နိုင်ငံခြားငွေကြေး မူဝါဒသစ်ကြောင့် ရာဘာလုပ်ငန်းရှင်များ အခက်တွေ့
diz_admin
April 6, 2022နိုင်ငံခြားငွေကြေးမူဝါဒ အပြောင်းအလဲကြောင့် ရာဘာဈေးမဖွင့်ရဲဘဲ အခြေအနေကို စောင့်ကြည့်နေကြရကြောင်း ထားဝယ်အခြေစိုက် ရာဘာဒိုင်အချို့က ပြောသည်။ ပြည်ပမှ ဝင်ရောက်လာသည့် နိုင်ငံခြားငွေများကို မြန်မာကျပ်အဖြစ် ဝင်ရောက်သည့်နေ့မှ တစ်ရက်အတွင်း ပြောင်းလဲ၍ မြန်မာကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယင်းသို့ကျပ်ငွေသို့ ပြောင်းလဲရာတွင်လည်း အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ် နှုန်းဖြင့် လဲလှယ်ရမည်ဖြစ်ပြီး နိုင်ငံခြားသုံးငွေကို ပြည်ပသို့ လွှဲပြောင်းမည်ဆိုပါက နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဖြင့်လဲလှယ်ရမည်ဆိုသည့် အချက်က နိုင်ငံခြားသို့ ရာဘာတင်ပို့ရောင်းချနေသူများအတွက် ထိခိုက်မူရှိကြောင်း ထားဝယ်မြို့ရှိ ရာဘာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “အရင်ဒေါ်လာဈေးက ၂၀၀၀ ကျော်မှာရှိနေတယ်။ အခုက ၁၈၅၀ […]


