ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရ ကန့်သတ်ချက်ကြောင့် ဆိုင်ကယ်ကယ်ရီသမားများ အခက်တွေ့

diz_admin

November 16, 2021

ထားဝယ်ဒေသတွင် ဆိုင်ကယ်တစ်စီး၌ အမျိုးသားနှစ်ဦး အတူမစီးရဆိုသည့် ကန့်သတ်ချက်ကြောင့် အခက်တွေ့နေရကြောင်း ဆိုင်ကယ်ကယ်ရီသမားများက ငြီးတွားနေသည်။ ထားဝယ်ခရိုင်အတွင်း ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦးအတူစီးခွင့်ကို ပြီးခဲ့သည့်အပတ်က စတင်ကန့်သတ်ခဲ့သည်။ ထိုသို့ ကန့်သတ်လိုက်သည့်အတွက် အမျိုးသားခရီးသည်လာငှားပါက လိုက်မပို့ရဲတော့ဘဲ သုံးဘီးကိုသာ စီးနင်းရန် ပြောဆိုနေရကြောင်း ထားဝယ်မြို့အတွင်း ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးက ဆိုသည်။ “ပိုက်ဆံမရရင်နေပါစေ မလိုက်ရဲတော့ဘူး၊ မပြောမဆို ပစ်လိုက်ရင် အသက်ပါသွားမှာ”ဟု အထက်ပါ ကယ်ရီသမားက ပြောသည်။ လက်ရှိအခင်းအကျင်းများကြောင့် ငွေရှာရခက်ခဲနေချိန်တွင် ယင်းကဲ့သို့ ကန့်သတ်လိုက်ခြင်းကြောင့် ယခင်ထက်ဝင်ငွေပိုနည်းလာပြီး အကြပ်အတည်းပိုဖြစ်လာကြောင်း အခြားကယ်ရီသမားတစ်ဦးက ဆိုသည်။ “မနက်ကတောင် အမျိုးသားတစ်ယောက် အဝေးပြေးကွင်းကို လာငှားလို့ သုံးဘီးခေါ်ပေးလိုက်ရတယ်။ နှစ်ထောင်ရမယ့်ဟာ မရတော့ဘူးပေါ့”ဟု ၎င်းက ပြောသည်။ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရန်ကန့်သတ်ထားပြီး အမျိုးသားနှင့် အမျိုးသမီး၊ အမျိုးသမီးနှစ်ဦး စီးနင်းခွင့်ပြုထားသည်။ ထားဝယ်ဒေသသယ်ယူပို့ဆောင်ရေးတွင် […]

သရက်ချောင်းတွင် ပစ်ခတ်မှုနှင့် မိုင်းဆွဲမှု ဆက်တိုက်ဖြစ်ပွား

diz_admin

November 15, 2021

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ဒလန်ဟု လူသိများသူများကို သတ်ဖြတ်မှုနှင့် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားရွာတွင် ဒလန်ဟုဆိုသူ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်(ခေါ်) ဦးမောင်နိုင်နှင့် ကြာအင်းကျေးရွာမှ ကိုထိုက်ဆိုသည့် အမျိုးသားနှစ်ဦး သေနတ်နှင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံက သိရသည်။ နိုဝင်ဘာ ၁၅ ရက် ယနေ့ နံနက် ၂ နာရီခွဲခန့်က သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအုပ်စု ကျောက်လှေကားရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်နိုင်မှာ ရော်ဘာခြံသို့သွားစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မိုးသောက် ၂ ချက်ခွဲ လောက်လို့ပြောတယ်၊ အလောင်းတွေ့တာက ၃ နာရီလောက်မှ တွေ့တယ်ဆိုပြောတယ်၊ သူက ရော်ဘာလှီးသွားရင်းနဲ့ တောထဲမှာပဲ ဖြစ်ခံရတာ၊ ပွဲချင်းပြီးသေသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသားမှာ […]

သံဖြူဇရပ်-ရေးလမ်း ယာဉ်တိမ်းမှောက်မှု သုံးဦးသေဆုံး

diz_admin

November 14, 2021

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သံဖြူဇရပ်-ရေးလမ်းမ စွပ်ပလောင်ကျေးရွာလမ်းဝအကွေ့တွင် ဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးသွားကြောင်း သံဖြူဇရပ်မှ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်ခန့်က သံဖြူဇရပ်ဘက်မှ ရေးဘက်သို့ မောင်းနှင်လာသည့် ဟိုက်ဂျက်ယာဉ်တစ်စီးသည် စွပ်ပလောင်ကျေးရွာလမ်းဝအကွေ့အရောက်တွင် စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှလာသော ယာဉ်ကြီးကို တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီး တစ်ဦးနှင့် ကလေးတစ်ဦးတို့က နေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီး နောက်ထပ်အမျိုးသမီးတစ်ဦးက ဆေးရုံအရောက်တွင် သေဆုံးသွားသည်ဟု သံဖြူဇရပ်နာရေးကူညီမှုအသင်းထံမှ သိရသည်။ “အခင်းဖြစ်တဲ့နေရာမှာ နှစ်ဦးသေတယ်၊ နောက်တစ်ဦးကတော့ ဆေးရုံရောက်ပြီးမှ သေတယ်၊ အမျို့သမီး နှစ်ဦးနဲ့ ကလေးတစ်ဦး သုံးဦး သေသွားတယ်” ဟု […]

ပေါင်မြို့ပေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

diz_admin

November 14, 2021

မွန်ပြည်နယ် ပေါင်မြို့ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူးသည် နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။ ပေါင်မြို့ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ၎င်း၏‌နေအိမ် ဈေးဆိုင်ရှေ့တွင် အမှိုက်ကောက်သန့်ရှင်းရေးလုပ်နေစဉ် သေနတ်သမားနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ် ပစ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် ဝဲဘက်နို့အုံဒဏ်ရာရရှိကာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။ “သေနတ်သမားတွေက အနီးကပ်လာပစ်သွားတယ်၊ ဒဏ်ရာက ပြင်းထန်တယ်လို့ ပြောတယ်၊ လက်ရှိက မော်လမြိုင်ဆေးရုံကို ပို့ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ဦးကျော်အောင် ပစ်ခတ်ခံရပြီးနောက် ပေါင်မြို့ပေါ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့မှ ရှာဖွေ […]

မွန်တွင် မြို့နယ် NLD ရုံး နှစ်ရုံး ထပ်မံဗုံးဖောက်ခွဲခံရ

diz_admin

November 14, 2021

မွန်ပြည်နယ်အတွင်းရှိ ရေးနှင့် ချောင်းဆုံမြို့နယ်က အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးများ ထပ်မံ ဗုံးဖောက်ခွဲခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့ရှိ မြို့နယ် NLD ပါတီရုံးတွင် နိုဝင်ဘာ ၁၂ ရက်နေ့ ည ၁၂ နာရီကျော်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “ပေါက်ကွဲမှုက ည ၁၂ နာရီကျော်ကျော်လောက်မှာဖြစ်သွားတယ်၊ ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ NLD ရုံးမှာ ပေါက်တယ်လို့ ပြောတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။ အလားတူ နိုဝင်ဘာ ၁၂ ရက်နေ့ညပိုင်းကလည်း ချောင်းဆုံမြို့တွင်ရှိသည့် မြို့နယ် NLD ပါတီရုံးတွင်လည်း ဗုံးဖောက်ခွဲခံရကြောင်း သိရသည်။ ဗုံးဖောက်ခွဲခံရမှုကြောင့် ချောင်းဆုံမြို့နယ် NLD ပါတီရုံး တစ်ခုလုံးနီးပါး ပျက်စီးသွားသည့်အပြင် ဘေးပတ်ဝန်းကျင်နေအိမ်အချို့လည်းထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု […]

လောင်းလုံးတွင် ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

diz_admin

November 13, 2021

လောင်းလုံးမြို့နယ် ရဘဲကျေးရွာနှင့် ဇလွတ်ကျေးရွာအကြား လမ်းပိုင်းတစ်နေရာတွင် နိုဝင်ဘာလ ၁၂ ရက် ညနေ ၆ နာရီကျော်က ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပျူစောထီးချစ်စမ်းမောင်နှင့် စစ်ကောင်စီတပ်သားများ လိုက်ပါလာသောအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်မှာ ၎င်းတို့အဖွဲ့ဖြစ်ကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) က ထုတ်ပြန်ထားသည်။ မိုင်းဆွဲတိုက်ခံရသည့်ကားပေါ်တွင် ကျောက်နီမော်ရွာတွင်နေထိုင်သူ ဦးချစ်စမ်းမောင်ဆိုသူနှင့် အခြားသူလေးဦးခန့်ရှိကြောင်း ဒေသခံတစ်ဦးကဆိုသည်။ မိုင်းခွဲခံရသဖြင့် ဦးချစ်စမ်းမောင်မှာ လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ကျန်သူများလည်း ဒဏ်ရာအသီးသီးရရှိကာ ဆေးရုံသို့ တင်ဆောင်သွားကြောင်း ဒေသခံအချို့က ဆိုသည်။ မိုင်းဆွဲတိုက်ခိုက်သည့်နေရာမှာ လူပြတ်သည့်နေရာဖြစ်သည့်အပြင် ညနေ ၆ နာရီကျော် လူခြေတိတ်သည့်အချိန် ဖြစ်သဖြင့် ဖြစ်စဉ်အသေးစိတ်နှင့် ထိခိုက်မှုအခြေအနေအသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ “သေတဲ့သတင်းတော့ မကြားရသေးဘူး။ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်ပဲ ကြားရတယ်။ […]

ရေး-သံဖြူဇရပ်လမ်းမတွင် ကထိန်ခင်းပြီးပြန်လာသည့်ကားတိုက် ၇ ဦးသေ၊ ၆ ဦးဒဏ်ရာရ

diz_admin

November 12, 2021

မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းမ နှစ်ကရင်လမ်းဝတွင် ကထိန်ခင်းပြီးပြန်လာသည့် ကားနှင့် အခြားကားတစ်စီး တိုက်မိပြီး ခရီးသည် ၇ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်မှာ နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်အချိန်ခန့်က ရန်ကုန်တွင် ကထိန်ခင်းပြီး ပြန်လာသည့် ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် light Truck မော်တော်ယာဥ်နှင့် နှစ်ကရင်ရွာလမ်းဝမှ ထွက်လာသည့် ရော်ဘာသစ်တင်ကားတို့ တိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ယာဥ်တိုက်မှုကြောင့် light Truck ယာဥ်ပေါ်ပါ ခရီးသည် ၁၆ ဦးအနက်မှ ၇ ဦး ပွဲချင်းပြီး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရေးမြို့ အောင်မင်္ဂလာလူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။ ယာဥ်မောင်းနှင့် […]

ထားဝယ်-မြိတ် လေ‌ကြောင်းခရီးစဉ် ပြန်ဆွဲရန် ပြင်

diz_admin

November 12, 2021

ထားဝယ်နှင့် မြိတ်မြို့နယ်တွင် ကိုဗစ်ကာကွယ်ရေး အိမ်တွင်နေထိုင်ရန် Stay at Home မှ ပယ်ဖျက်လိုက်ပြီဖြစ်သည့်အတွက် လေယာဉ်ခရီးစဉ်များ ပြန်ပြေးဆွဲရန် စီစဉ်နေကြောင်း စစ်ကောင်စီ၏ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောသည်။ ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်ဟုဆိုကာ တနင်္သာရီတိုင်းအတွင်းရှိ ထား၀ယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်းများလိုင်းများကို ယခုနှစ် မေလနှောင်းပိုင်းတွင် စတင်ရပ်နားခဲ့ပြီး အချိန်ကာလအလိုက် သက်တမ်းတိုးလာခဲ့သည်။ ထိုနောက် ရန်ကုန်-ကော့သောင်း ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) နှင့် Air KBZ လေကြောင်းလိုင်းတို့က အောက်တိုဘာလ တတိယအပတ်တွင်မှ ပြန်လည်ပြေးဆွဲခဲ့သည်။ လက်ရှိတွင် ထားဝယ်နှင့် မြိတ်မြို့နယ်အား Stay at Home ပယ်ဖျက်လိုက်ပြီး လေယာဥ်ခရီးစဥ်များ ပြန်ပြေးဆွဲရန် စီစဥ်လာခြင်းဖြစ်သည်။ “လေယာဉ်လိုင်းတွေ အခုစဖွင့်ပေးမယ်လေ။ ထင်ပါတယ် အခုက စနေ၊ […]