ဂဏန်းနှင့် ၁၃ ဂဏန်းပါဝင်ခြင်းမရှိကြောင်း သိရသည်။ ဆိုင်ကယ်လိုင်စင်လုပ်ဆောင်ရာတွင် ထုတ်လုပ်သည့်ခုနှစ်၊ အင်ဂျင်ပါဝါ၊ ထုတ်လုပ်သည့်နိုင်ငံအလိုက် သတ်မှတ်ထားသည့် အခွန်နှုန်းထားအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။အကောက်ခွန်ဌာနမှ ကောက်ခံမည့် အခွန်အပြင် ကညန၊ သူတစ်ပါးထိခိုက်မှုအာမခံကြေး အစရှိသည့် အခွန်အခများလည်း ပေးသွင်းရမည်ဖြစ်သည်။ ကောက်ခံမည့်နှုန်းထားများကို ဓာတ်ပုံတွင် ဖော်ပြထားသည်။ဆိုင်ကယ်လိုင်စင်အား ရုံးဖွင့်ရက်အတွင်း နံနက် ကိုးနာရီမှ ညနေ […]

မြိတ် ကလေးဆေးရုံအရှေ့ရှိ စားသောက်ဆိုင်တွင် ကိုဗစ်လူနာတွေ့

diz_admin

July 7, 2021

မြိတ်မြို့ ကန်ခေါင်းရပ် မိခင်နှင့်ဆေးကုသဆောင်အရှေ့ရှိ The Best စားသောက်ဆိုင်တွင် ဇူလိုင်လ ၅ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စားသောက်ဆိုင်ရှင်၏ မိသားစုဝင်သုံးဦး တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် ဆိုင်နှင့် နေအိမ်တို့အား Lock Down ချထားကြောင်း ကန်ခေါင်းရပ်နေ ဆိုင်ရှင်မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။ မိခင်နှင့် ကလေးဆေးကုသဆောင်ဝင်းရှိ မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် နယ်ကျော်ခရီးသွားသူတို့အား ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးပေးနေပြီး ဝင်းအတွင်း အရန်သားဖွားသင်တန်းကျောင်းလည်း ရှိသည်။ ယင်းအပြင် မြိတ်တွင် ကိုဗစ်ပိုးတွေ့သည့် နေအိမ်အချို့အား အသွားအလာကန့်သတ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မြိတ်တွင် နေ့စဉ်နီးပါး ကိုဗစ်နိုင်တီး လူနာ တွေ့ရှိနေပြီး ဇူလှိုင်လ ၅ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသူ ၁၃ ဦး၊ ဇူလိုင်လ ၆ […]

ပျောက်ဆုံး သရက်နှစ်ခွ ရွာသားနှစ်ဦး ရဲစခန်းတွင် ပြန်တွေ့

diz_admin

July 7, 2021

ဇွန်လ ၂၇ ရက်နေ့ကတည်းက နေအိမ်မှ ထွက်ခွာသွားပြီးနောက် တစ်ပတ်အကြာ အဆက်အသွယ်မရ ဖြစ်နေသော သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာသားနှစ်ဦးကို သရက်ချောင်းမြို့မ ရဲစခန်းတွင် ပြန်တွေ့ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ သရက်ချောင်းမြို့မှ ရဲစခန်းမှ ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းက ၎င်းတို့၏မိသားစုထံ ဖုန်းဆက်သွယ်အကြောင်းကြားလာပြီး ယင်းတို့နှစ်ဦးကို အချုပ်အတွင်း တွေ့ရှိခဲ့ရကြောင်း မိသားစုဝင်က ပြောသည်။ “အဝတ်အစားတွေလာပေးရင်ပေးပါ။ သရက်ချောင်းရဲစခန်းထဲ ရောက်နေတယ်”ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူက အကြောင်းကြားလာကြောင်း ဆွေမျိုးတော်စပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။ မောင်ကျော်လင်းကိုနှင့် မောင်ကျော်ပိုင်စိုး တို့ လူငယ်နှစ်ဦးသည် ဇွန်လ ၂၇ ရက်နေ့က ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားတွင် ၎င်းတို့၏တယ်လီဖုန်းကို စစ်ဆေးရာမှ ဖမ်းဆီးခံလိုက်ရပြီး အမှတ် ၄၀၁ ထားဝယ်တပ်နယ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းနောက်တွင်မှ ရဲစခန်းတွင် တွေ့ခွင့်ရကြောင်း အထက်ပါ […]