ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်းမှ ထိုင်းသို့ လာသည့်စက်လှေ နစ်မြုပ်

diz_admin

June 27, 2022

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေထွက်ကုန်ပစ္စည်း ပို့ဆောင်လာရန်လာသည့် စက်လှေ လှိုင်းထန် မှုကြောင့် တိမ်းမှောက်သွားပြီး လှေပေါ်ပါလာသည့် မြန်မာနှစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းတပ်မတော်တော်က ထုတ်ပြန်သည်။ ထိုင်းနိုင်ငံ ရနောင်းခရိုင် ကော့ဖီးကျွန်းအနီးတွင် မြန်မာလှေတစ်စီး ဇွန်လ ၂၆ရက်နေ့က လေပြင်းတိုက်ကာ လှိုင်းထန်မှုကြောင့် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မြန်မာနိုင်ငံ ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေထွက်ပစ္စည်း လာပို့သော စက်လှေဖြစ်သည်ဟု ဖော်ပြထားသည်။ လှေနစ်မြှုပ်သွားချိန် မြန်မာလှေလုပ်သားနှစ်ဦးက ရေပေါ်တွင် မျောနေကာ အော်ဟစ်အကူ အညီတောင်းခံနေချိန် ကင်းလှည့်နေသည့် ထိုင်းစစ်သားများက တွေ့ရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့နောက် စစ်သားများက speed boat ဖြင့် သွားရောက်ကယ်တင်ခဲ့ကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်သည်။   သို့သော် မြန်မာနှစ်ဦးမှာ […]

နိုင်ငံခြားကြွေးမြီ မဆပ်နိုင်ကြောင်း ရုရှားအစိုးရ ထုတ်ပြန်

diz_admin

June 27, 2022

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပေးဆပ်ရန်ရှိသည့် နိုင်ငံခြားကြွေးမြီများ ရက်ကျော်သွားခဲ့ရာ ရုရှားသည် ရာစုနှစ် တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် နိုင်ငံခြားကြွေးမြီ မဆပ်နိုင်မှုဖြစ်စဉ် ကြုံတွေ့ခဲ့ရကြောင်း Bloomberg သတင်းတစ်ရပ်က ဖော်ပြထားသည်။ ဒေါ်လာ သန်း ၁၀၀ ပေးသွင်းငွေအတွက် ရုရှားတွင် ပိုက်ဆံရှိကာ ပြန်လည်ပေးသွင်းလိုကြောင်း၊ သို့သော် စီးပွါးရေး ပိတ်ဆို့ထားခြင်းများကြောင့် နိုင်ငံတကာမြီရှင်များသို့ ပေးဆောင်နိုင်ရန် မဖြစ်နိုင်ကြောင်း ရုရှား ဘက်က ထုတ်ပြန်ထားသည်။ ရုရှားအစိုးရက ကြွေးမြှီမဆပ်နိုင်မှုကို ရှောင်ရှားလိုပြီး ယခုဖြစ်စဉ်သည် တိုင်းပြည်၏ ဂုဏ်သတင်းကို ထိခိုက်ကြောင်း အစိုးရဘက်က ဆိုထားသည်။ ယခုဖြစ်စဉ်မှာ ဟာသပြဇာတ်ကြီးလို ဖြစ်နေကြောင်း ရုရှား ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။ နောက်ဆုံးတစ်ကြိမ် ရုရှားက နိုင်ငံခြားကြွေးမြီ မဆပ်ခဲ့မှုမှာ ၁၉၁၈ ခုနှစ်က ဖြစ်ပြီး ဘော်ရှီဗစ် တော်လှန်ရေး အတွင်း ဗလာတီမာလီနင် […]

သထုံ ထုံးဘိုလေးရွာမီးရှို့ခံရ၊ ဒေသခံထောင်နှင့်ချီ ထွက်ပြေး

diz_admin

June 27, 2022

မွန်ပြည်နယ် သထုံမြို့နယ် ဝီယော်ကျေးရွာအုပ်စု ထုံးဘိုလေးကျေးရွာ မီးရှို့ခံရသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်ရပြီး အနီးဝန်းကျင်ရွာများက ဒေသခံ ထောင်နှင့်ချီလည်း ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ဒေသခံများက ပြောသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက ထုံးဘိုလေးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် ထုံးဘိုလေးကျေးရွာကို ဝင်ရောက် လာပြီးနောက် မီးလောင်ခြင်းဖြစ်ပြီး ဇွန် ၂၆ ရက်နေ့ နံနက်ပိုင်းအထိ မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ “ရွာလုံးကျွတ် ထွက်ပြေးနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းသို့ ထွက်ပြေးနေရသည့်အတွက် ရွာမီးရှို့ခံထားရ၍ပျက်စီးသည့် အခြေအနေကို သေသေချာချာ မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။ သထုံမြို့နယ် ပြည်သူ့တော်လှန်ရေးအင်အားစုကမူ စစ်ကောင်စီတပ်ကို […]

လောင်းလုံး ၊ဂေါ့အင်းနှင့် ကဒက်ကြီးတွင် ဒေသခံသုံးဦးပစ်သတ်ခံရဟုထုတ်ပြန်

diz_admin

June 27, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာနှင့် ကဒက်ကြီးကျေးရွာနေ ဒေသခံသုံးဦး ဇွန်လ ၂၆ ရက်ညက ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့နှင့် ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီတို့ထံမှ သိရသည်။ ယင်းည ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကဒက်ကြီးကျေးရွာသို့ရောက်လာပြီး ယင်းကျေးရွာနေ အသက် ၆၀ ကျော်အရွယ် ဦးသောင်းဝင်းနှင့် ဒေါ်ဝင်းအေး(ခ) မိကြုံ ဆိုသူလင်မယားနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမူသပိတ် ကော်မတီက ထုတ်ပြန်သည်။ “ဟုတ်ပါတယ်။ ညက ဖြစ်တာပါ။ ပစ်သတ်ခံရတဲ့အိမ်က သာစည်ဘီယာဆိုင်နားမှာပါ” ဟု ကဒက်ကြီးဒေသခံတစ်ဦးက ဆိုသည်။ ကဒက်ကြီးကျေးရွာသည် လောင်းလုံးမြို့ တောင်ဘက် ၈ မိုင်ကျော်အကွာ ထားဝယ်- ရှင်မော်သွား ကားလမ်းမပေါ်တွင် တည်ရှိသည်။ ယင်းညတွင်ပင် လောင်းလုံးမြို့ ဂေါ့အင်းကျေးရွာနေ အသက် ၅၀ ကျော်အရွယ် […]

ထိုင်း ကန်ချနဘူရီတွင် တရားမဝင် မြန်မာလုပ်သား ၁၉ဦး အဖမ်းခံရ

diz_admin

June 26, 2022

ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၉ ဦးကို ကန်ချနဘူရီ ခရိုင်တွင် ဇွန်လ ၂၅ရက်နေ့က ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်သည်။ မြန်မာအလုပ်သမားများသည် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ နေအိမ်တစ်အိမ်တွင် ခရီးဆက်ရန် စောင့်ဆိုင်း နေစဉ် ရွာသားများက သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းမိခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထား သည်။ မြန်မာအလုပ်သမား အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၇ ဦးတို့ကို ဖမ်းဆီးရမိပြီး ထိုင်းနိုင်ငံသားပွဲစားနှင့်အတူ ကူညီ ဆောင်ရွက်ပေးသူ ၅ ဦးတို့ကိုပါ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ထိုင်းဘတ် ၅၃၆၆၀ ၊ မော်တော်ဆိုင်ကယ် တစ်စီးနှင့် မိုဘိုင်းလ်ဖုန်း ငါးလုံးတို့ကို အဆိုပါအိမ်တွင် သိမ်းဆည်း ရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များကဆိုသည်။ […]

မိုးစပါးချေးငွေ ၂ နှစ်ဆက်တိုက် မရသဖြင့် အခက်တွေ့ဟု လယ်သမားအချို့ပြော

diz_admin

June 25, 2022

တနင်္သာရီတိုင်း၌ လယ်လုပ်ရာသီတွင် မိုးစပါးချေးငွေ ၂ နှစ်ဆက်တိုက် မရသဖြင့် အခက်အခဲကြုံတွေ့ရကြောင်း ဒေသခံလယ်သမားအချို့က ပြောသည်။ စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်ကတည်းက မိုးစပါးချေးငွေ မရခြင်းဖြစ်ပြီး ယခုနှစ်ပါဆိုလျှင် ၂ နှစ် ဆက်တိုက် ရှိလာပြီဖြစ်ကြောင်း တောင်သူလယ်သမားအချို့က ပြောသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး မရှိသည့်ကျေးရွာများမှ လယ်သမားများမှာ ချေးငွေမရကြခြင်းဖြစ်ကြောင်း လယ်သမားများ ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်ကတည်းက မိုးစပါးချေးငွေထုတ်ယူရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ သွားရောက်မေးမြန်းခဲ့ရာ ထောက်ပံ့ ကြေး ကျမလာဟုဆိုကြောင်း ထားဝယ်မြို့၊ ဥဿရံရပ်ကွက်မှ လယ်သမား ဦးကျော်ကျော်လင်းက ပြောသည်။ “မိုးစပါးချေးငွေ မရတာ ဒီနှစ်နဲ့ပါဆို ၂ နှစ်ရှိပြီ။ အရင်တုန်းကဆို ရပ်ကွက်မှာ ထုတ်ပေးတယ်။ အခုလည်း အဲဒါ ဘာသံမှ မကြားဘူး။ မနှစ်တုန်းက သွားမေးလည်း အဖြေမရ။ […]

ရေဖြူ နတ်တွင်းရွာ တွဲဖက်အုပ်ချုပ်ရေးမှူးဆိုသူ ပစ်သတ်ခံရ

diz_admin

June 25, 2022

ရေဖြူမြို့နယ် နတ်တွင်း တွဲဖက်အုပ်ချုပ်ရေးမှူးဆိုသူ ဇွန်၂၄ နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ တွဲဖက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားသည့် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ နွန်ဒဲ ‌(ခေါ်) ဦးအောင်သန်းဆိုသူကို လောင်းလုံးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (LLPDF) နှင့် Dawei Guerrilla Revolutionary Force (DGRF) တို့က ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့နှစ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဦးအောင်သန်းဆိုသူမှာ နာမည်ကြီး ဒလန်ဖြစ်သဖြင့် ရှင်းလင်းခြင်းသည်ဟု PDF အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ယင်းကျေးရွာအလယ်တန်းကျောင်းအနီး မုန်းပြား (ခေါက်မုန့်) ဆိုင်တွင် ထိုင်နေစဉ် ဆိုင်ကယ်ဖြင့် အမျိုးသားလေးဦးရောက်ရှိလာပြီး ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ […]

တနင်္သာရီတိုင်းတွင် ကျောင်း ၄၀၀ နီးပါးပိတ်ထားရသော်လည်း ကျောင်းတက်သူ တိုးလာဟုဆို

diz_admin

June 25, 2022

တနင်္သာရီတိုင်း၌ ယခုပညာသင်နှစ်တွင် ကျောင်း ၄၀၀ နီးပါး ပိတ်ထားရသော်လည်း ကျောင်းလာတက်သည့် ကျောင်းသားဦးရေ တိုးလာကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက် ဖွင့်လှစ်သည့် ၂၀၂၁-၂၀၂၂ ပညာနှစ်တွင် ကျောင်းအပ်ထားသူ တစ်သိန်းနှစ်သောင်းကျော် (၁၂၉,၂၆၃ ဦး) ရှိသည့်အနက် ကျောင်းတက်ရောက် ပညာသင်ကြားခဲ့သူ ရှစ်သောင်းကျော် (၈၆,၄၄၄ဦး) ရှိကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများထံမှ သိရသည်။ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်ထားသူ တစ်သိန်းကိုးသောင်းကျော် (၁၉၀,၅၇၇ ဦး) ရှိသည့်အနက် ကျောင်းတက်ရောက်ပညာသင်ကြားနေသူ တစ်သိန်းခုနစ်သောင်းကျော် (၁၇၆,၆၅၃ဦး) ရှိကြောင်း ယင်းစာရင်းအရ သိရသည်။ ထို့ကြောင့် ယခုပညာသင်နှစ်တွင် ကျောင်းတက်သူဦးရေ ကိုးသောင်းကျော် တိုးလာကြောင်း တိုင်းပညာရေးမှူး စာရင်းအရ သိရသည်။  “(ကျောင်းတက်သူ) တိုးတက်လာမှုအနေနဲ့တော့ အားရကျေနပ်မှုရှိတယ်။ တို့လူကြီးတွေအားလုံးကတော့ ကလေး […]