ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်ဝမ်လေပိုင်နက်အတွင်းသို့ တရုတ် ဖိုက်တာဂျက် အစင်း ၃၀ ဝင်ရောက်

diz_admin

May 31, 2022

ထိုင်ဝမ် လေကြောင်းရန် ကာကွယ်ရေး ဇုန်အတွင်းသို့ တရုတ် တိုက်လေယာဉ် အစင်း ၃၀ ဝင်ရောက် လာသောကြောင့် ထိုင်ဝမ်ဘက်က တိုက်လေယာဉ်များ လွှတ်တင်ခဲ့ရသည်ဟု BBC သတင်းတစ်ရပ်က ဆိုသည်။ ပြီးခဲ့သည့် တနင်္လာနေ့က တရုတ်စစ်လေယာဉ်များ ဝင်ရောက်လာသည့် ဖြစ်စဉ်သည် ယခုနှစ်အတွင်း အကြီးမားဆုံး နယ်မြေကျော်မှု ဖြစ်သည်။ ထိုင်ဝမ်ကို ကျူးကျော်မည့် အခြေအနေနှင့် ပတ်သက်၍ တရုတ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က သတိပေးခဲ့ပြီးနောက် အဆိုပါ ဖြစ်စဉ် ဖြစ်လာခြင်း ဖြစ်သည်။ ထို့ပြင် လုံခြုံရေးကိစ္စ ဆွေးနွေးရန် အမေရိကန်အရာရှိ ထိုင်ဝမ်ရောက်နေစဉ် အဆိုပါ တိုက်လေယာဉ်များ ဝင်လာသည့် ဖြစ်စဉ် ကြုံရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် လများအတွင်းတွင် တရုတ်က စစ်ရေးလေ့ကျင့်သည့် ခေါင်းစဉ်ဖြင့် လေကြောင်း လှုပ်ရှားမှုများကို မြှင့်တင်လိုက်သည်။ ယင်းသို့ လေကြောင်း […]

အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်

diz_admin

May 31, 2022

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြားကာလ အခြေခံပညာကျောင်းများကို အသိအမှတ်ပြု လက်ခံပေးလျက်ရှိပြီး ယခုအချိန်အထိ အွန်လိုင်းကျောင်းပေါင်း ၄၀ ခန့်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။ ယင်းစာရင်းမှာ ထုတ်ပြန်ချက်များတွင် ဖော်ပြထားမှုအရသာ သိရှိရခြင်းဖြစ်ပြီး မြေပြင်အခြေအနေတွင် ယခုထက်ပိုမိုများနိုင်သည်။ တနင်္သာရီတိုင်း‌တွင် မြို့နယ်ပညာရေးဘုတ်အဖွဲ့ အစီအစဉ်ဖြင့် ကြားကာလ အွန်လိုင်းကျောင်းများ ဖွင့်လှစ်လျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့အထိ ၅ ကျောင်းရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း အခြေခံပညာဆရာများသမဂ္ဂက ထုတ်ပြန်ထားသည်။ ထားဝယ်၊ရေဖြူ၊လောင်းလုံး၊ သရက်ချောင်းမြို့နယ်များသည် မြို့ကျောင်းရှိနေပြီဖြစ်ကြောင်းနယ်အလိုက် Online school များကိုတည်ထောင်ဖွင့်လှစ်ထားပြီး မြိတ်ခရိုင်တွင်လည်း မြို့နယ် ၆ မြို့နယ်ပေါင်း၍ ဖွင့်လှစ်ထားသည်ဟု တနင်္သာရီ အခြေခံပညာဆရာများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ တနင်္သာရီတိုင်းအတွင်းရှိ CDM ကျောင်းသားများအတွက် သက်ဆိုင်ရာမြို့နယ်ဘုတ်အဖွဲ့များမှ သင်ကြားပေးနေသော NUG လက်အောက်ခံ ကြားကာလပညာရေးကျောင်းများတွင် ကျောင်းအပ်လက်ခံနေပြီဖြစ်သော်လည်း တိုင်းအဆင့် Federal School ကို မထူထောင်နိုင်သေးပေ။ “ခွဲပြီးလုပ်တော့ လုပ်ရကိုင်ရခက်တယ်၊ တိုင်းတစ်ခုလုံး အကုန်စုပေါင်း reform(ပြုပြင်)လုပ်လိုက်ရင် ဆရာအင်အားရော […]

ပုလော မြို့မျက်နှာဖုံးလုပ်ငန်းရှင်တစ်ဦးနှင့် ဒေသခံတစ်ဦးတို့ အဖမ်းခံရ

diz_admin

May 30, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ် မြို့မျက်နှာဖုံး ရော်ဘာခြံလုပ်ငန်းရှင်တစ်ဦးနှင့် မင်းထိန်ရွာက ဒေသခံတစ်ဦး တို့ကို စစ်ကောင်စီတပ်က ယနေ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (မေ ၃၀) မွန်းလွဲပိုင်းက ပဝတ်ကုန်းရွာတွင်နေထိုင်သည့် ရော်ဘာဥယျာဉ်ခြံလုပ်ငန်းရှင် ဦးမောင်ညိုအိမ်သို့ စစ်ကောင်စီတပ်သားများ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ “ဒီကနေ့ ညနေ ၃ နာရီလောက်မှာ ကားရော လူပါခေါ်သွားတယ်။ ဘာကြောင့် ခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး” ဟု ပဝတ်ကုန်းရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ဦးမောင်ညိုသည် ပလစက်တော်ရာဘုရားဂေါပက ဥက္ကဋ္ဌလည်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ဦးမောင်ညိုလိုလူ အဖမ်းခံရမယ်လို့တော့ မထင်ဘူး။ ခြံထဲက သူ့အလုပ်သမားတွေအကြောင်း မေးမြန်းဖို့ပဲ ခေါ်သွားတယ်လို့ ထင်တယ်” ဟု ပဝတ်ကုန်းရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ၎င်းသည် မြို့မျက်နှာဖုံးတစ်ဦးဖြစ်သည့်အပြင် […]

ထားဝယ်တွင် မွေးမြူရေးကြက်ဥစျေးတက်၊ တစ်လုံး ၂၅၀ ကျပ်အထိရောက်ရှိ

diz_admin

May 30, 2022

စက်သုံးဆီစျေးအပါအဝင် အထွေထွေစျေးနှုန်းများ မြင့်တက်လာမှုကြောင့် ထားဝယ်တွင် မွေးမြူရေးကြက်ဥတစ်လုံး ၂၅၀ ကျပ်နီးပါးဖြစ်လာသည်ဟု ဈေးကွက်အတွင်းမှသိရသည်။ ပြီးခဲ့သည်နှစ် ဇူလိုင်လ က ကြက်ဥတစ်လုံး နှစ်ရာကျပ်ခန့် ဖြင့်ပေးဝယ်နေခဲ့ရာမှ ယခု နှစ် မေလကုန်ပိုင်းတွင် နှစ်ရာငါးဆယ်ကျပ်သို့ မြင့်တက်လာခြင်းဖြစ်သည်။ ကြက်ဦးဈေးတက်ရခြင်းမှာ ကြက်စာဈေးတက်ခြင်း၊ မတက်ခြင်းနှင့် မသက်ဆိုင်ဘဲ ကြက်ဥအထွက်နှုန်းပေါ် မူတည်ကြောင်း ထားဝယ်မြို့ စည်ပင်သာယာဈေးအနီးရှိ ကြက်ဥ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။ “ထားဝယ်မှာတော့ ကြက်ဥအထွက်နဲတယ်။  ထားဝယ်ထွက်ကြက်ဥက ထားဝယ်က စားမလောက်ဘူး အဓိက ရန်ကုန်မော်လမြိုင်ကနေ မှာယူရတာပေါ့။ ခုကျ စက်သုံးဆီဈေးတက်တော့ သက်ယူစရိတ်‌က ဈေးကွက်ကို သက်ရောက်တာပေါ့”ဟု ၎င်းကပြောသည်။ ယခင်နှစ်က အရောင်းဒိုင်တွင် ကြက်ဥတစ်လုံးပေါက်စျေးမှာ ၁၇၀ ခန့်သာရှိခဲ့ပြီး ယခုနှစ်တွင် ၁၉၀ အထိပေးရကြောင်း ရေဖြူမြို့နယ်မှာ စားသုံးကုန် ရောင်းချသူတစ်ဦးကပြောသည်။ ကြက်ဥပေါက်စျေးမှာ […]

မြိတ်တွင် ဘေးတွဲဆိုင်ကယ် အဝယ်လိုက်၊ ဈေးမြင့်ရ

diz_admin

May 30, 2022

မြိတ်မြို့တွင် သုံးဘီးဘေးတွဲဆိုင်ကယ်များ အဝယ်လိုက်ပြီး တစ်စီးလျှင် ကျပ် နှစ်သိန်းခွဲဝန်းကျင်အထိ ဈေးမြင့်တက်နေကြောင်း သုံးဘီးဆိုင်ကယ် မောင်းသူအချို့ထံမှ သိရသည်။ လူရှစ်ဦးအထိ စီးနိုင်သည့် သုံးဘီးဘေးတွဲဆိုင်ကယ်များအား အဝယ်လိုက်လာနေခြင်းဖြစ် ကြောင်း သုံးဘီးဘေးတွဲဆိုင်ကယ်မောင်းနင်သူအချို့က ပြောပြသည်။ သုံးဘီးဘေးတွဲဆိုင်ကယ်များမှာ အစစ်ဆေးရှိသော်လည်း ဖမ်းဆီးခံရခြင်းမရှိကြောင်း ၎င်းတို့က ပြောသည်။ “ငါးသိန်းတန်တဲ့ သုံးဘီးကို ခုနှစ်သိန်းအထိပေးပြီး လာဝယ်နေတာ၊ ဒါတောင် လိုင်စင်မရှိသေးဘူး” ဟု မြို့သစ်ရပ်နေ အသက် ၃၀ နှစ်ကျော်ရှိ သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ပြောဆိုသည်။ ပြီးခဲ့သည့် ဧပြီလအတွင်းက အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးခြင်းကို ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်လာရာ ဘေးတွဲဆိုင်ကယ်များမှာ အစစ်ဆေးရှိသော်လည်း ဖမ်းဆီးခံရခြင်း မရှိသဖြင့် အဝယ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ဘေးတွဲမောင်းသူအချို့က ဆိုသည်။ “လူခုနစ်ယောက် ရှစ်ယောက်အထိတင်ပြီး မောင်းတယ်။ ဖမ်းတာတွေ မရှိဘူး” ဟု […]

နီပေါနိုင်ငံတွင် လေယာဉ်ပျက်ကျမှု ခရီးသည်နှင့်ယာဉ်အမှုထမ်း အားလုံးသေဆုံး

diz_admin

May 30, 2022

နီပေါနိုင်ငံ Tara Air လေကြောင်းလိုင်းမှ ခရီးသည်နှင့် အမှုထမ်း ၂၂ ယောက်ပါလေယာဉ်တစ်စင်း ယမန်နေ့ (မေ ၂၉) တွင် ပျက်ကျသွားခဲ့ရာ အသက်ရှင်ကျန်ရစ်သူမရှိ‌ကြောင်း နိုင်ငံပိုင်သတင်းများတွင်ဖော်ပြထားသည်။ Tara Air ပိုင် လေယာဉ်တစ်စင်းသည် မေလ ၂၉ ရက်မနက်ပိုင်းတွင် နီပေါနိုင်ငံ ပေါ့ခါရာ(Pokhara)မြို့မှ ခရီးသွားမြို့ ဂျွန်ဆမ်(jomsom) မြို့သို့ ပျံသန်းရာ မိနစ်ပိုင်းအကြာတွင် မက်စ်တန်း(Mustang)ခရိုင်ရှိ ဟိမဝန္တာတောင်တန်းများအကြား ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်တွင် ရာသီဥတုဆိုးရွားမှုနှင့်အတူ အလင်းရောင်ကောင်းကောင်း မရရှိမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်‌နှေးခဲ့ရပြီး နာရီ ၂၀ ကြာ‌မှ လေယာဉ်ပျက်စီးမှုအပိုင်းအစကို တွေ့ရှိခဲ့ရကြောင်း ယင်းကြောင့်ယနေ့ (မေ ၃၀)မှသာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရကြောင်း နီပေါတပ်မတော်က ယနေ့တွင်ထုတ်ပြန်သည်။ ပျက်ကျသွားသော လေယာဉ်ပေါ်တွင် အိန္ဒိယနိုင်ငံသား ၄ ဦး၊ ဂျာမန်နိုင်ငံသား ၂ ဦး၊ နီပေါခရီးသည် […]

ရေနံဈေးမြင့်နေချိန် ရုရှား၏ ရေနံထုတ်ကုန်များ ပိတ်ပင်နိုင်ရေး ဥရောပသမဂ္ဂဆွေးနွေး

diz_admin

May 30, 2022

ဥရောပသမဂ္ဂအရာရှိများ ဘရပ်ဆဲစ်မြို့တွင် ဥရောပသမဂ္ဂအရာရှိများ တွေ့ဆုံကာ ရုရှား၏ ရေနံထွက်ကုန်များကို ပိတ်ပင်ရန် အကောင်းဆုံး နည်းလမ်းအကြောင်း ဆွေးနွေးနေကြစဉ် ရေနံဈေးက အမြင့်ဆုံးအဆင့်ကို တက်သွားခဲ့ကြောင်း Sky News သတင်းတစ်ပုဒ်က ဖော်ပြထားသည်။ ဥရောပကော်မရှင် ဥက္ကဌ အာဆူလာဗွန်ဒါလီယန် က ဥရောပသမဂ္ဂအနေဖြင့် လာမည့် ၆ လအတွင်း ရုရှား၏ ရေနံထုတ်ကုန်များကို ပိတ်ပင်နိုင်ရန် ဆောင်ရွက်ရမည်ဟု ဥရောပ ပါလီမန် ကို ယခုလ အစောပိုင်းက ပြောကြားခဲ့သည်။ ရေနံစိမ်းဈေးက တစ်စည် ဒေါ်လာ ၁၂၀ စျေးပေါက်နေသည်။ ယခုအခါ အမေရိကန်နှင့် အနောက်ဥရောပ အင်အားစုများက ရုရှား၏ ယူကရိန်းအပေါ်ကျူးကျော်မှုကို ဆန့်ကျင်သည့် အနေဖြင့် ရုရှားရေနံထွက်ကုန်များကို ပိတ်ပင်ကြရန် ဆော်သြလျက်ရှိသည်။ မတ်လ အစောပိုင်းက ရေနံစိမ်းဈေးသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၃၉ […]

လောင်းလုံး ကြက်ယက်တွင်းရွာအနီးတွင် စစ်ကောင်စီတပ်ကား ပစ်ခတ်ခံရ

diz_admin

May 28, 2022

လောင်းလုံးမြိုနယ် ဟင်းချိုတောရွာနှင့် ကြက်ယက်တွင်းကျေးရွာကြားတွင် ယနေ့ (မေ ၂၈) နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ကား ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ကျောက်နီမော်ရွာဖက်မှ ထားဝယ်ဖက်သို့ မောင်းနှင်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားနှစ်စီး နေ့လယ် ၁၂ ကျော်က ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းကားနှစ်စီးသည် ကြက်ယက်တွင်းရွာ စာသင်ကျောင်းသို့ မရောက်မီ ပစ်ခတ်တိုက်ခိုက်ခံလိုက်ရပြီးနောက် နာရီဝက်နီးပါးကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပထမ လက်နက်ငယ်သံ ဆယ်ချက်လောက်ကြားရတယ်။ ခဏတိတ်ပြီး လက်နက်ကြီးသံတစ်ချက်နဲ့ လက်နက်ငယ်သံ ဆယ်ချက်လောက် ထပ်ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။ ပစ်ခတ်မှု ဖြစ်ပြီးနောက်တွင် စစ်ကောင်စီတပ်ကားနှစ်စီး လောင်းလုံးမြို့ဖက်သို့ မောင်းထွက်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ကားနှစ်စီးလုံး အရှိန်ပြင်းပြင်းမောင်းပြီး လောင်းလုံးဖက် တက်လာတယ်” ဟု […]