တိုက်ခိုက်ခံရမှုကြောင့် လောင်းလုံးမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး တိမ်းရှောင်
diz_admin
April 8, 2022အမည်မသိအဖွဲ့တစ်ခု၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသည့် ထားဝယ်ခရိုင် လောင်းလုံးမြို့ (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းမှာ မိသားစုနှင့်အတူ တိမ်းရှောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဦးမင်းသိန်းမှာ (ဃ) ရပ်ကွက် လောင်းလုံးမြို့နယ်တရားရုံးနှင့် မြို့မအားကစားကွင်းအနီးရှိ နေအိမ်ထဲတွင် ရှိနေစဉ် ဧပြီလ ၇ ရက်နေ့ နေ့လယ်ပိုင်းက အဖွဲ့တစ်ခု၏ လာရောက်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားကြောင်း ယင်းရပ်ကွက်နေသူတစ်ဦးကပြောသည်။ “သေနတ်ဒင်နဲ့ ခေါင်းကိုထုသွားတယ်လို့ပြောတယ်” ဟု အခင်းဖြစ်ပြီးနောက် နေအိမ်သို့ သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။ အခင်းဖြစ်ပွားပြီးနောက် ဦးမင်းသိန်းအား ရဲကားဖြင့် လာရောက်ခေါ်ဆောင်သွားပြီး ယင်းမှတစ်ဆင့် အခြား နေရာတစ်ခုသို့ မိသားစုအလိုက် တိမ်းရှောင်သွားပြီဖြစ်ကြောင်း ယင်းရပ်ကွက်သားတစ်ဦးက ဆိုသည်။ ဦးမင်းသိန်းမှာ NLD အစိုးရလက်ထက်မှ ယနေ့အချိန်အထိ (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ယူထားသူဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဦးမင်းသိန်းဖြစ်စဉ်နှင့် […]


