မြိတ်ခရိုင်မှ ၅၆ ဦးလွတ် နိုင်ငံရေးအကျဉ်းသားမပါ
diz_admin
April 17, 2022စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြိတ်ခရိုင်မှ အကျဉ်းသား ၅၆ ဦးလွတ်မြောက်သော်လည်း နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းချခံထားရသူများမပါကြောင်း သိရှိရသည်။ မြိတ်ခရိုင်အကျဉ်းထောင်မှ အကျဉ်းသား ၉ ဦးနှင့် အကျဉ်းသူ ၂ ဦးစုစုပေါင်း ၁၁ ဦးလွတ်ငြိမ်းတွင်ပါကြောင်း မြိတ်အကျဉ်းထောင်မှ တာဝန်ရှိသူကပြောသည်။ ယင်းအပြင် မြိတ်မြို့နယ်ကျောက်ဖြူတောင် ကုန်ထုတ်စခန်းမှ အကျဉ်းသား ၂၁ ဦးနှင့် နတ်စင်ကုန်ထုတ်စခန်းမှ အကျဉ်းသား ၂၄ ဦးလည်း လွတ်ငြိမ်းဖြင့် လွတ်လာကြောင်း မြိတ်ခရိုင်/ပြန်/ဆက် ကထုတ်ပြန်ထားသည်။ ယင်းကြောင့် မြိတ်ခရိုင်မှ ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်အကျဉ်းသား ၅၆ ဦးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိအကျဉ်းထောင်များမှ အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း ၁၅၇၇ ဦးနှင့် နိုင်ငံခြားသား ၄၂ ဦးကို လွှတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။ “ဒီနေ့လွတ်တဲ့အထဲမှာ […]


