ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မော်လမြိုင်တွင် ပစ်သတ်ခံရသူသည် WHO ဝန်ထမ်းဖြစ်နေ

diz_admin

June 9, 2022

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပစ်သတ်ခံရသည့် ဦးမျိုးမင်းထွဋ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ဝန်ထမ်းဖြစ်ကြောင်း WHO မြန်မာရုံးက ထုတ်ပြန်ထားသည်။ ဦးမျိုးမင်းထွဋ်သည် ဇွန်လ ၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် ရုံးမှ အိမ်သို့အပြန် သံလွင်ဥယျာဉ်လမ်းတွင် မော်တော်ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “မော်လမြိုင်၌ လုံခြုံရေးဖြစ်ရပ်တစ်ခုတွင် ကျွန်ုပ်တို့ WHO မှ ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ် အသက်ဆုံးရှုံး သွားရကြောင်းကို အလွန်ဝမ်းနည်းစွာဖြင့် အတည်ပြုအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဦးမျိုးမင်းထွဋ်သည် WHO မြန်မာရုံးတွင် ၅ နှစ်နီးပါးကြာ ယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း WHO က ထုတ်ပြန်ထားသည်။ မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ မျိုးမင်းထွဋ်ကို ၎င်းတို့အဖွဲ့က ပစ်သတ်ခဲ့သည်ဟု […]

ကော့သောင်းတွင် စက်သုံးဆီ အလုအယက်ဝယ်ယူနေရ၊ ဈေးခုန်တက်

diz_admin

June 9, 2022

ကော့သောင်းမြို့၌ ယနေ့ (ဇွန် ၉) နံနက်ပိုင်းတွင် ပြည်သူများ စက်သုံးဆီကို အလုအယက် ဝယ်ယူနေကြပြီး ဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်သုံးထောင်ကျော်မှ ငါးထောင်ကျပ်အထိ မြင့်တက်သွားကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။ ယမန်နေ့က ကော့သောင်းမြို့တွင် လိုင်စင်မရှိဘဲ ရောင်းချနေကြသည့် စက်သုံးဆီဆိုင်များ ဖမ်းဆီးခံခဲ့ရပြီးနောက် ယနေ့တွင် ယင်းကဲ့သို့ စက်သုံးဆီ အလုအယက်ဝယ်ယူသူ များပြားလာခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။ “(စက်သုံးဆီ) ဆိုင်ကြီးတွေမှာ မနက်စောစော လာတိုးပြီး ဝယ်နေကြတယ်။ ပြီးတော့ လူတွေကလည်း တစ်ယောက် တစ်ပေါက်ပြောနေကြတယ်။ ဒီဆိုင်မှာတော့ ဆီကုန်နေလောက်ပြီ။ နီးစပ်ရာ ဘယ်ဆိုင်မှာ ဘယ်ဆိုင်မှာ ရှိသေးတယ် ဆိုပြီး အသဲအသန်ကို လိုက်ရှာဝယ်နေကြတယ်” ဟု စက်သုံးဆီဆိုင်တစ်ဆိုင်ရှေ့ကို ရောက်နေသည့် မြို့ခံတစ်ဦးက ယနေ့နံနက် ၉ နာရီတွင် ပြောသည်။ […]

မော်လမြိုင်တွင် ဒလန်နာမည်ထွက်သူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

June 9, 2022

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဒလန်ဟုနာမည်ထွက်သည့် အမျိုးသားတစ်ဦး ဇွန်လ ၈ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မြို့ခံတို့ထံမှ သိရသည်။ မျိုးမင်းထွဋ်ဆိုသူသည် ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် သံလွင်ဥယျာဉ်ဘေးလမ်းကြားတွင် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး အခင်းဖြစ်ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် မြို့ခံအချို့က ပြောသည်။ “ဖြစ်တာက ညနေ ၆ နာရီလောက်မှာ လူက လမ်းပေါ်မှာ လဲကျနေတာ။ ကြည့်ရတာ ဆိုင်ကယ်စီးရင်း ပစ်ခံရတာ ဖြစ်မယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ အဆိုပါ ပစ်သတ်ခံရသည့်ဖြစ်စဉ်ဖြစ်ပြီးနောက် မော်လမြိုင်မြို့ နေရာအတော်များများတွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့တို့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။ “ညပိုင်းအထိ လူသွားလူလာများတဲ့နေရာတွေ၊ […]

စျေးကောင်းရသဖြင့် မြိတ်တွင် ကွမ်းသီးနု အခိုးခံရမှုများလာ

diz_admin

June 9, 2022

စျေးကောင်းရလာသဖြင့် မြိတ်ခရိုင်အတွင်းရှိ ဥယျာဉ်ခြံများတွင် ကွမ်းသီးအနု အခိုးခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ခြံလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။ စျေးကွက်အတွင်း ကွမ်းသီးအနု ဈေးကောင်းပေး ဝယ်ယူနေသဖြင့် ခြံအတွင်းရှိ ကွမ်းသီးအနုများကို ခိုးယူရောင်းချသူများ ပေါ်ပေါက်လာကြောင်း တနင်္သာရီမြို့နယ် အနောက်သာဖုံကျေးရွာနေ ဥယျာဉ်ခြံလုပ်ကိုင်သူတစ်ချို့က ပြောပြသည်။ “ဘယ်ခြံက ဘယ်လောက်အခိုးခံရလဲဆိုတာ မနက်လင်းတိုင်း ကြားနေရတာ” ဟု အနောက်သာဖုံရွာ‌နေ ဥယျာဉ်ခြံရှင်တစ်ဦးက ပြောသည်။ လက်ရှိ ကွမ်းသီးအနုပေါက်ဈေးမှာ တစ်လုံးလျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၆၅ ကျပ်နှင့် တစ်ကီလိုလျှင် ၅၀၀၀ ကျပ်ကျော်အထိ ရှိနေကြောင်း သိရသည်။ ကွမ်းသီးအနု ၁၀ ကီလို ( ၆ ပိဿာခွဲခန့် ) တွင် ငွေငါးသောင်းကျပ်အထိ ရရှိသည့်အတွက်ကြောင့် ခိုးယူနေကြခြင်းဖြစ်ကြောင်း မြိတ်မြို့နယ် […]

ဝန်ခံကတိထိုး၍ အလုပ်ပြန်ဝင်ရန် CDM ဆရာ၊ ဆရာမများကို ထပ်မံခေါ်ယူ

diz_admin

June 8, 2022

သင်ကြားရေးဆရာ အင်အားမလုံလောက်သဖြင့် CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ဆရာဆရာမများ အလုပ်ပြန်ဝင်နိုင်မည့် အယူခံဝင်ရက်ကို ဇွန်လ ၁၄ ရက်အထိ ထပ်မံတိုးမြင့်လိုက်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ဇွန်လ ၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ၂၀၂၂ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျောင်သား ၅ သန်းကျော် ကျောင်းအပ်နှံထားကြောင်း ကြေညာပြီးနောက် သင်ကြားရေးဆရာဆရာမများ လိုအပ်လျက်ရှိနေသဖြင့် ပြန်လည်ဝင်ရောက်ကြရန် ၃ ကြိမ်အထိ ခေါ်ယူခြင်းဖြစ်သည်။ ဆရာအင်အား မလုံလောက်သဖြင့် အသက် ၆၀ ပြည့်ပြီးသော ဆရာ/ဆရာမကြီးများကို လည်း ပင်စင်ယူခွင့်မပြုဘဲ ဆက်လက်တာဝန်ထမ်းဆောင်ခိုင်းကြောင်း အသက် ၆၀ ကျော် ဆရာမတစ်ဦးကဆိုသည်။ စစ်ကောင်စီက ပထမအကြိမ်အဖြစ် မေလ ၃၁ ရက်နေ့မတိုင်ခင် CDM ဆရာဆရာမများ အယူခံဝင်နိုင်ကြောင်း ကြေညာခဲ့သော်လည်း ဆက်သွယ်သူဦးရေ ၂၄၈၂ ဦးသာ ရှိခဲ့သဖြင့် ဇွန်လ […]

ကျွန်းစုဘုရားဖူးခရီးသည် ပစ်သတ်ခံရမှု မိမိတို့လုပ်ဆောင်ခြင်းမဟုတ်ဟု ဒေသခံ PDF အဖွဲ့ထုတ်ပြန်

diz_admin

June 8, 2022

ကျွန်းစုဘုရားဖူးခရီးသည် ပစ်သတ်ခံရမှုမှာ မိမိတို့အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဟု မြစ်ချေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MC-KCDF)က ယနေ့ (ဇွန် ၈) ထုတ်ပြန်လိုက်သည်။ ပုဂံဘုရားဖူးသွားရောက်ခဲ့သည့် ကျွန်းစုဒေသခံမိသားစု စီးလာသည့်ကားကို ဇွန်လ ၇ ရက်နေ့နံနက်က ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်အတက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ကားရှေ့စီးနင်းလိုက်ပါလာသူ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။ ယင်းပစ်ခတ်မှုနှင့်ပတ်သက်ပြီး မိမိတို့အဖွဲ့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါကြောင်းနှင့် ယင်းလုပ်ရပ်ကို အပြင်းအထန်ရှုတ်ချကြောင်း မြစ်ချေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ မိဘပြည်သူများနှင့် မိမိတို့ကာကွယ်ရေးတပ်ဖွဲ့အကြား စိတ်ဝမ်းကွဲစေမည့် စကားလုံးများအား လူမှုမီဒီယာများပေါ်တွင် တင်ထားသည်ကို တွေ့ရှိရပါသဖြင့် ပြည်သူများ အထင်အမြင်လွဲမှားမှု မဖြစ်စေရန် ထုတ်ပြန်ရခြင်းဖြစ်ပြီး အသက်ဆုံးရှုံးရသည့် ပြည်သူအတွက် မိမိတို့အဖွဲ့အနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ သေဆုံးသူသည် ကျွန်းစုမြို့နယ်၊ ရှော်တောမှော်ကျေးရွာနေ ဦးသန်းမြင့် ဖြစ်ပြီး […]

လူသေသည်အထိ နှိပ်စက်စစ်ကြောခဲ့သူ ထိုင်းရဲချုပ်ဟောင်းကို ထောင်ဒဏ်တစ်သက်ချမှတ်

diz_admin

June 8, 2022

အဖမ်းခံထားရသူကို နှိပ်စက်စစ်ကြောသဖြင့် လူသေသွားခဲ့ဖူးသော ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီး၊ ရဲများ၏ ရက်စက်မှုနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး မကျေနပ်ဖြစ်သွားစေခဲ့သည့် ထိုင်း ရဲချုပ်ဟောင်းကို ယခုအခါ ထောင်ဒဏ် တစ်သက် ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။ သီတီစန်အူထနာဖွန် ဟု အမည်ရသော အဆိုပါ ရဲအရာရှိကြီးသည် ဇိမ်ခံပြိုင်ကားပေါင်းများစွာကိုပိုင်ဆိုင်ပြီး ၎င်းအား ဂျိုးဖာရာရီဟု အမည်ပြောင်ပေးထားကြသည်။ မူးယစ်ဆေးဝါး တရားခံဟု ဖမ်းဆီးထားသော အသက် (၂၄) နှစ်အရွယ် လူငယ်တစ်ဦးကို ခေါင်းအား ပလတ်စတစ်စွပ်ကာ နှိပ်စက်နေသည့် ဗီဒီယို ပေါ်ထွက်လာပြီး အဆိုပါ လူငယ် သေဆုံးသွားပြီးနောက် ၎င်း အဖမ်းခံရခြင်း ဖြစ်သည်။ အသက် (၄၁) နှစ်အရွယ် ရဲချုပ် သီတီစန်အူထနာဖွန် ကို နှိပ်စက်ညှင်းပန်းမှုဖြင့် သေဒဏ်ပေးခဲ့ခြင်း ဖြစ်သည်။ […]

ပုလော ဂျက်ဂါရွာသို့ စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးလည်းပစ်သဖြင့် ရွာသားများထွက်ပြေးရ

diz_admin

June 8, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဂျက်ဂါရွာသို့ စစ်ကောက်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ရွာသားများ တိမ်းရှောင်ထွက်ပြေးနေရကြောင်း ၎င်းတို့ထံမှသိရသည်။ ဂျက်ဂါရွာသို့ ခန့်မှန်းအင်အား တစ်ရာဝန်းကျင်ရှိ စစ်ကောင်စီတပ်သည် ယနေ့ (ဇွန် ၈) နံနက် ၈ နာရီတွင် ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေသဖြင့် ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “အခုထိ အသံကြားနေရသေးတယ်။ ဟိုဖက်ကတော့ တစ်ချက်မှ ပြန်မပစ်သေးဘူး” ဟု ထွက်ပြေးနေရသည့် ဂျက်ဂါရွာသား အမျိုးသားတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က ပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်က ဂျက်ဂါရွာအပါအဝင် ပျူစောထီးအားကောင်းသည့် ပုလောကုန်းရွာတွင်လည်း အထိုင်ချကာ ပြည်သူ့ကာကွယ်ရေးတပ်များ ရှိနိုင်သည့် နေရာများဘက်သို့ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပြသည်။ “လေယာဉ်တွေနဲ့လည်း အပေါ်ကနေ လာပျံနေကြတယ်” ဟု […]