ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

Mytel တာဝါတိုင်များကို ဆီလိုက်ဖြည့်သည့်ကား မီးရှို့ခံရ

diz_admin

April 28, 2022

လောင်းလုံးမြို့နယ် ကြက်ယက်တွင်းကျေးရွာအနီးတွင် ယနေ့ (ဧပြီ ၂၈) နံနက် ၁၀ နာရီခန့်က ဆီသယ်ကားတစ်စီး မီးရှို့ခံလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။ အပြာရောင်ဆီပေပါများ တင်ဆောင်လာသည့် ဒိုင်နာအမျိုးအစား အဖြူရောင်ကား မောင်းနှင်လာချိန်တွင် ပေါက်ကွဲသံ၊ ပစ်ခတ်သံများကြားရပြီးနောက် ကားရပ်တန့်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ပထမ ပေါက်ကွဲသံ အကျယ်ကြီးတစ်ချက် ကြားတယ်။ နောက်မှ သေနတ်သံ လေးချက်လောက် ကြားရတယ်” ဟု ၎င်းက ဆိုသည်။ မီးလောင်မှုကြောင့် ကားတစ်စီးလုံးနီးပါ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ကြက်ယက်တွင်းရွာအနီး လမ်းတစ်နေရာတွင် ဆီကားကို တားဆီးစစ်ဆေးရာ Mytel တာဝါတိုင်များကို ဆီလိုက်ဖြည့်နေသည့် ကားဖြစ်သောကြောင့် မီးရှို့ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ထုတ်ပြန်သည်။ ယာဉ်မောင်းနှစ်ဦးကိုမူ စစ်ကောင်စီနှင့် နောက်ထပ် […]

ရေဖြူမြို့နယ် မူးဒူးရွာ အုပ်ချုပ်ရေးမှူးနေအိမ် မီးလောင်၊ ရှို့မီးဖြစ်နိုင်ဟုဆို

diz_admin

April 28, 2022

ရေဖြူမြို့နယ် နဘုလယ်ဒေသ မူးဒူးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ် ဧပြီလ ၂၇ ရက်နေ့ညက မီးလောင်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၏ နှစ်ထပ်တိုက်အိမ် မီးလောင်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ကျွန်တော် နိုးလာတော့ ည ၁၁ နာရီလောက်ရှိ‌နေပြီ။ မီးကတော့ တော်တော်လောင်နေပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဦးဆန်းဝင်း မိသားစုမှာ တိမ်းရှောင်နေပြီး နေအိမ်၌ နေထိုင်သူ မရှိချိန် မီးလောင်ခြင်းဖြစ်သောကြောင့် ရှို့မီးဖြစ်နိုင်သည်ဟု ဒေသခံအချို့က ပြောဆိုသော်လည်း Dawei Watch အနေနှင့် သီးခြားအတည် မပြုနိုင်သေးပေ။ “သူတို့မိသားစု အိမ်မှာ မရှိတာ ၁၅ ရက်လောက်ရှိပြီ။ (မီးကို) ဘယ်သူမှ သွားမသတ်ရဲဘူး။ ဘယ်အဖွဲ့က ရှို့မှန်းမှ မသိတာ” ဟု ဒေသခံတစ်ဦးက […]

ဂေါ်ဖီထုပ်ကားအတွင်း ပုန်း၍လိုက်ပါလာသော မြန်မာလုပ်သား ၁၄ ဦး တာခ့်ခရိုင်တွင်ဖမ်းဆီးခံရ

diz_admin

April 28, 2022

ဂေါ်ဖီထုပ်များတင်ဆောင်လာသော ဟင်းသီးဟင်းရွက်ကားနှစ်စီးအတွင်း ပုန်း၍ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဧပြီလ ၂၇ရက်နေ့ ညနေ ၆ နာရီ၌ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်သည်။ မဲဆောက်ဘက်မှမောင်းနှင်လာသော ဂေါ်ဖီထုပ်များသယ်ဆောင်လာသည့် ‌ဟင်းသီးဟင်းရွက်ကားနှစ်စီးကို ဖို့ပ်ဖလ-မဲဆောက် အမြန်လမ်း ကီလိုမီတာ ၃၀ တွင် စစ်ဆေးရေးဂိတ်ရှိ ရဲအရာရှိများက ကြားဖြတ် ရပ်တန့်စစ်ဆေးခဲ့ရာမှ အထောက်အထားမဲ့ မြန်မာလုပ်သား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဂေါ်ဖီထုပ်ကားနှစ်စီးကို ထိုင်းနိုင်ငံသား သားအဖနှစ်ဦးက မောင်းနှင်လာပြီး မြန်မာလုပ်သားများသည် ကားအနောက်ဘက် ဂေါ်ဖီထုပ်များကြား အလယ်တွင် ကျပ်ညပ်ကာ ပုန်းအောင်းလိုက်ပါလာကြခြင်းဖြစ်သည်။ ဖမ်းဆီးခံရသော မြန်မာလုပ်သား ၁၄ ဦးတွင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး […]

ထားဝယ်၊ ရေဝိုင်းရွာအနီး လက်နက်ကြီးဖြင့် ပစ်ခံရ၍ ဒေသခံများ စိုးရိမ်

diz_admin

April 28, 2022

ထားဝယ်မြို့နယ် ပကာရီကျေးရွာအုပ်စု ရေဝိုင်း‌ကျေးရွာအနီးကို ဧပြီလ ၂၇ ရက်ည ကိုးနာရီခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် စိုးရိမ်နေရကြောင်း ဒေသခံအချို့က ပြောသည်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲသံ ၇ ချက်ခန့်ကြားရပြီးနောက် ငြိမ်သက်သွားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အသံကအကျယ်ကြီးဆိုတော့ ရွာအနီးအနားမှာပဲ ဖြစ်တာဖြစ်မယ်ထင်တယ်။ ညဘက်ကြီးဆိုတော့ ကြောက်လန့်ပြီး ဘယ်သူ့မှလည်း အပြင်မထွက်ရဲကြဘူး” ဟု ၎င်းကဆိုသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲသံကိုသာကြားရပြီး သေနတ်ပစ်သံများ မကြားရသဖြင့် ထိတွေ့တိုက်ပွဲ မဖြစ်နိုင်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ညပိုင်းဖြစ်သဖြင့် မည်သည့်နေရာမှ ပစ်ခတ်သည်ဆိုသည်ကိုမူ သေချာမသိကြောင်း ဒေသခံအချို့က ပြောသည်။ ဒေသခံရွာသားများမှာမူ တိမ်းရှောင်ခြင်းမရှိသေးဘဲ ယနေ့ (ဧပြီ ၂၈) အထိ ရွာထဲတွင်နေထိုင်ကာ အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဧပြီလ ၂၄ ရက်မှ […]

ဂျပန်-ရုရှား စစ်‌ရေးတင်းမာမှု သုံးသပ်ချက်

diz_admin

April 28, 2022

“တုန့်ပြန်မှုတွေ ချက်ခြင်းလုပ်ပစ်မယ်” လို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အီဂေါမိုဂူလော့ဗ် က ပြောလိုက်တယ်။ရုရှား ပိုင်နက်နယ်မြေနားမှာ အမေရိကန်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တိုးမြှင့်ခြင်းနဲ့ ပတ်သက်ပြီး ရုရှားအစိုးရက  ဂျပန်အစိုးရကို သတိပေးလိုက်တာပါ။ ရုရှားနယ်မြေနားမှာ အမေရိကန်-ဂျပန် ရေကြောင်းစစ်ဆင်ရေး လေ့ကျင့်တာတွေ အရှိန်မြင့်လာတာကြောင့် တင်းမာမှုတွေ မြင့်တက်လာမယ်လို့ ဒုဝန်ကြီးက ပြည်တွင်းမီဒီယာတစ်ခုကို ပြောလိုက်တယ်။ ဂျပန်က ယူကရိန်းဘက်ကနေ ထောက်ခံတာ၊ NATO နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်တာတို့ လုပ်နေတာမို့ ဂျပန်အပေါ် ဒေါသထွက်နေတဲ့ ရုရှားအစိုးရဟာ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ဆီကနေ သိမ်းထားတဲ့ ကျွန်းများ ပိုင်ဆိုင်မှုအရေး ကာလရှည် အငြင်းပွါးနေတဲ့ ပြဿနာကို ပြန်မွှေလာတယ်။  “ဂျပန်ဘက်က ဒီလိုမျိုးလုပ်တဲ့ လုပ်ရပ်ဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ရပ်လို့ မြင်ပါတယ်” ဆိုပြီး ရုရှားဒုဝန်ကြီးက ပြောခဲ့တယ်။ […]

ပန်းဒလဲရွာတွင် ပျူစောထီးဟု နာမည်ထွက်သူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

diz_admin

April 28, 2022

လောင်းလုံးမြို့နယ်၊ ပန်းဒလဲကျေးရွာတွင် ပျူစောထီးဟု နာမည်ထွက်သည့် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး ယနေ့ (ဧပြီ ၂၈) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ ပန်းဒလဲကျေးရွာသူဖြစ်ပြီး လေးတောင်မိန်းမ (ခေါ်) ဒေါ်သန်းသန်းသက်ဆိုသူ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါအမျိုးသမီးမှာ ယနေ့ နံနက်ပိုင်းက ကျေးရွာဈေးတွင် ဈေးကောက် ကောက်နေစဉ် ဆိုင်ကယ်စီး အမျိုးသားတစ်ဦးက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပထမတစ်ချက်ပစ်တယ်။ မှောက်ရက်လဲကျသွားပြီးတော့မှ ပြန်လှည့်လာပြီး သုံးချက်ထပ်ပစ်တယ်” ဟု ၎င်းက ပြောဆိုသည်။ ဒေါ်သန်းသန်းသက်မှာ ပြီးခဲ့သည့်လပိုင်းက ပစ်သတ်ခံလိုက်ရသော ပျူစောထီးခေါင်းဆောင်ဟုဆိုသူ ဦးဇော်နှင့် တစ်ဖွဲ့တည်းဖြစ်ပြီး ၎င်းတို့အဖွဲ့မှာ လက်နက်ကိုင်ဆောင်ထားက မကြာခဏ ပစ်ဖောက်လေ့ ရှိကြောင်း ဒေသခံများထံမှ […]

မြန်မာမိန်းကလေးငယ်ကို အဓမ္မပြုကျင့်သည့် မြန်မာအမျိုးသားကို ထိုင်းရဲဖမ်းဆီး

diz_admin

April 27, 2022

ဆယ်ကျော်သက်မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်သော မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံ Muang Kamphaeng Phet ရဲစခန်းက ဧပြီလ ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်။ ပြုကျင့်ခံရသူ မြန်မာမိန်းကလေးသည် အသက် ၁၄ နှစ်အရွယ်သာ ရှိသေးပြီး ရှော့ပင်းစင်တာ‌ဈေးအနောက်ဘက်ရှိ တိုက်ခန်းတွဲတွင် သူမ၏မိခင်ဖြစ်သူနှင့်အတူ အခန်းငှားနေထိုင်ပြီး အမေဖြစ်သူ အလုပ်သွားနေချိန်တွင် အဓမ္မပြုကျင့်ခံရခြင်းဖြစ်သည်။ အမေဖြစ်သူ အလုပ်သွားနေချိန်တွင် တစ်ယောက်တည်းကျန်ခဲ့သည့် အမျိုးသမီးငယ်ကို အသက် ၄၀နှစ်အရွယ် ဦးယောင်းက ၃ ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့ကြောင်း သူမ၏မိခင်ဖြစ်သူက ရဲစခန်းတွင် ထွက်ဆိုခဲ့သည်။ အဓမ္မပြုကျင့်ပြီး‌နောက် သူမကို သန္ဓေတားဆေးသောက်ခိုင်းကာ အခြားသူကို မပြောပြရန်နှင့် ပြောပါက သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း မိန်းကလေးက ရဲစခန်းတွင် ထပ်မံထွက်ဆိုခဲ့သည်။ အမျိုးသမီးငယ်က မိခင်ဖြစ်သူကို ပြန်ပြောသဖြင့် ဆွေမျိုးများနှင့် […]

ပုလောမြို့နယ် လက္ကူးကျေးရွာ ရှင်ပြုပွဲအနီးတွင် အသံဗုံးပေါက်

diz_admin

April 27, 2022

ပုလောမြို့နယ်၊ လက္ကူးကျေးရွာ၌ ဧပြီလ ၂၆ ရက်နေ့ညက ရှင်ပြုပွဲကျင်းပနေစဉ် အနီးဝန်းကျင်တွင် အသံဗုံးတစ်လုံး ပေါက်ကွဲကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ လက္ကူးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရှင်ပြုပွဲကျင်းပနေခြင်းဖြစ်ပြီး ည ၇ နာရီဝန်းကျင်တွင် ကျောင်းပရဝုဏ်အပြင်ဘက် သင်္ချိုင်းအနီးတွင် အသံဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “အသံကကြမ်းတယ်။ လူထိခိုက်တာတော့ မရှိပါဘူး” ဟု လက္ကူးကျေးရွာမှ အမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းဗုံးဖောက်ခွဲမှုကို ပုလောပြည်သူ့ကာကွယ်ရေးတပ်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ယနေ့ (ဧပြီ ၂၇) ထုတ်ပြန်ထားသည်။ လက္ကူးကျေးရွာတွင် Non CDM သားဖွားဆရာမမိသားစု ရှင်ပြုပွဲကျင်းပနေချိန် အသံဗုံးဖောက်၍ သတိပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ နိုင်ငံအနှံ့ကျေးရွာများသာမက သာသနိကအဆောက်အအုံများ မီးရှို့ဖျက်ဆီးခံနေရချိန်၊ စစ်ဘေးရှောင် ဒုက္ခသည်များစွာ ရှိနေချိန်တွင် နိုင်ငံရေးကို ကိုယ်နှင့်မဆိုင်သလို ပျော်ပွဲရွှင်ပွဲများ […]