ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဆယ်ကျော်သက်မြန်မာမိန်းက‌လေး ထိုင်းတွင် အဓမ္မပြုကျင့်ခံရမှု ဖြစ်ရပ်

diz_admin

April 25, 2022

ထိုင်းနိုင်ငံသား တက္ကစီယာဉ်မောင်းတစ်ဦးက ဆယ်ကျော်သက်မြန်မာမိန်းက‌လေးတစ်ဦးကို လက်ထိပ်ခတ်ပြီး အတင်းအဓမ္မပြုကျင့်မှု ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယခုဧပြီလ အစောပိုင်းတွင် ဖြစ်ပွားခဲ့သည်။ အသက် ၃၇ အရွယ် Adrik Sae Bae အမည်ရှိ ထိုင်းနိုင်ငံသားသည် မြန်မာမိန်းကလေးအား အလုပ်ရှင်နှင့် တွေ့ပေးမည်ဟု လိမ်လည်ပြီး မိုတယ်တစ်ခုသို့ခေါ်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ဧပြီလ ၂၃ ရက်နေ့တွင် ပြောဆိုထားသည်။ မြန်မာမိန်းကလေးမှာ အသက် ၁၇ နှစ်အရွယ်သာရှိသေးပြီး ဘန်ကောက်မြို့တွင် အလုပ်ရှာဖွေနေသူ ဖြစ်သည်။ ထိုင်းစကားကျွမ်းကျင်သော အဒေါ်ဖြစ်သူက Facebook ပေါ်တွင် Post တင်ပြီး အလုပ်ရှာပေးရန် အကူအညီတောင်းခံပြီးနောက် ယင်းဖြစ်ရပ်ကြုံရခြင်းဖြစ်သည်။ ပရိုဖိုင်းအတုဖြင့် ထိုင်းတက္ကစီသမားသည် ယင်း Post အောက်တွင် “အလုပ်ပေးမယ်။ မိန်းက‌လေးကို လာကြိုရန်အတွက် တက္ကစီတစ်စီး လွှတ်လိုက်မယ်” […]

ထိုင်းတွင် မြန်မာလုပ်သား ၅၀ ကျော် အဖမ်းခံရ

diz_admin

April 25, 2022

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၆ ဦးကို ဧပြီလ ၂၄ရက်နေ့က ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၅၆ ဦးတို့ကို မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယင်းသို့ ဖမ်းမိသူများအနက် ဖျားနာနေသူ တစ်ဦးပါဝင်ပြီး ကိုဗစ်ပိုး ကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးပြီးနောက် တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အထက်ပါဌာနက ထုတ်ပြန်သည်။ ကျန် ၅၅ ဦးကိုမူ ဥပဒေကြောင်းအရ အရေးယူရန် သက်ဆိုင်ရာ ရဲစခန်းသို့ ပို့ဆောင်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါမြန်မာရွှေ့ပြောင်းအလုပ်သမားတို့မှာ ပဲခူးတိုင်း၊ […]

ပုလောတွင် ကြံ့ခိုင်ရေး အမတ်ဟောင်း၏ နေအိမ်ရှေ့ဗုံးပေါက်

diz_admin

April 25, 2022

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှစိုး၏ ပုလောမြို့နယ် နေအိမ်ရှေ့၌ ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၄ ရက်ည ၉ နာရီဝန်းကျင်က ပုလောမြို့ဈေးအနီးရှိ ဦးလှစိုး၏ နေအိမ်ရှေ့တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “အသံက တော်တော်ကျယ်တယ်။ ကျွန်တော်တို့က ထွက်ကြည့်မရဲကြဘူး” ဟု ပုလောဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ ပေါက်ကွဲမှုကြောင့် ဦးလှစိုးနေအိမ် မျက်နှာချင်းဆိုင်ရှိ ဖိနပ်ရောင်းသည့်နေအိမ်မှ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားကြောင်း၊ ပုလောဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။ “ဦးလှစိုးအိမ်က တိုက်အမြင့်ကြီး။ သူကအိမ်ထဲက အပြင်မထွက်ဘဲ နေတာကြာပြီ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ ဗုံးဖောက်ခွဲမှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ […]

လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ခလယ်-တံခွန်တိုင်ဒေသခံများ ထွက်ပြေးတိမ်းရှောင်

diz_admin

April 24, 2022

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ဘက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ယနေ့ (ဧပြီ ၂၄) ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၂၃ ရက်နေ့ ည ၁၀ နာရီအချိန်က ခလယ်‌၊ တံခွန်တိုင်၊ နန်းသိုင်းထွန်း၊ ပုလိမ်အစရှိသည့် ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ထိတ်လန့်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “ညက လက်နက်ကြီးတွေနဲ့ ပစ်တာ တော်သေးလို့ ရွာထဲမကျဘဲ ရွာနားက ရော်ဘာခြံတွေမှာ ကျတယ်။ ဒီလိုပစ်နေတော့ ရွာမှာ မနေရဲကြတော့ဘူး။ အဓိက ခလေးတွေ လူကြီးတွေ ရှောင်ကုန်ကြတယ်” ဟု ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက မုဒုံမြို့ပေါ်သို့ […]

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်း မီးရှို့ခံရ

diz_admin

April 24, 2022

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ဧပြီလ ၂၄ ရက် နေ့လယ်ပိုင်းတွင် PDF အဖွဲ့က မီးရှို့လိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းရဲကင်းစခန်းသည် ထားဝယ်မြို့မှ ဆယ်မိုင်ခန့်အကွာ ထားဝယ်- မေတ္တာ- ထီးခီးသွားလမ်းပေါ် ပကာရီကျေးရွာအဝင်တွင် တည်ရှိသည်။ ယင်းရဲကင်းစခန်းအတွင်း ရဲတပ်ဖွဲ့ဝင်များ မနေသည်မှာ တစ်နှစ်နီးပါးခန့်ရှိပြီဖြစ်ပြီး ပကာရီကျေးရွာ အနီးနားကို စစ်ကြောင်းထိုးသည့်အခါမျိူးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲလေ့ရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အဲဒီရဲစခန်းက ပြာကျသွားပြီ။ PDF အဖွဲ့‌တွေ လမ်းလျှောက်သွားပြီး မီးရှို့လိုက်ကြတာ။ မီးလောင်နေ တယ်လို့ သတင်းကြားတဲ့အချိန်ဆို (နေ့လယ်) ၁၂ နာရီလောက်ရှိနေပြီ” ဟု ၎င်းက ဆိုသည်။ ရဲကင်းစခန်း မီးလောင်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ သေးကြောင်း ဒေသခံများက ဆိုသည်။ ပကာရီရဲကင်းစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က […]

B.Ed. ကို ဝင်ခွင့်မစစ်ဘဲ တက်ရောက်ခွင့်ပြုနေ၊ ထားဝယ်တွင် ၃၀၀ ကျော်တက်

diz_admin

April 24, 2022

ပညာရေးဘွဲ့ (B.Ed.) စာပေးစာယူ ပထမနှစ်သင်တန်းကို ထားဝယ်ပညာရေး ဒီဂရီကောလိပ်တွင် ဧပြီလ ၂၀ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ရာ ဆရာ/ဆရာမ ၃၀၆ ဦးတက်ရောက်နေကြောင်း တနင်္သာရီတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်သည်။ အခြေခံပညာကျောင်းများတွင် အထက်တန်းပြ ဆရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ပညာရေးဆိုင်ရာ (B.Ed.) ဘွဲ့မရသေးသူ ဆရာ၊ ဆရာမများ တက်ရောက်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်းတက်ရောက်ရန်အတွက် ယခင်နှစ်များကဲ့သို့ ဝင်ခွင့်ဖြေစရာမလိုဘဲ လုပ်သက်တန်းစီဇယားအရ သင်တန်းတက်ရောက်ခွင့်ပြုခြင်းဖြစ်ပြီး ၂၀၂၁ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် လုပ်သက်အနည်းဆုံး ၅ နှစ် ရှိရမည်ဖြစ်သည်။ ယခင်နှစ်များတွင် ပညာရေးဘွဲ့ စာပေးစာယူပထမနှစ် သင်တန်း‌တက်ရောက်ရန်အတွက် လုပ်သက် ၅ နှစ်ပြည့်ပြီးသော အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်များ […]

ဗြိတိန်တွင် အိုမီခရွန်မျိုးကွဲသစ် ကူးစက်ခံရသူ တစ်ထောင်ကျော်အထိရောက်ရှိ

diz_admin

April 24, 2022

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများစွာနှင့် ရုန်းကန်ရင်ဆိုင်နေရသည့် ဗြိတိန်နိုင်ငံတွင် အိုမီခရွန်မျိုးစိတ်ကွဲ အသစ်တစ်ခုကို တွေ့ရှိထားပြီ ကူးစက်ခံရသူ တစ်ထောင်ကျော်အထိ ရောက်ရှိလာပြီဖြစ်သည်။ ရောဂါကူးစက်ပျံ့နှံ့မှုမှာ ယခင်ကာလများက ကျဆင်းနေခဲ့ပြီး ကိုဗစ်ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်များကို ဖြေလျှော့ပေးခဲ့ခြင်းကြောင့်လည်း လူများစွာမှာ လွတ်လပ်စွာပင် သွားလာလှုပ်ရှားနေခဲ့သည်။ ယခုမူ ပို၍ပျံ့နှံ့ကူးစက်လွယ်နိုင်သော မျိုးရိုးဗီဇပြောင်းလဲလာသည့် ကိုဗစ်ဗိုင်းရပ်စ်မျိုးစိတ်ကွဲကို တွေ့ရှိထားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း သတိပေးလာသည်။ အမျိုးသား စာရင်းအင်းဌာန၏ အဆိုအရ ဗြိတိန်တွင် ပြီးခဲ့သော ရက်သတ္တပတ်စာရင်းအရ လူပေါင်း ၄ ဒသမ ၉ သန်းအထိ ကိုဗစ်ကပ်ကာလအတွင်း စံချိန်တင် ကူးစက်ခံခဲ့ရသည်ဟု သိရသည်။ မျိုးစိတ်ကွဲအသစ်အကြောင်း သိထားသမျှ XE မျိုးစိတ်ကွဲမှာ အိုမီခရွန်မျိုးစိတ်ကွဲ နှစ်ခုဖြစ်သည့် BA.1 နှင့် BA.2 တို့ မျိုးရိုးဗီဇ ပေါင်းစပ်ပါဝင်သော မျိုးစိတ်ကွဲဟု ဆိုနိုင်သည်။ ပြီးခဲ့သည့် အပတ်က ထုတ်ပြန်သော အစီရင်ခံစာတစ်ခုတွင် အိုမီခရွန်မျိုးစိတ်ကွဲနှစ်ခု ပြန်လည်ပေါင်းစပ်ကာ ထွက်ပေါ်လာသော […]

ပုလော ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ပစ်ခတ်ခံရ

diz_admin

April 24, 2022

ပုလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အတွင်းရေးမှူး ဦးဇာနည်အောင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဦးခေါင်းတွင် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဦးဇာနည်အောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ဦးဇာနည်အောင်ကို အမည်မသိအဖွဲ့တစ်ဖွဲ့က ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ပုလောဒေသခံများက ပြောသည်။ “ချက်ချင်းပဲ နာရေးကားနဲ့ မြိတ်ဆေးရုံကို ပို့လိုက်တယ်။ သေတယ်လို့တော့ မကြားရသေးဘူး” ဟု ပုလောမြို့ခံတစ်ဦးက ဧပြီလ ၂၄ ရက် နံနက်ပိုင်းက ပြောဆိုသည်။ ဦးဇာနည်အောင်အား မည်သည့်အဖွဲ့က၊ မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ် သွားသည်ကို မသိရသေးပေ။ ဦးဇာနည်အောင်သည် သတင်းပေးတစ်ဦးဖြစ်ပြီး ဖမ်းဆီးခံထားရသည့် မိသားစုများထံမှ ငွေကြေး […]