ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် လျှပ်စစ်စက်ဘီးများ အရောင်းသွက်

diz_admin

April 22, 2022

ဆိုင်ကယ် ဈေးနှုန်းနှင့် စက်သုံဆီဈေးနှုန်းများ မြင့်တက်သွားသဖြင့် မြိတ်မြို့တွင် လျှပ်စစ်စက်ဘီး (E-Bike) ဈေးကွက်အတွင်း ဝင်ရောက်မှု များပြားလာပြီး အရောင်းသွက်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ မော်လ်ဒယ်မြင့် မော်တော် ဆိုင်ကယ်များ ဈေးနှုန်းအဆမတန် မြင့်တက်လာပြီးနောက် လျှပ်စစ်စက်ဘီးများ ‌ဈေးကွက်အတွင်း နေရာယူလာခြင်းဖြစ်ကြောင်း E-Bike အရောင်းဆိုင်အချို့ထံမှ သိရသည်။ မော်‌ဒယ်မြင့်မော်တော်ဆိုင်ကယ်များမှာ ယခင်ဈေးနှုန်းထက် နှစ်ဆနီးပါးခန့် ဈေးမြင့်တက်လာသဖြင့် E-Bike ဝယ်စီးရခြင်းဖြစ်ကြောင်း ဝယ်စီးသူအချို့က ပြောသည်။ “ဆိုင်ကယ်တွေဈေးကြီးတယ်။ မဝယ်နိုင်ဘူး။ ဆီဈေးလည်းတက်နေတာ စက်ဘီးပဲ ဝယ်စီးမှာပေါ့” ဟု ဘတ်ထရီစက်ဘီး ဝယ်စီးနေသည့် မြိတ်တောင်နယ်‌မြေမှ အသက် ၂၀ နှစ်ကျော်အရွယ် လူငယ်တစ်ဦးက ပြောသည်။ မော်လ်ဒယ်မြင့် ဗီယက်နမ်ထုတ် Wave 100 ဆိုင်ကယ်တစ်စီး၏တန်ဖိုးသည် ဘတ်ထရီစက်ဘီး လေးစီး၏တန်ဖိုးနှင့် ညီမျှကြောင်း အရောင်းဆိုင်အချို့ထံမှ […]

တကူကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

diz_admin

April 22, 2022

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ယနေ့ (ဧပြီ ၂၂) နံနက် ၆နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ကာ သံတိုက်ရပ်ကွက်တွင် နေထိုင်သည့် တကူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ငွေကို ပစ်ခတ်သွားခြင်းဖြစ်ပြီး ပစ်ခတ်ခံရသည့် နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ “သေနတ်သံတွေ လေးငါးချက်လောက် ကြားရတယ်” ဟု တကူကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ တကူကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ငွေအား အုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်ရန် PDF အဖွဲ့များမှ သတိပေးမှုများရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းကို ပစ်ခတ်ရသည့် အကြောင်းအရင်းနှင့် မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။ ၂၀၂၁ ခုနှစ် […]

တနင်္သာရီမြို့နယ် သိန္ဒောရွာတွင် တိုက်ပွဲထပ်ဖြစ်

diz_admin

April 21, 2022

တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် ယနေ့ (ဧပြီ ၂၁) ညနေ ၄ နာရီခွဲဝန်းကျင်က တိုက်ပွဲထပ်မံ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ သိန္ဒောကျေးရွာရှိ စစ်ကောင်စီတပ်နှင့် PDF တပ်တို့ မိနစ် ၂၀ ခန့်ကြာ ပစ်ခတ်ကြပြီးနောက် လက်နက်ကြီး ငါးချက်ခန့်လည်း ပစ်ခတ်သံကြားရကြောင်း ဒေသခံများကပြောသည်။ သိန္ဒောကျေးရွာတွင် တပ်စွဲထားသည့် စခန်းကို PDF က အနီးကပ် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။   ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့နှင့် တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအင်အားစု (SWDF) တို့က သိန္ဒောကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ယမန်နေ့ကလည်း ယင်းရွာ လှေဆိပ်တွင်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးခဲ့ကြောင်း […]

မြန်မာနိုင်ငံသားများ တရားမဝင်သယ်ဆောင်လာသည့်ကား ထိုင်းမြောက်ပိုင်းတွင် တိမ်းမှောက်

diz_admin

April 21, 2022

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသော ယာဉ်တစ်စီးမှ ထိုင်းမြောင်ပိုင်း ချင်းရိုင်ခရိုင်တွင် တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါလာသူအချို့ကို ဒဏ်ရာများဖြင့်ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်သည်။ ယနေ့ (ဧပြီ ၂၁) မနက်ပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့၊ စန်ပါစပ်ရွာနားရှိ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်တွင် လူ ၃၀ ခန့်တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးကို မသင်္ကာ၍ ရပ်တန့်ရန် အချက်ပြသော်လည်း ရပ်တန့်ခြင်းမရှိဘဲ မောင်းပြေးသွားသောကြောင့် မယ်ဆိုင်မြို့ Wat Thamphum အရှေ့ရှိ လမ်းကွေ့တစ်နေရာတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Bangkok Post သတင်းဌာန၏ ဖော်ပြထားချက်အရသိရသည်။ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ယာဉ်ပေါ်တွင်ပါလာသော မြန်မာနိုင်ငံသားများ ကားပေါ်မှလွင့်စင်ထွက်သွားပြီး ကားသမားနှင့် ယာဉ်ပေါ်ပါလာသူ အများစုမှာ တောထဲသို့ ထွက်ပြေးသွားကြောင်း၊ တိမ်းမှောက်နေသော ကားဘေး‌တွင် မြန်မာ ၆ ဦးသာ ဖမ်းဆီးရမိခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ အဆိုပါ […]

လောင်းလုံးတွင် မှုခင်းသတင်းထောက်တစ်ဦး၏ကား ပစ်ခတ်ခံရ

diz_admin

April 21, 2022

လောင်းလုံး – ထားဝယ် လမ်းတွင် ယနေ့ (ဧပြီ ၂၁) နံနက်ပိုင်းက ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် မှုခင်း သတင်းထောက်တစ်ဦး စီးနင်းလာသည့်ကား သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့ ကညုံရပ်ကွက်တွင် နေထိုင်သော မှုခင်းသတင်းထောက် ဦးခင်မောင်ကြီး၏ ကားဖြစ်‌ပြီး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းကားပေါ်တွင် လူနှစ်ဦး လိုက်ပါလာသည်ဟု သိရှိရပြီး ပစ်ခတ်ခံရပြီးနောက် ထားဝယ်ဖက်သို့ မောင်းထွက်လာပြီးနောက် ထားဝယ်မြို့အဝင် ကမြောကင်းတံတားဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။ “ကားမှန်တွေတော့ ကွဲကြေသွားတာ တွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခြင်း ရှိမရှိကိုမူ မသိရပေ။ “မနက်ရှစ်နာရီလောက်က ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာ သူ့ကားကို ဓာတ်ပုံရိုက်နေတာ မှတ်တမ်းယူနေတာ […]

ထားဝယ်မြို့လယ်ရှိ Mytel အရောင်းပြခန်း ပစ်ခတ်၊ ဖောက်ခွဲခံရ

diz_admin

April 21, 2022

ထားဝယ်မြို့ အာဇာနည်လမ်း ကရပ်ပြင်လမ်းဆုံအနီးရှိ Mytel အရောင်းပြခန်း ယနေ့ (ဧပြီ ၂၁) မွန်းလွဲ ၂ နာရီခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ပေါက်ကွဲမှု ထပ်ဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ အမည်မသိ အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး အဆိုပါ Mytel အရောင်းပြခန်း ဝင်ပေါက်ရှိ CCTV အား သေနတ်ဖြင့် ခုနစ်ချက်ခန့် ပစ်ခတ်ကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ ယင်းသို့ပစ်ခတ်ပြီး ဆယ်မိနစ်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးရန် မရောင်းပြခန်းအနီးသို့ အရောက်တွင် ပေါက်ကွဲမူတစ်ခု ထပ်မံဖြစ်ပွားကြောင်း ၎င်းက ပြောကြားသည်။ ပေါက်ကွဲမူကြောင့် အရောင်းပြခန်း မှန်ကွဲသွားပြီး ဆိုင်အတွင်းရှိ ဝန်ထမ်းများနှင့် လာရောက် စစ်ဆေးသူ များတွင်မူ ထိခိုက်ဒဏ်ရာရသည်ဟု မကြားရသိရကြောင်း ၎င်းက ဆိုသည်။ “ဝန်ထမ်းတွေကို […]

တနင်္သာရီ သိန္ဒောကျေးရွာတွင် တိုက်ပွဲဖြစ်

diz_admin

April 20, 2022

တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ (ဧပြီ ၂၀) တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပြီး နေ့လယ် ၁၂ နာရီခွဲဝန်းကျင်အထိ ပစ်ခတ်သံများ ကြားနေရသေးကြောင်း ဒေသခံများက ပြောသည်။ “ချောင်းဟိုဖက်ဒီဖက် ပစ်နေကြတယ်။ စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့လည်း ထုနေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက နေ့လယ် ၁၂ နာရီဝန်းကျင်က ပြောဆိုသည်။ တိုက်ပွဲကြောင့် စစ်ကောင်စီတပ်သားတစ်ဦး ကမ်းနားလှေဆိပ်တွင် လဲကျနေပြီး သေဆုံးနိုင်ဖွယ်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲတွင် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။ သိန္ဒောလှေဆိပ်တွင် ဆက်ကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ကို နံနက် ၉ နာရီခွဲတွင် သွားရောက်ပစ်ခတ်ခဲ့ကြောင်း […]

သရက်ချောင်းမြို့နယ် ပန်းပြင်ရွာနှင့် သရက်နှစ်ခွရွာကြားတွင် တိုက်ပွဲဖြစ်

diz_admin

April 20, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်ဘေးးရှိ ပန်းပြင်ရွာနှင့် သရက်နှစ်ခွရွာကြားရှိ ဥတ္တူတံတားအနီး စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ ယနေ့ (ဧပြီ ၂၀) ရက် နံနက် ၅ နာရီခန့်မှ ၇ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ ဥတ္တူတံတားတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည်မှာ ကြာပြီဖြစ်ပြီး ယင်းတပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF က လာရောက်တိုက်ခိုက်တာဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။ သေနတ်သံများကို နံနက် ၇ နာရီခန့်အထိ ကြားရကြောင်း သရက်နှစ်ခွကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သေနတ်သံတွေကတော့ ဆူညံနေရောပဲ။လက်နက်ကြီးသံတွေလည်း တဂျိမ်းဂျိမ်းပဲ အသံကြားနေတာ၊ မိုင်းခွဲသံအကြမ်းကြီး နှစ်လုံးကြားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲဖြစ်ပြီး များမကြာမီတွင် စစ်ကောင်စီဘက်က စစ်ကူတက်လာသည့် စစ်တပ်ကားမှာ ပိန်းတောရွာနှင့် ပန်းပြင်ရွာကြားရှိ […]