ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မော်လမြိုင်တွင် လူငယ်နှစ်ဦး ပစ်သတ်ခံရ

diz_admin

June 21, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် ဇွန်လ ၂၀ ရက်နေ့ညက ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။ ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က မော်လမြိုင် ကျောက်မီးသွေးရုံးမီးပွိုင့်နေရာတွင် ရဲနှင့် စစ်တပ် အင်အား ၂၀ ခန့်တို့က ဖြတ်သန်းသွားလာနေသူတို့ကို တားဆီးစစ်ဆေးမှုပြုလုပ်နေခဲ့သည်။ထိုသို့ တားဆီးစစ်ဆေးနေစဉ် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးက ကျောက်မီးသွေးရုံး မီးပွိုင့်နေရာအရောက်တွင် ဆိုင်ကယ်ရပ်မပေးဟုဆိုကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတို့ထံမှ သိရသည်။ ပစ်သတ်ခံရသည့် လူငယ်နှစ်ဦးသည် ဘီလူးကျွန်း အဘစ်ကျေးရွာမှ မောင်မိုးဇော်ဦးနှင့် မောင်ဇော်မင်းဦးတို့ဖြစ်ကြောင်းလည်း သိရသည်။ “ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး ပစ်လိုက်တာ၊ ပစ်လိုက်ပြီးတော့ အဲအနားကို ဘယ်သူမှလည်း ပေးမကပ်ဘူး နောက် အချိန်နဲနဲကြာတော့မှ လူနာတင်ကားနဲ့ လာတင်သွားတယ် နှစ်ယောက်စလုံး သေသွားတယ်” ဟု […]

ရေဖြူ လွှတ်တော်ကိုယ်စားလှယ်၏ ဖခင် ထောင် ၂ နှစ် အချခံရ

diz_admin

June 21, 2021

တနင်္သာရီတိုင်း ရေဖြူမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦး‌ကျော်ဇေယျာစိုး၏ ဖခင်ဖြစ်သူ ဦးငွေစိုး(ခ) ဦးစန်းချုပ်အား ထောင် ၂ နှစ် အမိန့်ချမှတ်ခံရကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅- က ကြီးဖြင့် တရားစွဲခြင်းခံထားရသည့် ဦးငွေစိုး(ခ) ဦးစန်းချုပ်ကိုရုံးချိန်ခုနှစ်ချိန်း အမှုစစ်ဆေးအပြီး ဇွန်လ ၂၁ ရက်တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ ထားဝယ်ထောင်တွင်းအထူးတရားရုံးတွင် အမှုစစ်ဆေးပြီး ယင်းကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဦးကျော်ဇေယျာစိုးက ပြောသည်။ “အာဏာသိမ်းထားတာကိုက မတရားဘူးဆိုတာ သိနေပြီးသား။ သူတို့ရဲ့ လုပ်ရပ်အားလုံးကတော့ မတရားဘူးလို့ပဲခံစားရတယ်။ လတ်တလောကတော့ မတတ်သာလို့သာ ဖမ်းဆီးချုပ်နှောင်ခံနေရတာပါ” ဟု ဦးကျော်ဇေယျာစိုးက ဆိုသည်။ ဦးငွေစိုးသည် မတ်လ ၁၁ ရက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေစဉ် စစ်ကားသုံးစီးဖြင့်လာရောက် ဖမ်းဆီးခံလိုက်ရပြီးနောက် CDM လှုံဆော်အားပေးကူညီသည်ဟုဆိုကာ […]

တနင်္သာရီ အခြေခံပညာ သင်ကြားရေး ဆရာ၊ ဆရာမ ငါးရာကျော် လျှောက်ထား

diz_admin

June 21, 2021

တနင်္သာရီတိုင်းတွင် အခြေခံပညာ သင်ကြားရေး ဆရာ၊ ဆရာမ လျှောက်ထားသူ ၅၆၂ ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ Ph.D ဘွဲ့၊ မဟာဘွဲ့၊ B.A ဘွဲ့၊ B.Sc ဘွဲ့၊ PED ဘွဲ့ရသူများနှင့် ဂုဏ်ထူးတန်းအောင်သူများကို သက်ဆိုင်ရာဘွဲ့အလိုက် အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြအဖြစ် ခန့်အပ်ရန် စီစဉ်နေသည်။ သင်ကြားရေးဆရာ လျှောက်ထားမှုကို မေလ နောက်ဆုံးအပတ်မှ ဇွန်လ ၁၅ ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှတဆင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု အထက်ပါဌာနထံမှ သိရသည်။ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်များတွင် လူတွေ့၊ နုတ်ဖြေ၊ ရေးဖြေအင်တာဗျူးများကို လာရောက်ဖြေဆိုသူ ၅၀၀ ဦးရှိကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အလုပ်ခန့်တာကတော့ ရုံးချုပ်က စာကျလာတဲ့အချိန်ခန့်မှာပေါ့” ဟု […]

သရက်ချောင်း ပိန်းတောသပိတ်စစ်ကြောင်းဖြိုခွဲခံရပြီး လေးဦးအဖမ်းခံရ

diz_admin

June 19, 2021

သရက်ချောင်းမြို့နယ် ပိန်း‌တောသပိတ်စစ်ကြောင်းသည် ယနေ့မွန်းလွဲ ၂ နာရီခန့်က သေနတ်ပစ်ဖောက်ဖြိုခွင်းခံရပြီး အမျိုးသမီးလေးဦးအဖမ်းခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ပိန်းတော၊ ပန်းချီရှောင်၊ ပန်းပြင် ကျေးရွာများပူးပေါင်းသပိတ်စစ်ကြောင်းသည် လှည့်လည်ဆန္ဒပြပြီး ပန်းချီရှောင်သင်္ချိုင်းအနီးတွင် လူစုခွဲနေချိန် သေနတ်ပစ်ဖောက်ဖြိုခွင်းခံရခြင်းဖြစ်ကြောင်း စစ်ကြောင်းတွင်ပါဝင်သူတစ်ဦးက ပြောသည်။ “သေနတ်တစ်ချက်၊ နှစ်ချက်ဖောက်လိုက်သေးတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဆိုင်ကယ်ထားခဲ့ပြီး ပြေးတာ” ဟု ၎င်းကဆိုသည်။ ဆန္ဒပြစစ်ကြောင်းတွင်ပါဝင်သူများ၏ ဆိုင်ကယ်အစီး‌ရေ သုံးဆယ်ကျော်လည်း သိမ်းဆည်းခံရကြောင်း‌ ဒေသခံ အချို့က ဆိုသည်။ ဖမ်းဆီးခံရသည့် အမျိုးသမီးလေးဦးအနက် တစ်ဦးမှာ ဘုန်းကြီးကျောင်းသို့လာချိန်တွင် အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မြိတ်တွင် လျှပ်စစ်မီတာခ တစ်ယူနစ် စျေး ခုန်တက်

diz_admin

June 19, 2021

မြိတ်ခရိုင်အတွင်း လျှပ်စစ်မီတာခ ဈေးနှုန်းမှာ မေလတွင် ရုတ်တရက် ခုန်တက်သွားပြီး တစ်ယူနစ်လျှင် ကျပ်လေးရာနီးပါးအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ ဧပြီလက တစ်ယူနစ်လျှင် ၂၉၅ ကျပ်မှ မေလတွင် ၃၈၅ ကျပ်ပေးဆောင်ရသဖြင့် တစ်လအတွင်း တစ်ယူနစ်လျှင် ကိုးဆယ်ကျပ် အထိ စျေးတက်သွားခြင်းဖြစ်သည်။ “အဆမတန် ခုန်တက်သွားတာဆိုတော့ ကိုဗစ်ကာလမှာ ပြည်သူ‌တွေ အခက်အခဲဖြစ်ရတာပေါ့” ဟု လျှပ်စစ်မီးသုံးစွဲသူတစ်ဦးဖြစ်သည့် မြိတ်မြို့နယ် ဘုတ်ချောင်းရွာနေ ဦးကိုဦးက ပြောပြသည်။ ထို့ပြင် လျှပ်စစ်မီးအသုံးပြုသည့် အသေးစားလုပ်ငန်းတစ်ချို့ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။ “မီတာခတွေ တက်လာရင် လုပ်ငန်းလည်ပတ်ရာမှာ ထိခိုက်သွားတယ်” ဟု မြိတ်တောင်ရပ်ကွက်ရှိ အသေးစား တွင်ခုံလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ အဆိုပါတွင်ခုံလုပ်ငန်းတွင် တစ်လလျှင် ပျမ်းမျှ ယူနစ် နှစ်ရာအထိ သုံးစွဲနေရသဖြင့် မေလအတွက် […]

တနင်္သာရီတိုင်းသို့လာချိန် ကိုယ်အပူချိန်မြင့်နေပါက သွေးတွင်းအောက်ဆီဂျင် တိုင်းရမည်

diz_admin

June 19, 2021

တနင်္သာရီတိုင်းအတွင်းသို့ လာရောက်ချိန်တွင် ကိုယ်အပူချိန်မြင့်မားနေပါက သွေးတွင်းအောက်ဆီဂျင်တိုင်းရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇွနလ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အခြားပြည်နယ်နှင့် တိုင်းမှလာရောက်သူများ ကိုယ်အပူချိန်မြင့်မားနေခြင်းနှင့် ကိုဗစ်သံသယလက္ခဏာများ တွေ့ရှိပါက လက်ချောင်းထိပ်တွင် သွေးတွင်းအောက်ဆီဂျင်တိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ သွေးတွင်းအောက်ဆီဂျင် သတ်မှတ်ပမာဏအောက် လျော့နည်းနေပါက ကိုဗစ်အမြန်စစ်ဆေးသည့် RDT ဖြင့် စစ်ဆေးမည်ဖြစ်ပြီး ဆေးစစ်သည့်ကုန်ကျစရိတ်အား ကာယကံရှင်ဘက်မှ သတ်မှတ်နှုန်းအတိုင်း ကျခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထိုသို့စစ်ဆေးခြင်းကို ထားဝယ်မြို့မှ ၄၆ မိုင်ခန့်ကွာဝေးသည့် ကလိန်အောင်တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်တွင် လုပ်ဆောင်မည်ဖြစ်သည်။ ယင်းအပြင် ခရီးသည်များ၏ အမည်၊ နေရပ်၊ ခရီးသွားရာဇဝင်နှင့် ဖုန်းနံပါတ်လည်း မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ နေအိမ်တွင်သာနေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မြို့နယ်များမှ လာသူများအား အသွားအလာကန့်သတ် […]

မွန်တွင် နှစ်ရက်အတွင်း ကိုဗစ်လူနာ ၁၀၀ ကျော်တွေ့

diz_admin

June 19, 2021

မွန်ပြည်နယ်တွင် နှစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၁ ဦးအထိ တွေ့ရှိခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇွန်လ ၁၉ ရက်နေ့ စစ်ဆေးချက်အရ မော်လမြိုင်မြို့နယ် တစ်ခုတည်းတွင် ကိုဗစ်အတည်ပြုလူနာ ၃၈ ဦးအထိ တွေ့ရှိခဲ့ပြီး သံဖြူဇရပ်မှ ၂၀ ဦး၊ သထုံမှ ၇ ဦး စုစုပေါင်း ၆၅ ဦးနှင့် ဇွန်လ ၁၈ ရက်နေ့တွင် ၃၆ ဦး တွေ့ရှိထားသည်။ မွန်ပြည်နယ်တွင် မေလဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှု ပြန်လည်တွေ့ရှိလာသည်။ ဇွန်လဆန်းပိုင်းခန့်မှစပြီး ရောဂါကူးစက်မှု ဆက်တိုက်တွေ့ရှိလာသည့်အပြင် သေဆုံးသူလည်း ၅ ဦးအထိ ရှိလာခဲ့သည်။ ကိုဗစ်အတည်ပြုလူနာများအနက် ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနှင့်ထိတွေ့မှုမရှိဘဲ အနံ့ပျောက်လက္ခဏာပြရာမှတစ်ဆင့် ပိုးတွေ့ရှိသူအများစုဖြစ်ပြီး ပြည်ပမှ ပြန်ဝင်လာသူများလည်းရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။ […]

လောင်းလုံး ရေဖြူကျေးရွာ သပိတ်စစ်ကြောင်း ဖြိုခွဲခံရ

diz_admin

June 19, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာသပိတ်စစ်ကြောင်းအား ယနေ့နံနက် ၁၁ နာရီခန့်က အရပ်ဝတ် လက်နက်ကိုင်မျာ ၏ လိုက်လံဖြိုခွဲခံရ‌ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းသပိတ်စစ်ကြောင်းသည် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာ အရောက်တွင် အရပ်ဝတ်လက်နက်ကိုင်ခြောက်ဦး စီးနင်းလိုက်ပါလာသည့် အဖြူရောင်အိမ်စီးကားတစ်စီးက သပိတ်စစ်ကြောင်းနောက်သို့ သေနတ်ဖောက်ကာ လိုက်နေကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။ အရပ်ဝတ် လက်နက်ကိုင်ကားဝင်လာသည့်လမ်းနှင့် သပိတ်စစ်ကြောင်း ချီတက်နေသည့်လမ်းမှာ မတူညီ‌သဖြင့် ဆန္ဒပြစစ်ကြောင်းတွင်ပါဝင်သူများ အဖမ်းမခံရဘဲ လူစုခွဲနိုင်ခဲ့သည်ဟုဆိုသည်။ “ရွာထဲမှာ သေနတ်သုံးလေးချက်ပစ်သံကြားရတယ်။ လယ်ထဲက တက်လာတဲ့ သူတွေကိုလည်း သေနတ်ထောက်ပြီး စစ်ဆေးနေကြတယ်” ဟု ၎င်းက ပြောသည်။ ထိုသို့ဖြိုခွင်းပြီးနောက်မှ ဆန္ဒပြရာတွင် မပါဝင်သူအချို့ အဖမ်းခံလိုက်ရ‌ကြောင်း ဒေသခံအချို့က ဆိုသည်။ ‌ရေဖြူဘက်က တက်လာသည့် ရဲကားနှင့် အံစာတုံးအမျိုးအစား ကားပေါ်တွင် ‌ခြောက်ဦးခန့်ဖမ်းခေါ်သွားသည်ကို မြင်ရကြောင်း […]