မြိတ်တွင် အုန်းသီးဈေး ထက်ဝက်ကျော် ကျဆင်း
Dawei Watch
February 23, 2026မြိတ်မြို့တွင် အုန်းသီးဈေး ထက်ဝက်ကျော် ကျဆင်းသွားပြီး တစ်လုံးလျှင် ငွေကျပ် ၁,၅၀၀ ဝန်းကျင်သာ ဈေးပေါက်နေကြောင်း မုန့်လုပ်သူအချို့နှင့် အုန်းသီးကုန်သည်များထံမှ သိရသည်။ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်က အုန်းသီးရှားပါးကာ ဝယ်ယူရခက်ခဲသည့်အတွက် အုန်းသီးတစ်လုံးလျှင် ကျပ် ၄,၀၀၀ အထိ ဈေးတက်ခဲ့ရာမှ ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ဈေးကျလာခြင်းဖြစ်ကြောင်း အုန်းသီးကုန်သည်အချို့က ဆိုသည်။ လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒေသပြင်ပသို့ တင်ပို့၍မရတော့သည့်အတွက် ဈေးကျနေခြင်းဖြစ်ကြောင်း ကုန်သည်တစ်ဦးက ပြောသည်။ လက်ရှိတွင် မြိတ်-ထားဝယ် လမ်းပိုင်းနှင့် အနီးဝန်းကျင်ဒေသများတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့အကြား စစ်ရေးတင်းမာလျက်ရှိသည်။ “အခု ဈေးကျသွားတာက ဒေသတွင်း ရောင်းအားပဲရှိတာကိုး။ ဘယ်နေရာမှလည်း ပို့မရဘူးလေ။ အထက်ဘက်က အသိကုန်သည်တွေကို မေးကြည့်တော့လည်း သူတို့ဆီမှာလည်း ဒီအတိုင်းပဲ။ […]


