ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ၃၀ ဦး ဖမ်းဆီးခံရ

diz_admin

April 27, 2022

ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၀ ဦးကို ဧပြီလ ၂၆ရက်တွင် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်လိုက်သည်။ ပစ်ကပ်ကားနှစ်စီးကို Lat Bua Luang ခရိုင်တွင် တားဆီးစစ်ဆေးရာမှတစ်ဆင့် အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ ဦးနှင့် ထိုင်းနိုင်ငံသား ကားမောင်းသမားနှစ်ဦးတို့ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ကားမောင်းသမားနှစ်ဦးကို စစ်ဆေးရာတွင် မြန်မာလုပ်သား ၁၅ ဦးကို စူဖန်ဘူရီမြို့မှတစ်ဆင့် စမုတ်ပရကန်သို့ တစ်ဦးလျှင် ဘတ် ၇၀၀ ဖြင့် ပို့ဆောင်ရမည်ဟု ထွက်ဆိုကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ကျန်မြန်မာလုပ်သား ၁၅ ဦးကိုမူ မနိုရွန်ခရိုင်မှတစ်ဆင့် ပထုန်ဌာနီ၊ စမုတ်စခွန်၊ ချွန်ဘူရီ၊ ရတ်ခ်ျဘူရီမြို့များသို့ ပို့ဆောင်ရမည်ဖြစ်ပြီး ခရီးစဉ်ပေါ်မူတည်၍ တစ်ဦးလျှင် ဘတ် ၁၀၀၀ မှ […]

ထားဝယ် မဲချောင်းရွာအနီး တိုက်ပွဲဖြစ်၊ တိမ်းရှောင်နေရသည့်ဒေသခံများ စားသောက်ရေး အခက်ကြုံ

diz_admin

April 27, 2022

ထားဝယ် – ထီးခီးသွားလမ်းပေါ်ရှိ ထားဝယ်မြို့နယ် သဗျာကျေးရွာအုပ်စု မဲချောင်းရွာအနီး ရှစ်မိုင်လမ်းဆုံတွင် ‌ဧပြီလ ၂၆ ရက် ည ၇ နာရီခန့်က နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက လမ်းပိုင်းစစ်ဆေးမှုများဆောင်ရွက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသည့်ယာဉ်သုံးစီး စစ်ဆေးမခံဘဲ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ယင်းအတွက်ကြောင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု မိနစ် ၄၀ ကြာ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းပစ်ခတ်မှုအတွင်း စစ်ကောင်စီယာဉ်သုံးစီးအနက် နှစ်စီးပျက်စီးကာ တစ်စီးကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သိမ်းဆည်းထားသည်ဟုလည်း ဖော်ပြထားသည်။ စစ်ကောင်စီတပ်သားနှစ်ဦးလည်း သေဆုံးပြီး အချို့ဒဏ်ရာရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ယင်း ထိခိုက်ပျက်စီး သေဆုံးမှုအခြေအနေကို Dawei Watch အနေနှင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ […]

ပုလောတွင် စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲခံရပြီး ကားနှစ်စီးပျက်စီးဟုဆို

diz_admin

April 27, 2022

မြိတ်ဘက်မှ ပုလောဘက်သို့ လာသည့် စစ်ကောင်စီတပ် ကားတန်း ဧပြီလ ၂၆ ရက်နေ့ ည ၈နာရီခွဲ ဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားနှစ်စီး ပျက်စီးကြောင်း ပုလောဒေသခံများထံမှ သိရသည်။ ပုလော-မြိတ် ပြည်ထောင်စုလမ်းမကြီးပေါ် သင်္ကန်းတောရွာအဝင် မှော်ကွေ့တွင် ပေါက်ကွဲသံနှစ်ချက် စတင်ကြားခဲ့ရပြီး ပစ်ခတ်သံများ အဆက်မပြတ် ကြားရကြောင်း ဒေသခံများက ပြောသည်။ “ဂျိမ်း… ဂျိမ်း ဆိုပြီး နှစ်လုံးစကြားရတယ်။ ပြီးတော့ ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေ ဆက်တိုက်ကြား ရတာပဲ” ဟု သင်္ကန်းတောရွာနေ အမျိုးသားတစ်ဦးက ပြောဆိုသည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သင်္ကန်းတော၊ ကဒဲ၊ ပဝတ်ကုန်း၊ မင်းထိန်၊ ခမောင်းတော စသည့် ကျေးရွာများ တောက်လျှောက် ပစ်ခတ်မောင်းနှင်သွားကြောင်း အဆိုပါကျေးရွာ ဒေသခံများက ပြောသည်။ “တစ်ညလုံး ပစ်နေကြတာ။ […]

ထားဝယ်တွင် ငါးခြောက်တစ်ပိဿာလျှင် တစ်သောင်းကျော်အထိ ဈေးတက်

diz_admin

April 26, 2022

ထားဝယ်တွင် ငါးခြောက်ဈေး တစ်ပိဿာလျှင် ငွေကျပ် သုံးထောင်မှ တစ်သောင်းကျော်အထိ ဈေးတက်နေကြောင်း ဈေးကွက်အတွင်းက သိရသည်။ ထားဝယ်ဒေသအခေါ် အူကီးခြောက် (ခ) ငအူညှင်းခြောက်မှာ လွန်ခဲ့သည့် တစ်လကျော်ခန့်က တစ်ပိဿာလျှင် ၂၂,၀၀၀ ကျပ်မှ ၂၅,၀၀၀ ကျပ်ခန့်သာရှိသော်လည်း ယခုအခါ တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်အထိ ဖြစ်နေကြောင်း ငါးခြောက်ရောင်းသူအချို့က ပြောသည်။ ငါးမန်းခြောက်ဈေးမှာလည်း တစ်ပိဿာလျှင် ၂၅,၀၀၀ မှ ၃၅,၀၀၀ ကျပ်၊ ငါးကွန်းရှပ်မှာ ၂၅,၀၀၀ ကျပ်မှ ၃၅,၀၀၀ ကျပ်၊ စာပလပ်ခြောက်မှာ ၁၅,၀၀၀ ကျပ်မှ ၂၅,၀၀၀ ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ဒလုံးခြောက်မှာ ၁၃,၀၀၀ ကျပ်မှ ၁၈,၀၀၀ ကျပ်၊ ငါးပုပ်ခြောက်မှာ ၂၅,၀၀၀ ကျပ်မှ […]

ယခုနှစ် ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိသူများ အလုပ်မဝင်ပါက သိန်း ၆၀၀ အထိလျော်ရမည်

diz_admin

April 26, 2022

ဆေးတက္ကသိုလ်များတွင် တက်ရောက်ရန် ဝင်ခွင့်ရရှိထားသော တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများအနေဖြင့် ကျောင်းပြီး၍ ဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ်သိန်း ၆၀၀ အထိ ပေးဆောင်ရမည်ဟု စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။ ၂၀၂၀ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များတွင် တက်ရောက်မည့် ကျောင်းသားများချုပ်ဆိုရန် ကတိစာချုပ်လွှာတွင် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ်‌သိန်း ၆၀၀ အထိ ပေးဆောင်ရန် ဝန်ခံကတိရေးထိုးရခြင်းဖြစ်သည်။ ဝင်ခွင့်ရကျောင်းသားများအနေဖြင့် ဆေးတက္ကသိုလ်များမှ ဆေးပညာဘွဲ့ရရှိပြီးအချိန်မှစ၍ နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး ၅ နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက ရက်ပေါင်း (၃၀) အတွင်း လျော်ကြေးငွေ ပေးဆောင်ရမည်ဖြစ်ပြီး အထွေထွေဆေးကုသခွင့်လိုင်စင် (ဆမ) လက်မှတ်ပေးအပ်မည် မဟုတ်ကြောင်း […]

သရက်ချောင်းမြို့နယ် စော်ဖျားရွာသားတစ်ဦး အသတ်ခံရ

diz_admin

April 26, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာက ရွာသားတစ်ဦး ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရော်ဘာခြံတစ်ခုတွင် အသတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသတ်ခံရသူမှာ အသက် ၄၀ ကျော်အရွယ် ဦးလားဆိုသူဖြစ်ပြီး ကင်းရှေ့ရွာနှင့် မိုးရွှေကုန်းရွာကြားရှိ ရော်ဘာခြံတစ်ခုတွင် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “သေတာကတော့ မနေ့ညတည်းက အသတ်ခံရတယ်လိုလို ပြောသံကြားတယ်။ အလောင်းသွား ကောက်သူ မရှိသေးဘူးလို့လည်း ရွာထဲမှာ ပြောဆိုနေကြတယ်” ဟု စော်ဖျားရွာမှ ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။ ဦးလားကို မည်သူတို့က မည်သည့်အတွက်ကြောင့် သတ်ဖြတ်ခဲ့သည်ကိုမူ မသိရသေးပေ။ ဦးလား၏ အစ်ကိုဖြစ်သူ ဦးသိန်းမဲကိုမူ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် Dawei Defense Force အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။ ပျူစောထီးအဖွဲ့ဝင်ဖြစ်သဖြင့် […]

လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထားဝယ်ရှိ ရွာသုံးရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်

diz_admin

April 26, 2022

ထားဝယ်မြို့နယ် ပကာရီကျေးရွာအနီးအနားကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အနီးအနားရှိ ကျေးရွာသုံးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့က ပြောသည်။ ဧပြီလ ၂၅ ရက် ည ၁၀ နာရီခန့်တွင် ပကာရီ၊ မဲချောင်း၊ ရှစ်မိုင် စသည့် ကျေးရွာသုံးရွာအနီးရှိ တောထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ထိခိုက်ပျက်စီးမှု အခြေအနေကိုမူ မကြားရသေးဟု ဆိုသည်။ “ကျွန်မကြားတာကတော့ (လက်နက်ကြီးအသံ) ခြောက်ချက်တိတိရှိတယ်။ လက်နက်ကြီးတွေက ရွာထဲမှာ တော့ မကျဘူး။ ရွာနားက တောထဲကိုကျတာ။ အခုထိတော့ ဘာတွေထိခိုက်သွားတယ်ဆိုတာ မသိ‌ရသေး ဘူး” ဟု ၎င်းက ပြောဆိုသည်။ လက်နက်ကြီးပစ်ခတ်မူကြောင့် ပကာရီ၊ မဲချောင်း၊ ရှစ်မိုင် ကျေးရွာရှိ ဒေသခံတစ်ထောင်ခန့်သည် အနီးအနား ကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့် […]

ပုလောမြို့မဈေးအနီး ပေါက်ကွဲမှု လူအချို့ ဖမ်းဆီးခံထားရ

diz_admin

April 25, 2022

ပုလောမြို့မဈေးကြီးအနီးက နေအိမ်တစ်အိမ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယင်းနေအိမ်မှ မိသားစုဝင်အချို့ ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဒေသခံအချို့က ပြောသည်။ ပေါက်ကွဲမှုမှာ ဧပြီလ ၂၄ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ယနေ့ (ဧပြီ ၂၅) နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီက မိသားစုဝင်အချို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ Dawei Watch ဒေသခံများကို ကနဦးမေးမြန်းချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှစိုး၏ ပုလောမြို့က နေအိမ်ရှေ့၌ ပေါက်ကွဲခြင်း ဖြစ်သည်ဟု သိရသည်။ သို့သော် ထပ်မံမေးမြန်းချက်အရ ဦးလှစိုး၏ နေအိမ်နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည့် နေအိမ်၌ ပေါက်ကွဲခြင်းသာ ဖြစ်သည်ဟုပြောဆိုကြပြီး အချို့ကမူ နေအိမ်ထဲတွင် မဟုတ်ဘဲ အိမ်ရှေ့ရေမြောင်းတွင် ဖြစ်နိုင်ကြောင်းလည်း ပြောဆိုကြသည်။ အဆိုပါဗုံးပေါက်ကွဲမှုကြောင့် […]