ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျိုက်ထိုက လူမှုကယ်ဆယ်ရေးယာဉ်တစ်စီး ပစ်ခတ်ခံရ၊ အသင်းဝင် တစ်ဦးသေဆုံး

diz_admin

June 10, 2022

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာက စစ်တောင်းနာရေးကူညီမှုအသင်းယာဉ်တစ်စီး ပစ်ခတ်ခံရပြီး အသင်းဝင်တစ်ဦး သေဆုံးသွားကြောင်း ယင်းအသင်းနှင့် နီးစပ်သည့်ဒေသခံတစ်ဦးက ပြောသည်။ စစ်တောင်းနာရေးကူညီမှုအသင်းယာဉ်သည် ဇွန်လ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ကျိုက်ထိုမြို့သို့ လူနာပို့ပြီး စစ်တောင်းရွာသို့ အပြန် အင်္ဂဘိုကျေးရွာအရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် အသင်းဝင် သုံးဦးအနက်မှ ဆီးအိမ် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့သည့် ကိုပြည့်ဖြိုးအောင်ဆိုသူ သေဆုံးသွားကြောင်း အဆိုပါဒေသခံက ပြောဆိုသည်။ ကိုပြည့်ဖြိုးအောင်ကို ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ စစ်တောင်းနာရေးကူညီမှုအသင်းယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့တို့က ပစ်ခတ်ခဲ့သည်ဟု သထုံခရိုင် PDF က ထုတ်ပြန်ထားသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ […]

ပုလော ရှမ်းဒွတ်ရွာတွင် တိုက်ပွဲဖြစ်ပြီး ရွာသားများထွက်ပြေးနေရ

diz_admin

June 10, 2022

ပုလောမြို့နယ်၊ အရှေ့မြောက်ဖက် ရှမ်းဒွတ်ကျေးရွာတွင် ယနေ့ (ဇွန် ၁၀) တိုက်ပွဲဖြစ်ပွားနေပြီး ရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များသည် ယနေ့ နံနက်တွင် ရှမ်းဒွတ်ကျေးရွာအနီးသို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောဆိုသည်။ ယင်းနောက် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ရှမ်းဒွတ်ရွာတွင် ထိပ်တိုက်တွေ့ပြီး ယနေ့ မွန်းလွဲ တစ်နာရီခွဲဝန်းကျင်မှ စတင်ကာ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။ “ရွာသားတွေအားလုံး ပြေးကုန်ပြီ။ ကျွန်တော်တို့လည်း ထွက်ပြေးနေရတယ်” ဟု ရှမ်းဒွတ်ရွာက တိမ်းရှောင် ထွက်ပြေးလာသည့် အမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲသည် ညနေ ၄ နာရီခွဲအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ယနေ့ နံနက်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာခြင်းကြောင့် ပုလောကုန်း၊ နတ်အိမ်တောင်နှင့်ရှမ်းဒွတ်ကျေးရွာရှိ […]

မြိတ်တွင် စက်သုံးဆီဆိုင်ငယ်များ ပြန်မဖွင့်နိုင်သေး

diz_admin

June 10, 2022

မြိတ်မြို့တွင် လိုင်စင်မဲ့ စက်သုံးဆီဆိုင်များကို ဖမ်းဆီးမည်ဆိုသဖြင့် ယမန့်နေ့မှစတင်ကာ ပိတ်ထားသည့် တစ်နိုင်တစ်ပိုင်ဆီဆိုင်များမှာ အရေးယူမယူ သေချာမသိရသေးသဖြင့် ပြန်မဖွင့်နိုင်သေးကြောင်း အဆိုပါဆိုင်များကို မေးမြန်းချက်အရ သိရသည်။ ဇွန်လ ၉ရက်နေ့က လိုင်စင်မဲ့ဆီဆိုင်များကို လိုက်ဖမ်းမည်ဆိုသဖြင့် ဆီဆိုင်ငယ်အများစု ပိတ်သွားရာ ဆီအလုအယက် ဝယ်ကြသောကြောင့် တစ်လီတာ ကျပ် နှစ်ထောင်ကျော် ဈေးရှိရာမှ ၃၂၀၀ အထိ ဈေးမြင့်တက်သွားကြောင်း ဆီဆိုင်များနှင့် ဆီဝယ်သူများထံမှ သိရသည်။ “ဆိုင်ငယ်တွေ ပိတ်ကုန်ပြီ။ ဆီဈေးက ဒီထက် တအားထပ်တက်လာမှာစိုးလို့ ကြိုဝယ်ထားဝယ်” ဟု မြို့သစ်ရပ်နေ အသက် ၅၀ နှစ်ရှိ အငှားဆိုင်ကယ်မောင်းနင်သူတစ်ဦးက ယမန့်နေ့က အခြေအနေကို ပြန်ပြောပြသည်။ မြိတ်ဆိပ်ကမ်းရှိ စက်သုံးဆီဘော (သင်္ဘော) တစ်စင်းအား စစ်ကောင်စီဘက်က ဝင်ရောက်စစ်ဆေးပြီး ဆီအရောင်း ဆိုင်များပါ ပိတ်မည်ကိုစိုးရိမ်ပြီး […]

ထိုင်းတွင် မြန်မာလုပ်သားများစီးလာသော ဖယ်ရီကား တိမ်းမှောက်၊ ၁၄ ဦးဒဏ်ရာရ

diz_admin

June 10, 2022

ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ Thai Union စက်ရုံတွင် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများ စီးနင်းလာသော ဖယ်ရီကားတစ်စီးသည် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် တိမ်းမှောက်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိရုံးထံမှ သိရသည်။ မဟာချိုင် ဖလန်ဆောင်ယာဉ်လမ်းကြောင်း၌ ဆယ်ဘီးတပ်ကုန်တင်ကားတစ်စီးသည် ရုတ်တရက် ဘရိတ်အုပ် လိုက်ရာ ဖယ်ရီကားက မတိုက်မိစေရန် ရှောင်လိုက်ရာမှ တိမ်းမှောက်ခြင်းဖြစ်ကြောင်း ယင်ရုံးထံမှ သိရသည်။ အလုပ်မှ ပြန်လာသောအချိန်တွင် ယာဉ်တိမ်းမှောက်ခြင်းဖြစ်ပြီး မြန်မာအလုပ်သမား ၁၄ ဦး ထိခိုက် ဒဏ်ရာရရှိ ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ယနေ့ (ဇွန် ၁၀) ထုတ်ပြန်ထားသည်။ ဒဏ်ရာရရှိသူများကို ထိုင်းကယ်ဆယ်ရေး အရေးပေါ်ကားများဖြင့် အလုပ်သမား၏ ပကန်စခွန် (လူမှုဖူလှုံရေး အာမခံ) အတိုင်း အေကချိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် […]

လောင်းလုံးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

diz_admin

June 9, 2022

လောင်းလုံးမြို့နယ် မြခါးပတ်ရွာတွင် ယနေ့ (ဇွန် ၉ )နံနက်ပိုင်းက အသက် လေးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်ခတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပစ်ခတ်ခံရသူမှာ မြခါးပတ်ရွာတွင် နေထိုင်သော ဦးဌေးဝင်းဆိုသူဖြစ်ပြီး ယနေ့ နံနက်ပိုင်းနေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်သွားစဉ် ယင်းကျေးရွာသို့ ဝင်ရောက်ရာလမ်းထိပ်တွင် ပစ်ခတ်ခံရခြင်းဖြစ်‌သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ရွာထိပ်မှာပါ သုံးချက်ထိတယ်လို့ကြားတယ်။ ရင်ဖက်မှာကတစ်ချက် လက်မောင်းမှာကတစ်ချက် ခြေထောက်မှာတစ်ချက်က ထုတ်ချင်းပေါက်သွားတယ်”ဟု ၎င်းကပြောသည်။ ဦးဌေးဝင်းဆိုသူမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတင်းပေးဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သွားလာလေ့ရှိသူဖြစ်ကြောင်း အခြားဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရသည်။ ယင်းပစ်ခတ်မှုကြောင့် အဆိုပါအမျိုးသားမှာ စိုးရိမ်ဒဏ်ရာရရှိပြီး ထားဝယ်တွင် ဆေးကုသမှုခံယူနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ နေ့လယ်ပိုင်းကလည်း ယင်းကျေးရွာအနီး  ဟင်းချိုတောရွာတွင် ဒလန်ဟုဆိုသူ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး […]

မောင်းမကန်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးတစ်ဦး ပစ်သတ်ခံရ

diz_admin

June 9, 2022

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် ယနေ့(ဇွန် ၉) မွန်းလွဲပိုင်းက အသက်ခြောက်ဆယ်ဝန်းကျင် အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ သေဆုံးသူမှာ ယင်းကျေးရွာနေ ဦးစံတင်ဆိုသူဖြစ်ပြီး ကျေးရွာအရန်မီးသတ် တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဟုလည်း ဒေသခံများကပြောကြသည်။ ပင်လယ်ကမ်းခြေအနီးရှိ ၎င်း၏နေအိမ်အနီးတွင် ယနေ့ မွန်းလွဲ ၂ နာရီကျော်ကျော်ခန့်က ပစ်သတ်ခံရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “သူက ဒလန်အကြီးစားလို့ သတ်မှတ်ခံထားရသူပေါ့ စစ်ကားတွေပေါ်မှာလည်း လိုက်ပါနေတတ်တယ် ချက်ကောင်းကိုထိသွားတယ် ထင်တယ်”ဟု ၎င်းကပြောသည်။ ဦးစံတင်အား လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)နှင့် Dawei Guerrilla Revolutionary Force(DGRF) တို့ပူးပေါင်း၍ ရှင်းလင်းခဲ့သည်ဟု ယင်းအဖွဲ့များ၏ ထုတ်ပြန်ချက်အရသိရသည်။ ယင်းအမျိုးသားမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး တာဝန်ယူထားသူဖြစ်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို အသက်သွင်းကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးစော်ကားရန် ကြံစည်လာသောကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ မောင်းမကန်ကမ်းခြေသည် လောင်းလုံးမြို့နယ် […]

မြိတ်တွင် စက်သုံးဆီများ တိုးဝှေ့ဝယ်ယူနေရ

diz_admin

June 9, 2022

မြိတ်တွင် ယနေ့ (ဇွန် ၉) စက်သုံးဆီများ တိုးဝှေ့ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ ပုံမှန်ရောင်းချနေသည့် ဆီဆိုင်ငယ်အများစု ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ပိတ်လိုက်သည့်အတွက် လက်ရှိဖွင့်နေသေးသည့် ဆိုင်အချို့တွင် ဒေသခံများ တိုးဝှေ့ဝယ်ယူနေကြကြောင်း ဒေသခံများက ပြောသည်။ “လိုင်စင်မရှိတဲ့ ဆီဆိုင်တွေ လိုက်ဖမ်းနေတယ်ဆိုပြီး ဆိုင်ငယ်တော်တော်များများ ပိတ်ကုန်ကြပြီ။ လူတွေလည်း ဖွင့်ထားတဲ့ဆိုင်တွေမှာ ဝယ်နေကြတာ အလုအယက်ပဲ” ဟု မြိတ်မြို့နေ ဆိုင်ကယ် ကယ်ရီမောင်းသူတစ်ဦးက ပြောဆိုသည်။ ယနေ့ နံနက် ၉ နာရီခန့်က ဓါတ်ဆီတစ်လီတာ ၂၂၅၀ ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး မွန်းလွဲ ၁ နာရီဝန်းကျင်တွင် တစ်လီတာ ၂၅၅၀ အထိဈေးတက်သွားကြောင်း ဆိုင်ကယ်ကယ်ရီမောင်းသူများက ပြောပြသည်။ “လာတိုးနေကြတာ သိုင်းတက် (ရှုပ်ထွေး) နေတယ်။ […]

ကာတာတွင် အပူမိပြီးသေဆုံးရသည့် ရွှေ့ပြောင်းလုပ်သားအရေအတွက်ကို အစိုးရက ဖုံးကွယ်ထားဟုဆို

diz_admin

June 9, 2022

နေ့အပူချိန် အလွန်ပြင်းထန်သော အာရပ်ပင်လယ်ကွေ့ဒေသတွင် အပူချိန်ကြောင့် ရွှေ့ပြောင်းလုပ်သားများ သေဆုံးနေရသည့် အရေအတွက်ကို ဖော်ပြထောက်ပြမှု အလွန်နည်းနေသည်ဟု BBC သတင်းဆောင်းပါး တစ်ခုက ဖော်ပြထားသည်။ အလွန်ပြင်းထန်သော နေ့အပူချိန်သည် လူအများကို သက်ရောက်လျက်ရှိကာ အထူးသဖြင့် သန်းပေါင်းများစွာ သော ရွှေ့ပြောင်းလုပ်သားများက အဆိုပါ အပူချိန်ကို ရင်ဆိုင်ပြီး အလုပ်လုပ်နေကြရသည်။ ကာတာကဲ့သို့ အာရပ်ပင်လယ်ကွေ့နိုင်ငံများတွင် မိသားစုစားဝတ်နေရေးအတွက် လာရောက် အလုပ်လုပ်နေကြသူ များစွာ ရှိသည်။ လက်ရှိအပူချိန်သည် ၅၀ ဒီဂရီစင်တီဂရိတ် အထက်တွင် ရှိနေပြီး၊ အဆိုပါ အပူချိန်အောက်တွင် အလုပ်လုပ်ရသူများသည် နှလုံးထိခိုက်ခြင်း အပါအဝင် အသက်အန္တရာယ်ရှိသော အနေအထားများကို ရင်ဆိုင်ရလျက် ရှိပေသည်။ အပူမိပြီး သေဆုံးရသူ ရွှေ့ပြောင်းလုပ်သားအရေအတွက်ကို ကာတာအာဏာပိုင်များက ထုတ်ပြန်ပြောကြားမှု အလွန်နည်းနေကြောင်း BBC အာရဗီဘာသာ အစီအစဉ်၏ […]