ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကုမ္ပဏီတစ်ခု ကြိုးပမ်း

diz_admin

June 8, 2022

တနင်္သာရီတိုင်း မြိတ်ခရိုင်ရှိ မြို့နယ်သုံးခုတွင် နေရောင်ခြည်၊ ဇီဝလောင်စာ၊ ရေအားတို့မှ လျှပ်စစ်ထုတ်လုပ်ရန် ကုမ္ပဏီတစ်ခုက ကြိုးပမ်းလျှက်ရှိသည်။ တောင်ပိုင်းလျှပ်စစ်ဖြန့်ဖြူးရေး (Southern Power Grid) ကုမ္ပဏီက ယင်းကဲ့သို့ကြိုးပမ်းနေခြင်းဖြစ်သည်။ အဆိုပါကုမ္ပဏီသည် တနင်္သာရီမြို့နယ် ဇဝဲ ဘန်းလမွတ်ဒေသတွင် ၁၀ မီဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း၊ သမုတ် လွတ်လွတ်ဒေသတွင် ၂၆ မီဂါဝပ် ဇီဝလောင်စာသုံး လျှပ်စစ်အား ထုတ်လုပ်ရေးစီမံကိန်း၊ ပုလောမြို့နယ် ပလောက်ချောင်းတွင် ၁၀ မီဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း စသော စီမံကိန်းသုံးခု ဆောင်ရွက်နိုင် ကြိုးပမ်းနေခြင်းဖြစ်သည်။ တောင်ပိုင်းလျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီတာဝန်ရှိသူတို့သည် စစ်ကောင်စီခန့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ရုံးခန်းသို့ ဇွန်လ ၇ ရက်က လာရောက်ပြီး လျှပ်စစ်ထုတ်မည့် စီမံကိန်းများအကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း တိုင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။ […]

ပုဂံဘုရားဖူးထွက်သည့် ကျွန်းစုဒေသခံအမျိုးသား ပစ်ခတ်ခံရပြီးသေဆုံး

diz_admin

June 8, 2022

ပုဂံသို့ ဘုရားဖူးထွက်သွားသည့် ကျွန်းစုဒေသခံအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သေဆုံးသူ၏ ဆွေမျိုးအသိုင်းအဝိုင်းများထံမှ သိရသည်။ ကျွန်းစုမြို့နယ်၊ ရှော်တောမှော်ရွာတွင် နေထိုင်သည့် မိသားစုတစ်စုသည် ပုဂံသို့ ဘုရားဖူးသွားရာ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ဘုရားသို့အသွား တောင်တက်လမ်းတွင် သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သေဆုံးသူအသိုင်းအဝိုင်းထံမှသိရသည်။ ဇွန်လ ၇ ရက်နံနက်က ဧည့်လမ်းညွှန်အပါအဝင် မိသားစုရှစ်ဦး ကားဖြင့်တောင်တက်စဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကားမောင်းသူနှင့်အတူ ကားခေါင်းခန်းတွင် လိုက်ပါလာသည့် အသက် ၇၀ အရွယ် ဦးမြင့်သန်း ရင်ဘတ်ကျည်ထိမှန် သေဆုံးခဲ့သွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ကားပေါ်လိုက်ပါလာသည့် အခြားသူများကိုမူ ထိခိုက်မှု မရှိခဲ့ကြောင်း ဆွေမျိုးများထံမှ သိရသည်။ ဦးမြင့်သန်းသည် မြိတ်မြို့နှင့် ကျွန်းစုမြို့နယ်၊ ရှော်တောမှော်ကျေးရွာသို့ ခရီးသည်လှေ ပြေးဆွဲသည့် အလုပ် လုပ်ကိုင်သူဖြစ်ကြောင်း သေဆုံးသူနှင့် […]

ထိုင်းက လွှဲပေးသည့် မြန်မာ ၂၇ဝခန့်တွင် မူးယစ်ဆေးအမှုဖြင့်ပြစ်ဒဏ်ကျခံခဲ့ရသူအများစုပါဝင်

diz_admin

June 8, 2022

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရရာမှ လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦးကို ဇွန်လ ၇ ရက်နေ့တွင် ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါမြန်မာအလုပ်သမားများအနက် အမျိုးသား ၉၆ ဦးနှင့် အမျိုးသမီး ၇၃ ဦး ပါဝင်ပြီး အများစုမှာ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် ပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူများဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်သည်။ ရွှေ့ပြောင်းအလုပ်သမားတို့သည် အ‌ကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးပြစ်ဒဏ် ကျခံပြီးနောက် ရနောင်းမြို့ရှိ လူဝင်မူကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် အချိန်လေးလကြာ ထပ်မံထိန်းသိမ်းခံခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းနောက် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အား ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီး ကွာရန်တင်းစခန်းတွင် ထားရှိပေးထားကြောင်းကော့သောင်း အခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ တာဝန်ရှိတစ်ဦးက […]

ရေဖြူ ကျခတ္တပင်အင်းရွာ စာသင်ကျောင်းဗုံး‌တွေ့၊ စစ်ကောင်စီတပ်သားများ ဖောက်ခွဲဖျက်ဆီး

diz_admin

June 7, 2022

ရေဖြူမြို့နယ် ကျောက်ထောင့်ကျေးရွာအုပ်စု ကျခတ္တပင်အင်းကျေးရွာ အလယ်တန်းကျောင်းခွဲ ကျောင်းဝင်းအတွင်း ဗုံးတွေ့ရှိသောကြောင့် စစ်ကောင်စီတပ်သားများ လာရောက်ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ (ဇွန် ၇) နံနက်ပိုင်း ကျောင်းလာတက်ချိန်မှာ ဗုံးတွေ့ခြင်းဖြစ်ပြီး ကျောင်းတစ်ရက် ပိတ်လိုက်ရကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနောက် ဗုံးတွေ့ရှိသည်ဟု စစ်ကောင်စီတပ်ဖွဲ့ထံ ဆရာတစ်ဦးက အကြောင်းကြားခဲ့သဖြင့် ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်က ကားသုံးစီးဖြင့် ရောက်‌လာပြီးနောက် ဗုံးကိုဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပထမတစ်လုံးပေါက်ပြီး သိပ်မကြာခင်မှာ ဒုတိယတစ်လုံး ထပ်ပေါက်တာ။ ကျောင်းနားက အိမ်တွေကိုတောင် အစအနတွေ လာစင်သေးတယ်လို့ ပြောသံကြားရတယ်။ မိုး‌ရောလေရော တအားကြမ်းနေတဲ့ အချိန်မှာဖြစ်တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ကျောင်းဝင်းထဲတွင် မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ဗုံးထောင်ထားသည်ကိုမူ မသိရသေးပေ။ ကျခတ္တပင်အင်း […]

တနင်္သာရီတိုင်းတွင် မေလအတွင်း နေအိမ် ရှစ်လုံးမီးရှို့ခံရ

diz_admin

June 7, 2022

တနင်္သာရီတိုင်းတွင် မေလအတွင်း နေအိမ် ရှစ်လုံး မီးရှို့ဖျက်ဆီးခံရကြောင်း Data for Myanmar အဖွဲ့က ဇွန်လ ၆ ရက်တွင် ထုတ်ပြန်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ‌မေလ ၃၀ ရက်အထိ စာရင်းအရ တနင်္သာရီတိုင်းတွင် မီးရှို့ခံရသည့်နေအိမ်အရေအတွက် ၄၅ လုံးရှိကြောင်း ယင်းအဖွဲ့စာရင်းအရ သိရသည်။ ၂၀၂၂ ခုနှစ် မေလတွင် နောက်ထပ် ၈ ဆောင်ထပ်တိုးလာပြီး စုစုပေါင်း တနင်္သာရီတိုင်းအတွင်း ‌မီးရှို့ဖျက်ဆီးခံရသည့်နေအိမ် ၅၃ လုံးသို့ တိုးလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထပ်တိုးလာသည့်ကျေးရွာများမှာ ထားဝယ်မြို့နယ် ဝကုန်းကျေးရွာတွင် နေအိမ် ၄ လုံး၊ ပုလောမြို့နယ် စက်တော်ရာကျေးရွာတွင် ‌၄ လုံး […]

ပုလော မင်းထိန်ရွာက ဖမ်းဆီးခံရသူ သုံးဦး ပြန်မလွတ်သေး

diz_admin

June 7, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာက ဖမ်းဆီးခံရသူ အမျိုးသားခုနစ်ဦးအနက် လေးဦး လွတ်မြောက် လာပြီဖြစ်သော်လည်း သုံးဦး ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၁၅ ရက်နေ့က ဖမ်းဆီးခံရသူ ခြောက်ဦးနှင့် မေလ ၃၀ ရက်နေ့က တစ်ဦး ရှိခဲ့ပြီး ဇွန်လ ၃ ရက်နေ့တွင် ဦးမောင်လွင်အပါအဝင် လေးဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများ ကဆိုသည်။ “ကျန်တဲ့ သုံးဦးကတော့ အခြေအနေ အကျိုးအကြောင်း မသိရသေးပါဘူး” ဟု မင်းထိန်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ မေလ ၁၅ ရက်နေ့တွင် ဖမ်းဆီးခံရသူ ခြောက်ဦးအနက် သုံးဦးမှာ ပြန်လည် မလွတ်မြောက်သေးခြင်း ဖြစ်သည်။ အဆိုပါရွာသားသုံးဦး၏ နောက်ဆက်တွဲ အခြေအနေနှင့် ပတ်သက်ပြီး ၎င်းတို့မိသားစုများနှင့် ဆက်သွယ်ရန် […]

အိန္ဒိယအာဏာရပါတီ၏ ပြောခွင့်ရအရာရှိနှင့် အာရပ်နိုင်ငံများ သံတမန်ခင်းတင်းမာ

diz_admin

June 7, 2022

အိန္ဒိယတွင် အာဏာရရှိထားသော BJP ပါတီ၏ ထိပ်တန်းအရာရှိနှစ်ဦးပြောဆိုခဲ့သော ဘာသာရေးအရ အငြင်းပွါးဖွယ် မှတ်ချက်များ နှင့် ပတ်သက်၍ သံတမန်ရေးအရ မကျေနပ်မှုများ အစ္စလာမ်နိုင်ငံများက တုံ့ပြန်လျက်ရှိကြောင်း BBC သတင်းက ဖော်ပြထားသည်။ အဆိုပါ မှတ်ချက်အပေါ် ရှုတ်ချကြောင်း ယူအေအီး၊ အိုမန်၊ အင်ဒိုနီးရှား၊ အီရတ်၊ မော်ဒိုက်၊ ဂျော်ဒန်၊ လစ်ဗျား နှင့် ဘာရိန်းတို့က ကြေညာထားသည်။ ကူဝိတ်၊ အီရန် နှင့် ကာတာတို့က အိန္ဒိယနိုင်ငံသံအမတ်ကို ဆင့်ခေါ်ကာ ၎င်းတို့၏ ကန့်ကွက်ချက်ကို ပေးပို့ခဲ့ပြီး ဆော်ဒီအာရေးဗီးယားက ပြင်းထန်သော စကားလုံးများသုံးကာ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အိန္ဒိယသံတမန်များက အဆိုပါနိုင်ငံများကို ဖြေရှင်းချက်များ ပေးနေခဲ့သော်လည်း မကျေနပ်မှုများက ဆက်လက်ထွက်ပေါ်နေဆဲဖြစ်သည်။ ဟိန္ဒူအမျိုးသားရေးပါတီ BJP ၏ ပြောခွင့်ရအရာရှိဖြစ်သူ မစ်စ်နူပါရှာမာက အစ္စလာမ်ဘာသာ၏ တမန်တော်ကို ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်ကာ ယခုအခါ ၎င်းကို […]

လောင်းလုံးမြို့ပေါ်တွင် နေအိမ်တစ်ဆောင် ဓားပြတိုက်ခံရ

diz_admin

June 7, 2022

လောင်းလုံးမြို့ (ဃ) ရပ်ကွက်တွင် နေအိမ်တစ်ဆောင် ယနေ့ (ဇွန် ၇) နံနက်ပိုင်းက ဓားပြတိုက်ခံလိုက်ရကြောင်း ဆွေမျိုးနီးစပ်သူများပြောကြားချက်အရ သိရသည်။ အမျိုးသားဖြစ်သူ ခရီးထွက်နေပြီး ဇနီးဖြစ်သူတစ်ဦးတည်း နေအိမ်တွင်ရှိနေချိန် ယနေ့နံနက် သုံးနာရီကျော်တွင် ဆိုင်ကယ်စီး အမျိုးသားနှစ်ဦး ရောက်ရှိလာကာ ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောသည်။ “ဆိုင်ကယ်နဲ့ နှစ်ယောက်ပေါ့။ အပြင်မှာတစ်ယောက် အထဲကို တစ်ယောက်ဝင်လာပြီး လည်ပင်းကို ဓားမြှောင်နဲ့ ထောက်ပြီး ဗီရို အံဆွဲဖွင့်ခိုင်းတယ်။ အဲဒီမှာ ရှိတာယူပြီး ထွက်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါ ဓါးပြတိုက်ခံရမှုတွင် ငွေသား နှစ်သိန်းသုံးသောင်းခန့်နှင့် ရွှေ သုံးမတ်သား ပါသွားကြောင်း ဆွေမျိုးနီးစပ်သူများ၏ ပြောကြားချက်အရသိရသည်။ လောင်းလုံးမြို့နယ်တွင် လုယက်မှုများ၊ ဓါးပြတိုက်မှုများ မကြာခဏဖြစ်ပေါ်နေပြီး ကုန်စုံဆိုင်၊ ငွေလွှဲ ငွေထုတ် […]