တနင်္သာရီ ညောင်ပင်ကွင်းရွာ ပျူစောထီးခေါင်းဆောင်ဟု နာမည်ထွက်သူ ပစ်သတ်ခံရ
diz_admin
April 12, 2022တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာနေ ပျူစောထီးခေါင်းဆောင်ဟု နာမည်ထွက်သူ ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ညောင်ပင်ကွင်းကျေးရွာတွင် နေထိုင်သူ အသက် ၅၀ ကျော်ဝန်းကျင်ရှိ ဦးဌေးဦး နေအိမ်တွင်ရှိနေစဉ် ဧပြီလ ၁၁ ရက် ည ၇ နာရီ ကျော်ခန့်တွင် အမည်မသိလူတစ်စုမှ လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “သူက ဟိုးအရင်ကတည်းက ပြည်သူ့စစ်ခေါင်းဆောင်လုပ်လာတဲ့ သူပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးဌေးဦး အသတ်ခံရပြီးနောက် ယနေ့ (ဧပြီ ၁၂) နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ကျေးရွာသို့ ရောက်ရှိလာပြီး အလောင်းအား လာရောက်စစ်ဆေးကြောင်း ရွာသားများက ဆိုသည်။ ၎င်းအား မည်သည့်အဖွဲ့က ပစ်သတ်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။ အဆိုပါဖြစ်စဉ်နှင့် […]


