ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် နယ်စည်းမထားအဖွဲ့ လုပ်ငန်းများ ပုံမှန်ပြန်လုပ်ခွင့်ရ

diz_admin

June 18, 2021

တနင်္သာရီတိုင်းအတွင်း HIV ပိုးပြန့်ပွားခြင်းအား ဟန့်တားသည့် ART ဆေး ထောက်ပံ့ပေးနေသည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့၏ လုပ်ငန်းများပုံမှန်ပြန်လုပ်ခွင့်ရပြီဖြစ်ကြောင်း အနာဂတ်အလင်းရောင် ဘဝတူကူညီ ပံ့ပိုးရေးအဖွဲ့ထံမှ သိရသည်။ အနာဂတ် အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့သည် ထားဝယ်မြို့တွင် အခြေစိုက်ပြီး HIV ရောဂါပိုးရှိသူများ သောက်သုံးရသည့် ART ဆေးရရှိစေရန် နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)နှင့် ပူးပေါင်းလုပ်ကိုင်နေသည့်အဖွဲ့ဖြစ်သည်။ HIV ရောဂါပိုးရှိသူများအား ကုသပေးနေသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့၏ လုပ်ငန်းများ ရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနက ဇွန်လ ၈ ရက်နေ့တွင် အကြောင်းကြားစာပေးပို့ခဲ့ကြောင်း သိရသည်။ထိုသို့ရပ်ဆိုင်းလိုက်ပါက နေ့စဉ်သောက်နေရသည့် ဆေးဝါးပြတ်လတ်သွားပြီး အသက်အန္တရာယ်ဖြစ်လာမည်ကို HIV ပိုးရှိသူများက စိုးရိမ်နေခဲ့သည်။ ယင်းသို့သော အခြေအနေမျိုးတွင် ဆေးဝါးနှင့် ကုသမှုအပိုင်းကို ပုံမှန် အတိုင်း ပြန်လုပ်ခွင့်ရပြီဟု နယ်စည်းမထားဆရာဝန်များ အဖွဲ့၏ တာဝန်ရှိသူက ဇွန်လ […]

မုဒုံ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ဖမ်းဆီးခံရ

diz_admin

June 18, 2021

မွန်ပြည်နယ် မုဒုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ဒေါက်တာ ဘုန်းဝေဦးကို တပ်ကောင်စီက ဇွန်လ ၁၇ ရက်ညတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မုဒုံမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ် (၂) တွင် NLD ပါတီ ကိုယ်စားပြုဖြင့် ဝင်ပြိုင်ခဲ့သည့် ဒေါက်တာ ဘုန်းဝေဦးသည် ရွေးကောက်ပွဲ ရှုံးနိမ့်ထားသူတစ်ဦးဖြစ်သည်။ အဆိုပါ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းအား ၎င်း၏ ဇာတိဖြစ်သည့် မုဒုံမြို့နယ် ကလော့သော့ကျေးရွာတွင် စစ်သားနှင့် ရဲ အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ကလော့သော့ရွာမှာ အဖမ်းခံလိုက်ရတယ်လို့တော့ သိရတယ်၊ အခြေအနေကတော့ ဘာမှ မသိရသေးဘူး” ဟု မွန်ပြည်နယ် NLD တာဝန်ရှိသူတစ်ဦးက ပြောသည်။မေလ ၅ ရက်နေ့တုန်းကလည်း မုဒုံမြို့နယ် NLD ပြန်ကြားရေးတာဝန်ခံ […]

တနင်္သာရီတိုင်းတွင် လေးလအတွင်း ကိုဗစ်လူနာ ငါးရာကျော်တွေ့

diz_admin

June 18, 2021

တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလမှ ဇွန်လဆန်းအထိ လေးလကျော်ကာလအတွင်း ကိုဗစ်ပိုးတွေ့လူနာ ငါးရာကျော်ရှိပြီဖြစ်ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် တိုင်းအတွင်း ဆေးရုံတက်ရောက်ကုသနေသည့် လူနာ ၁၂၈ ဦးရှိပြီး မနေ့ကတစ်ရက်တည်းတွင် ပိုးတွေ့လူနာသစ် ၂၂ ဦးတွေ့ရှိကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာအေးသိန်းက ကိုပြောသည်။ “ဒီရောဂါဖြစ်တာက နည်းနည်းလည်းကြာနေပြီ၊ အခုက တစ်ယောက်ဖြစ်ပြီး တစ်အိမ်လုံးနီးပါးဖြစ်လာတဲ့ သာဓကတွေအများဖြစ်လာတယ်ပေါ့၊ အဲဒါတွေကလည်း (ကိုဗစ်) စည်းကမ်းလေးတွေကိုမလိုက်နာတာလည်း ပါတာပေါ့၊ အဓိကတော့ ပေါ့လာတာပေါ့” ဟု ဒေါက်တာအေးသိန်းက ပြောသည်။ စားသောက်ဆိုင်နှင့် ဈေးများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များကို လိုက်နာမှုအားနည်းလာခြင်းကြောင့် ပိုးတွေ့လူနာများရှိလာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တွင် ပိုးတွေ့သူပိုများပြီး အဝေးပြေးခရီးသည်များတွင် အများဆုံးတွေ့ရသည်ဟု ၎င်းက ဆိုသည်။ “အခုကတော့ […]

ထားဝယ်တွင် ထီလုပ်ငန်းများ အရှုံးပေါ်သဖြင့် ရပ်နား

diz_admin

June 18, 2021

ထားဝယ်တွင် ထီလုပ်ငန်းများ အရှုံးပေါ်သဖြင့် ရပ်နားထားကြောင်း ထီရောင်းချသူအချို့ထံက သိရသည်။တပ်အာဏာသိမ်းပြီးနောက် အောင်ဘာလေထီထိုးသူမရှိသလောက် နည်းသွားသဖြင့် လုပ်ငန်းအရှုံးပေါ်ခဲ့ရပြီး မတ်လတည်းက ထီလုပ်ငန်းများအားလုံးနီးပါး ရပ်နားထားကြောင်း ထီရောင်းသူအချို့က ပြောသည်။ တပ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် ထီမထိုးကြရန် ပြည်သူအချင်းချင်း လှုံ့ဆော်မှု၊ စည်းလုံးညီညွှတ်မှုကြောင့် ထီထိုးသူမရှိသလောက်နည်းပါးသွားပြီး ယင်းလတွင် ထီလက်ကျန်များသဖြင့် ကျပ်သိန်းငါးရာခန့်အရှုံးပေါ်ခဲ့သည်ဟု ထားဝယ်မြို့မှ ထီလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ “ဖေဖော်ဝါရီလမှာ ထီရောင်းအားမရှိလို့ဆိုပြီး မတ်လလယ်အထိ အချိန်တိုးရောင်းခွင့်ပေးခဲ့ပေမယ့် ထီထိုးသူက မရှိဘူးလေ၊ ထိုးတဲ့သူရှိရင်တော့ အစ်မတို့ကရောင်းမှာပေါ့” ဟု ထီလုပ်ငန်းရှင်အမျိုးသမီးက ဆိုသည်။ ထားဝယ်မြို့၊ ရှမ်းမလည်ဆွဲရပ်ကွက်ရှိ ထီဆိုင်တွင် တစ်လလျှင် စောင်ရေ ၁၂၀၀ ခန့်ယူရောင်းရာ ဖေဖော်ဝါရီလတွင်ထွက်မည့် ထီမှာ စောင်ရေ ၁၀၀၀ ကျန်ပြီး အရှုံးပေါ်သဖြင့် လုပ်ငန်းရပ်နားလိုက်ရသည်ဟု ဆိုင်ရှင်ဖြစ်သူက ဆိုသည်၊ထီရောင်းအားနည်းသဖြင့် […]

လောင်းလုံးတွင် အမျိုးသားတစ်ဦးကို သေနတ်ပစ်ဖမ်းရန် ကြိုးပမ်း

diz_admin

June 17, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ပြီး ဖမ်းဆီးရန်ကြိုးစားခဲ့သော်လည်း ယင်းအမျိုးသားမှာ လွတ်မြောက်သွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ညင်းမော်ကျေးရွာ စာသင်ကျောင်းအနီး ဆိုင်တစ်ဆိုင်တွင် ထိုင်နေသော အသက် ၄၀ ကျော်အရွယ် အမျိုးသား တစ်ဦးကို ယနေ့နံနက်ပိုင်းက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အမျိုးသားမှာ ထွက်ပြေးသွားခဲ့ကြောင်း ယင်းအမျိုးသား၏ မိတ်ဆွေဖြစ်သူက ပြောကြားသည်။ “သေနတ်တစ်ချက်တော့ ပစ်လိုက်တယ်။ သူ့ကိုတော့ထိလား မထိလားမသိသေးဘူး သူကတော့လွတ်မြောက်သွားတယ်”ဟု ၎င်းက ဆိုသည်။ မည်သည့်အ‌ကြောင်းကြောင့် လာရောက်ဖမ်းဆီးခဲ့သည်ကိုမှု မသိရသေးပေ။ညင်းမော်ရွာတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများ နေ့စဉ်ရှိသည်။ ညင်းမော်ရွာသည် ထားဝယ်မြို့၏ တောင်ဖက် ၁၄ မိုင်‌ကျော်အကွာတွင်တည်ရှိပြီး နိုင်ငံကျော်ပန်းပုဆရာကြီး ဦဟန်တင်၏ ဇာတိဖြစ်သည်။

မော်လမြိုင်တွင် တစ်ရက်တည်း ကိုဗစ်ကူးစက်ခံရသူ ၁၁ ဦးတွေ့

diz_admin

June 16, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးအထိ တွေ့ရှိခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ကိုဗစ်ကူးစက်ခံရသူ ၁၁ ဦးတွင် မော်လမြိုင် စျေးကြိုရပ်ရှိ ကမ္ဘာ့ရတနာဘဏ်မှ ဝန်ထမ်း ၈ ဦးနှင့် ထိတွေ့မိသားစုဝင် ၁ ဦး၊ မော်လမြိုင် အမှတ်(၉) အခြေခံ ပညာအထက်တန်းကျောင်းမှ ၁၀ တန်းကျောင်းသူတစ်ဦးနှင့် ထိတွေ့မိသားစုဝင် တစ်ဦးတို့ဖြစ်သည်။ထိုကြောင့် မော်လမြိုင်တွင် ဇွန်လ ၁၅ ရက်နေ့ တစ်ရက်တည်း၌ပင် ကိုဗစ်ကူးစက်ခံထားရသူ ၁၁ ဦးအထိ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “ပိုးကူးစက်ခံထားရသူတွေကို လက်ရှိ ၁၀ မြို့နယ်ဆောင်(မော်လမြိုင်တက္ကသိုလ်) နဲ့ ရောဂါအခံရှိတဲ့လူတွေ အသက်ကြီးသူတွေကို မဆရ-၅ မှာ ဆေးကုသမှုခံယူနေကြရတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မွန်ပြည်နယ်တွင် မေလဆန်းပိုင်းခန့်မှစပြီး […]

ဘုရားသုံးဆူမြို့ခံတစ်ဦး ထပ်မံပစ်သတ်ခံရ

diz_admin

June 16, 2021

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နေပြည်သူတစ်ဦး ဇွန်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံတို့ထံမှ သိရသည်။ဘုရားသုံးဆူမြို့ ရပ်ကွက် (၂) နေသူ ဦးမောင်ကျော်သည် ယနေ့နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က အမည်အသိ သေနတ်သမားတို့မှ ကားဖြင့် လာရောက် ပစ်သတ်သွားခြင်းဖြစ်သည်။ “သေနတ်သမားကတော့ ကားနဲ့ လာပစ်သွားတယ်လို့ ပြောတယ်၊ ခေါင်းထိသွားတယ်၊ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ပစ်သတ်ခံရသည့် ဦးမောင်ကျော်ဆိုသူသည် တပ်သတင်းပေးတစ်ယောက်ဟု ပြောဆိုနေကြသော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ မေလ ၁၉ ရက်နေ့တုန်းကလည်း ဘုရားသုံးဆူမြို့ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းကို အမည်အသိလူတစ်စုတို့က ဆိုင်ကယ်ဖြင့် လာရောက် ပစ်သတ်သွားခဲ့သည်။၎င်းပြင် ဇွန်လ ၈ ရက်နေ့ညနေခန့်ကလည်း မွန်ညီညွတ်ရေပါတီ၏ […]