ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မလေးရှား‌သို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၄၇ ဦး အဖမ်းခံရ

diz_admin

June 19, 2022

မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၇ ဦးကို ဇွန်လ ၁၈ ရက်နေ့တွင် ထိုင်း-မလေးရှားနယ်စပ်ရှိ ရော်ဘာတောထဲ၌ ဖမ်းဆီးရမိကြောင်း မလေးရှားအာဏာပိုင်များက ထုတ်ပြန်သည်။ ထိုင်း-မလေးရှားနယ်စပ် Bukit Kayu Hitam မြို့ ရော်ဘာတောထဲရှိ စိုက်ပျိုးရေးခြံလမ်းတွင် လူတစ်စု ပုန်းခိုနေ သည်ဟု သတင်းပေးတိုင်ကြားမှုကြောင့် အာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမားများကို ဖမ်းမိခြင်းဖြစ်သည်။ ၎င်းတို့သည် ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်လာသူများဖြစ်သည်ဟု ဆိုသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများသည် အသက် ၁၅ နှစ်မှ ၄၉ နှစ်အထိရှိသူများဖြစ်ပြီး အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၇ ဦးတို့ ပါဝင်ကြောင်း မလေးရှားအာဏာပိုင်းများက ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများတွင် တရားဝင် ခရီးသွားအထောက်အထား တစ်စုံတစ်ရာ မပါရှိဘဲ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

diz_admin

June 19, 2022

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇွန်လ ၁၁ ရက်နေ့ကနေ ဇွန်လ ၁၇ အထိတစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

ရေဖြူမြို့တွင် ပြည်သူ့စစ်အဖွဲ့ဝင်နှင့် မိသားစုဝင် ၃ ဦးအသတ်ခံရ

diz_admin

June 19, 2022

အင်းပြားရွာတွင် လာရောက်တိမ်းရှောင်နေထိုင်သည့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်တစ်ဦး အပါအဝင် မိသားစုဝင်လေးဦး ဇွန်လ ၁၈ ရက်ညတွင် အသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ အသတ်ခံရသူများမှာ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု ကရင်ကြီးကျေးရွာတွင် နေထိုင်သူများဖြစ်သည်။ ယင်းမိသားစုဝင် ၄ ဦးမှာ ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်၊ ကလိန်အောင်မြို့ အမှတ် ၄ ရပ်ကွက် အင်းပြားရွာတွင် လာရောက်တိမ်းရှောင် နေထိုင်စဉ်တွင် အသတ်ခံရခြင်းဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုဝင်တစ်ဦးက ပြောသည်။ အသတ်ခံရသူများမှာ အင်းပြားရွာတွင် လာရောက်တိမ်းရှောင်နေသည်မှာ သုံးလဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ “ရွာမှာနေတုန်းက အိမ်ကိုလာပြီး ရိုက်ဖျက်တယ်။ ဆိုင်ကယ်နှစ်စီး၊ ဖုန်းသုံးလုံးကို ယူသွားတာ ဒီမှာ (အင်းပြားမှာ) က အေးဆေးတယ်ဆိုပြီး နေရာရွှေ့ပြီး လာနေကြတာ” ဟု ၎င်းကပြောဆိုသည်။ အသတ်ခံရသူများမှာ ပြည်သူ့စစ် […]

ထားဝယ် ကမ်းနားလမ်းတွင် သပိတ်ဘန်နာကို စစ်ကောင်စီတပ် လာဖြုတ်ချိန် ဗုံးပေါက်

diz_admin

June 18, 2022

ထားဝယ်မြို့ ကမ်းနားလမ်းတွင် ယနေ့ (ဇွန် ၁၈) ညနေ ၄နာရီခန့်က သပိတ်ဘန်နာကို စစ်ကောင်စီတပ်က လာရောက်ဖြုတ်ယူချိန် ဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကမ်းနားလမ်းအပန်းဖြေနေရာအနီးတွင် ဝါးလုံးဖြင့် ခြံစည်းရိုးခတ်ထားသည့် နေရာတွင် ချိတ်ဆွဲထားသည့် “လောင်းလုံးကိုထိရင် ထားဝယ်နဲ့ငြိမယ်” ဆိုသည့် သပိတ်စာတန်း ဘန်နာကို စစ်ကောင်စီတပ်သားများ လာရောက် ဖြုတ်ယူချိန် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဗုံးပေါက်ကွဲချိန် ကမ်းနားလမ်းအတိုင်း စက်ဘီးစီးလာသည့် အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဦးခေါင်းမှာ အစထိမှန်ခဲ့တာ။ ဒဏ်ရာမများဘူး။ ဆေးရုံကနေ အိမ်ကိုတောင်ပြန်သွားပြီ” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ မိုင်းစထိမှန်ခဲ့သည့် အမျိုးသားမှာ မည်သူမည်ဝါဖြစ်သည်ကို သေသေချာချာ မသိရသေးပေ။ အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ကမ်းနားလမ်းတွင် စစ်ကောင်စီတပ်သားများက […]

ယခုလအတွင်း ထိုင်းက ပြန်လွှဲပေးသည့် မြန်မာလုပ်သား ၃၀၀ ဦးကျော်ရှိ

diz_admin

June 18, 2022

ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ဇွန်လ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော် ရှိလာနေပြီဖြစ်ကြောင်း ဘန်‌ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။ ဇွန်လ ၈ ရက်နေ့က မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား အမျိုးသား ၉၆ ဦးနှင့် အမျိုးသမီး ၇၃ ဦး စုစုပေါင်း ၁၆၉ ဦးတို့အား လွှဲပြောင်းပေးခဲ့ကြောင်း ယင်းရုံးထံမှ သိရသည်။ ယင်းနောက် ဇွန်လ ၁၇ ရက်နေ့တွင် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား အမျိုးသား ၉၈ ဦးနှင့် အမျိုးသမီး ၅၇ ဦး စုစုပေါင်း ၁၅၅ ဦးတို့အား ထပ်မံလွှဲပြောင်းပေးကြောင်း သံအရာရှိရုံးက သတင်းထုတ်ပြန်ထားသည်။ ထို့ကြောင့် ယခုလအတွင်း ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာအလုပ်သမား ၃‌၂၄ […]

ရေဖြူတွင် သုံးရက်အတွင်း အမျိုးသားငါးဦး အသတ်ခံရ

diz_admin

June 18, 2022

ရေဖြူမြို့နယ်တွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၇ နေ့အထိ သုံးရက်တာအတွင်း အမျိုးသားငါးဦး ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ဇွန်လ ၁၇ ည ၈ နာရီ ကျော်က အသက် ၃၀ ကျော်အရွယ် ရလိုင်ရွာသား ဦးတင်ထွန်းအောင်ဆိုသူ နေအိမ်တွင် ရှိနေစဉ် အမည်မသိအမျိုးသားသုံးဦး လာရောက်ကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးတင်ထွန်းအောင်သည် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေမှူးနှင့် တွဲသွားတွဲလာရှိသူဖြစ်ပြီး အလုပ်ကူညီပေးလေ့ ရှိသည်ကိုလည်း တွေ့ရသည်ဟု ဒေသခံများကို မေးမြန်းချက်အရ သိရသည်။ သို့သော် အဆိုပါအမျိုးသားအား မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။   ယင်းအမျိုးသား၏ ရုပ်အလောင်းကို ယနေ့ (ဇွန် ၁၈) နံနက်ပိုင်းက ရေဖြူမြို့သို့ […]

မလေးရှားတွင် ထားဝယ်သား လှေလုပ်သားတစ်ဦး လှေပေါ်တွင် လည်ပင်းထိခိုက်မှုကြောင့် သေဆုံး

diz_admin

June 18, 2022

မလေးရှားနိုင်ငံရှိ ငါးဖမ်းလှေပေါ်တွင် လုပ်ကိုင်နေသော ထားဝယ်သားတစ်ဦးသည် ငါးဖမ်းထွက်နေစဉ် ဇွန်လ ၁၅ရက်နေ့တွင် မတော်တဆဖြစ်ပြီး သေဆုံးသွားကြောင်း ယင်းနိုင်ငံရှိ ရွှေမြန်မာပရဟိတအသင်းထံမှ သိရသည်။ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ဆာဗာ့ဘရနမ်ခရိုင်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်စဉ် ပိုက်တင်ချပြုလုပ်သော ခွမ်းကြိုးပြတ်၍ လည်ပင်းအားရိုက်မိသောကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ သေဆုံးသူသည် ထားဝယ်မြို့နယ် ညောင်ဇင်ရွာသား အသက် ၄၃ အရွယ် ဦးအောင်နိုင်ဆိုသူဖြစ်ပြီး မလေးရှားသို့ ရောက်ရှိသည်မှာ ၇ရက်သာ ရှိသေးကြောင်း အဆိုပါအသင်းထံမှ သိရသည်။ “သူက အရင်က ထိုင်းမှာပဲ အလုပ်လုပ်တာ။ အခုမလေးရှားမှာ သွားလုပ်တာ မကြာသေးဘူး။ အခုလိုဆုံးသွားတာ တကယ်စိတ်မကောင်းဘူး” ဟု မလေးရှားတွင် အလုပ်လုပ်နေသော ညောင်ဇင်ရွာသားတစ်ဦးက ပြောသည်။ အဆိုပါသေဆုံးမှုနှင့် ပက်သက်၍ အမှုလိုက်ရဲအရာရှိနှင့် မိသားစုများမှ ရွှေမြန်မာပရဟိတလူမှုကူညီရေးအသင်းသို့ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

June 17, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Dawei Watch (ဇွန် ၁၁-၁၇) ဆွီဒင်နှင့် ဖင်လန်တို့ နေတိုးတပ်ဖွဲ့သို့ ဝင်ရောက်နိုင်မည့်အချိန် မသေချာသေး ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် နေတိုးတပ်ဖွဲ့သို့ ဝင်ရောက်ရန် လုပ်ငန်းစဉ်များ ခန့်မှန်းသည်ထက် ပိုရှုပ်ထွေးနေသဖြင့် အဖွဲ့ဝင်ဖြစ်မည့်အချိန် မသေချာသေးကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ်က ဇွန်လ ၁၃ ရက်နေ့တွင်ပြောကြားခဲ့သည်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် နေတိုးအဖွဲ့သို့ ဝင်ရောက်ရန်အတွက် မေလ ၁၈ ရက်နေ့တွင်လျှောက်ထားခဲ့ပြီး လုပ်ငန်းစဥ်များအရ အဖွဲ့ဝင်နိုင်ငံ ၃၀ စလုံး တပြေးညီသဘောတူညီမှသာ အဖွဲ့ဝင်အသစ်အဖြစ် လက်ခံနိုင်မည်ဖြစ်သည်။ Ref: Voice of America တရုတ်နိုင်ငံတွင် အမျိုးသမီးများအား ကိုယ်ထိလက်ရောက်ကျူးလွန်သူ ၉ ဦးကို ဖမ်းဆီးထား တရုတ်နိုင်ငံ […]