ကြံခိုင်ရေးပါတီဝင်တစ်ဦးနှင့် ဒလန်ဟုနာမည်ထွက်သူတစ်ဦး ပစ်သတ်ခံရ
diz_admin
April 10, 2022ထားဝယ်ခရိုင်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးနှင့် ဒလန်ဟု နာမည်ထွက်သူ အမျိုးသားတစ်ဦးတို့ ဧပြီလ ၉ ရက်နေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှ ဦးဆီဇာလွင် (ခ) ဒန်းဂါးဆိုသူသည် ယင်းနေ့ညနေ လေးနာရီ ခန့်က သူ၏ ဝက်မွေးမြူရေခြံတွင် ပစ်ခတ်ခံရပြီး ဦးခေါင်းကို ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း နီးစပ်သူတစ်ဦးက ပြောဆိုသည်။ “လေးချက် ပစ်ခံရတယ်” ဟု ၎င်းက ဆိုသည်။ ယင်းနောက် ၎င်း၏ရုပ်အလောင်းကို အရေးပေါ်ကားဖြင့် တင်ဆောင်ကာ ထားဝယ်မြို့သို့ သယ်ဆောင် သွာပြီး ယနေ့ (ဧပြီ ၁၀) နံနက်ပိုင်းအထိ ကျေးရွာသို့ ပြန်လည်သယ်ဆောင်လာခြင်း မတွေ့ရသေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဦးဆီဇာလွင်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရပ်ကျေးအဆင့်ပါတီဝင်ဖြစ်ကြောင်း ၎င်းတို့ထံ […]


