ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌအပါအဝင် လေးဦး ပစ်ခတ်ဖမ်းဆီးခံရ၊ တစ်ဦးသေဆုံး

diz_admin

June 23, 2022

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌအပါအဝင် လူလေးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့က ပစ်ခတ်ဖမ်းဆီးသဖြင့် တစ်ဦးသေဆုံးသွားကြောင်း ပစ်ခတ်ခံရသူများနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း၊ ပါတီဝင် ဦးပန်းမြင့်၊ ပါတီဝင် ဦးကိုကိုမောင်နှင့် ဒေသခံ ရွာသားတစ်ဦးတို့ လယ်ကတဲကျေးရွာအနီးတွင် ဇွန်လ ၂၂ ရက်နေ့က ပစ်ခတ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ အဆိုပါလေးဦးသည် ဆိုင်ကယ် နှစ်စီးဖြင့် သွားလာနေစဉ် ဘီးလင်းမြို့နယ် လယ်ကတဲကျေးရွာအနီးတွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုနှင့် တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဦးကျော်မျိုးမင်းနှင့်အတူ လိုက်လာသည့် ရွာသားတစ်ဦး သေဆုံးသွားကြောင်း ဦးကျော်မျိုးမင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ပစ်ခတ်ခံရလို့ ရွာသားတစ်ယောက်က သေသွားတယ်။ […]

မင်းထိန်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေ

diz_admin

June 23, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာအတွင်း စစ်ကောင်စီတပ်က ယနေ့ ဝင်ရောက်ရှာဖွေသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန် ၂၃ ရက် ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ဝင်ရောက်လာပြီး နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်က နေအိမ်များကို ဝင်ရောက်စစ်ဆေးစဉ် အမျိုးသားများကို မတွေ့သဖြင့် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ၎င်းတို့ ဝင်ရောက်စစ်ဆေးသည့် အချိန်တွင် အမျိုးသားအများစုမှာ လယ်ယာ၊ ဥယျာဉ်ခြံမြေ လုပ်ငန်းခွင်များသို့ သွားရောက်နေကြချိန်ဖြစ်ကြောင်း ဒေသခံများကို မေးမြန်းချက်များအရ သိရသည်။ မင်းထိန်ကျေးရွာအိမ်ခြေ ၃၀၀ ရှိသည့်အနက် နေအိမ်ထက်ဝက်ကျော်ကို ရှာဖွေစစ်ဆေးသွားကြောင်း ၎င်းတို့က ဆိုသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ရွာမှ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း ရွာသားများကပြောသည်။ […]

ပုလောတွင် ပြည်သူအချို့အသတ်ခံရမှု ၎င်းတို့လက်ချက်မဟုတ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

diz_admin

June 23, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ပြည်သူအချို့ အသတ်ခံရမှုမှာ ၎င်းတို့အဖွဲ့က လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ပုလောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ဇွန်လ ၂၂ ရက်ညတွင် ထုတ်ပြန်လိုက်သည်။ ယခုရက်ပိုင်းအတွင်း ပုလောဒေသ၌ စစ်အာဏာရှင်တိုက်ဖျက်ရေး ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း၊ အခြား အမျိုးမျိုးသော အကြောင်းများကြောင့် သော်လည်းကောင်း အပြစ်မဲ့ မိဘပြည်သူများ ထိခိုက်နေသည်ဟု သိရှိရကြောင်း PRDF က ထုတ်ပြန်သည်။ အထူးသဖြင့် မင်းထိန်ရွာနေ အမျိုးသမီးတစ်ဦး အသတ်ခံရမှု၊ တိုရွာတွင် Non CDM ဝန်ထမ်း အသတ်ခံရမှုနှင့် မကျည်းကုန်းရွာတွင် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရသည့်ကိစ္စများနှင့်ပတ်သက်၍ မိဘပြည်သူများ စိတ်မလုံခြုံမှု၊ ဘဝင်မကျမှုများ ဖြစ်ပေါ်နေသည်ကို ကြားသိရ၍ စိတ်မကောင်းဖြစ်မိဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။   အထထ်ပါ ဖြစ်ရပ်များကို PRDF က လုပ်ဆောင်ခြင်း […]

မြန်မာ ၁၆ဦး ထိုင်းကျွန်းပေါ်တွင် သုံးရက်ကြာ စွန့်ပစ်ခံရ

diz_admin

June 22, 2022

ထိုင်းနိုင်ငံတောင်ပိုင်း လူမနေသောကျွန်းပေါ်တွင် သုံးရက်ကြာ စွန့်ပစ်ခံထားရသော မြန်မာ ၁၆ ဦးကို ယနေ့ (ဇွန် ၂၂) တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းရှိ လူသူမရှိသော ကော့ကမ်းနူကျွန်းတွင် မြန်မာများသည် အစာနှင့် ရေမရရှိဘဲ သုံးရက်ကြာ စွန့်ပစ်ခံထားရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ မြန်မာ ၁၆ဦးအနက် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၇ ဦးတို့ပါဝင်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံ တောင်ပိုင်း ကော့သောင်းမြို့မှ တစ်ဆင့် လှေဖြင့်လာကာ ထိုင်းရေပိုင်နက်အတွင်းသို့ ဖြတ်ဝင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့နောက် ထိုင်းလှေမောင်းသမားက နောက်တစ်နေရာသို့ သွားရန်အတွက် လှေတစ်စီးကိုစောင့်နေရန် ပြော၍ ထွက်သွားကာ လူမရှိသောကျွန်းပေါ်တွင် ထားခဲ့သည်ဟု ဖော်ပြသည်။ သို့သော်လည်း နောက်ထပ်လှေတစ်စီးသည် ထပ်မံရောက်ရှိလာခဲ့ခြင်း မရှိသဖြင့် […]

စီးပွားရေး ပြိုလဲပြီဟု သီရိလင်္ကာဝန်ကြီးချုပ်ပြော

diz_admin

June 22, 2022

သီရိလင်္ကာနိုင်ငံတွင် အကြွေးနွံနစ်လာမှုနှင့်အတူ စီးပွားရေး လုံးဝပြိုလဲသွားပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Ranil Wickremesinghe က ယနေ့ (ဇွန် ၂၂) ပြောကြားလိုက်သည်။ နိုင်ငံအတွင်းတွင် စက်သုံးဆီဝယ်ယူတင်သွင်းနိုင်ခြင်း မရှိတော့ဘဲ ဓါတ်ငွေ့၊ လျှပ်စစ်၊ အစားအစာနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ မလုံလောက်မှုပြဿနာကို လပေါင်းများစွာ ရင်ဆိုင်လာရပြီးနောက် ဝန်ကြီးချုပ်က ယခုလိုပြောကြားလိုက်ခြင်း ဖြစ်သည်။ ဘဏ္ဍာရေးဆိုင်ရာဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသည့် ဝန်ကြီးချုပ်သည် “တကယ်ပြင်းထန်တဲ့ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပြီ ကျွန်တော်တို့နိုင်ငံဟာ အောက်ဆုံးအခြေအနေအထိ ကျဆင်းသွားနိုင်တဲ့ အခြေအနေတွေကို မြင်တွေ့နေရပြီ”ဟု သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။ ယခုအချိန်တွင် သီရိလင်္ကာနိုင်ငံ၏ Ceylon Petroleum Corporation မှာ ဒေါ်လာ သန်း ၇၀၀ အထိအကြွေးတင်လျက်ရှိသည်။ ထို့ကြောင့် သီရိလင်္ကာနိုင်ငံသို့ အခြားမည်သည့်နိုင်ငံမှ စက်သုံးဆီကို ထောက်ပံ့ပေးရန်ဆန္ဒမရှိကြကြောင်း ငွေဖြင့်ဝယ်မည်ဆိုလျှင်ပင် ရောင်းချရန်စိတ်ဆန္ဒမရှိကြကြောင်း ဝန်ကြီးချုပ်ကဆိုသည်။ အစိုးရအနေဖြင့် ငွေကြေးပြဿနာကို ဖြေရှင်းရန်အတွက် […]

ပုလောတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

diz_admin

June 22, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာတွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၁ ရက် နံနက်က မကျည်းကုန်းကျေးရွာထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေသည့် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်ခတ်ခံရသဖြင့် အသက် ၆၀ ဝန်းကျင်ရှိ ဦးမောင်စိုးဆိုသူ ယင်းနေရာတွင် ပွဲချင်းပြီးသေဆုံးကာ ၎င်းနှင့်အတူ ထိုင်နေသည့် ဦးဆန်းဦးဆိုသူတွင် ပေါင်နှစ်ဖက်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာရရှိခဲ့သဖြင့် မြိတ်ဆေးရုံတွင် တက်ရောက် ကုသနေရကြောင်း ဒေသခံများက ပြောသည်။ “(လက်ဖက်ရည်ဆိုင်ရှေ့) ဘုရားတောင်ပေါ်ကနေ ချောင်းပြီး အပစ်ခံရတာ။ နဖူးဖောက် ထိသွားတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။ သေဆုံးသူသည် ရွာတွင်ဥယျာဉ်ခြံလုပ်ကိုင်သူဖြစ်ပြီး အေးအေးဆေးဆေး နေတတ်သူဖြစ်ကာ ဒဏ်ရာရရှိသည့်သူမှာ […]

လောင်းလုံး ဝဗျောရွာတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

diz_admin

June 22, 2022

လောင်းလုံးမြို့နယ်၊ ဝဗျောရွာတွင် ဇွန်လ ၂၁ ရက်နေ့ညက အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရပြီးနောက် အလောင်းစွန့်ပစ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယင်းနေ့ည ၁၀ နာရီခန့်က အရပ်ဝတ်လက်နက်ကိုင်များ ကားသုံးစီးခန့်ဖြင့် ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်၍ နေအိမ်လေးဆောင်ခန့်ကို ဝင်ဝိုင်းရာမှ ဒေါ်မိချို (ခေါ်) မယ်ချိုဆိုသူအမျိုးသမီးကို ဖမ်းခေါ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းနောက် သုံးနာရီခန့်အကြာတွင် ဒေါ်မိချို၏ အလောင်းကို နေအိမ်ရှေ့၌ လာရောက်စွန့်ပစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ “ပစ်သတ်ပြီး အလောင်းပြန်လာထားခဲ့တယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ လက်တွင် ပြတ်ရှဒဏ်ရာများတွေ့ရပြီး နဖူးတွင်လည်း ဖူးရောင်ဒဏ်ရာများ တွေ့ရကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူ ဒေါ်မိချိုဆိုသူမှာ ရွာဈေးတွင် ဟင်းသီးဟင်းရွက် ရောင်းချသူဖြစ်ပြီး အေးဆေးနေတတ်သူဖြစ်ကြောင်း ၎င်းနှင့်ရင်းနှီးသည့် […]

ထားဝယ် PDF တစ်ဦး လက်လုပ်မိုင်းစမ်းသပ်ရာမှ မိုင်းမတော်တဆဖြစ်ပြီး ကျဆုံး

diz_admin

June 22, 2022

လက်လုပ်မိုင်း အဆင့်မြှင့်တင်နိုင်ရန် စမ်းသပ်ရာမှ မိုင်းမတော်တဆဖြစ်ပြီး ထားဝယ်ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့-DGRF မှ ဖောက်ခွဲရေးတပ်သားတစ်ဦး ကျဆုံးကြောင်း ယင်းအဖွဲ့က ယနေ့ (ဇွန် ၂၂) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ အသက် ၃၆ နှစ်အရွယ် ရဲဘော်ကိုမျိုးမှာ ဇွန်လ ၁၈ ရက် ညနေ ၃ နာရီ ၂၆ မိနစ်ခန့်တွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလတွင် Dawei Guerrilla Revolutionary Force-DGRF က ရဲဘော် ၃ ဦး တိတိကျဆုံးခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျဆုံးခဲ့သည့် ရဲဘော်ကိုမျိုးနှင့် ရဲဘော်တို့၏ ဆန္ဒအတိုင်း လက်ရှိတွင် အမိန့်ပြန်တမ်း ထုတ်ပြန်သွားမည်မဟုတ်ဘဲ တော်လှန်ရေးပြီးဆုံးမှသာ အမိန့်ပြန်တမ်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထား […]