ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ဒီရေတားတမံကျိုးသဖြင့် လယ်ဧကငါးရာနီးပါးပျက်စီး

diz_admin

November 10, 2021

မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာတွင် ထူးကဲဒီရေကြောင့် တမံကျိုးကာ စိုက်ပျိုးထားသည့် လယ်ဧကငါးရာနီးပါး ရေငံဝင် ပျက်စီးသွားခဲ့ကြောင်း ဒေသခံလယ်သမားများ ထံမှသိရသည်။ နိုဝင်ဘာလ ၄ ရက်နေ့က တောင်သုံးလုံးချောင်းမှ ထူးကဲဒီရေဝင်ရောက်ပြီး ရေငံတားတမံ ကျိုးကျခဲ့ခြင်းဖြစ်သည်။ တမံကျိုးကျမှုကြောင့် သစ်ယာဝကျေးရွာရှိ တောင်တလုံးတန်းကွင်း၊ သဲတန်းတောထွင်ကြီးကွင်း၊ ကြဲကွင်း၊ သင်္ချိုင်းကွင်းတို့ရှိ လယ်သမား ၁၆ ဦးစိုက်ပျိုးထားသည့် လယ်ဧက ၄၈၀ ခန့်ရေငံဝင်ရောက်သွားကြောင်း လယ်သမားများက ပြောသည်။ “ဝတ်ပန်းလန်းချိန်မှာ ခုလိုဖြစ်သွားတာ၊ ဆုံးရှုံးမှုက အများကြီးရှိနိုင်တယ်”ဟု တောင်သူ ဦးကြည်ဝေ ကပြောသည်။ ကျိုးကျသည့် ရေငံတားတမံမှာ အောက်ခြေခုံ ၁၈ ပေ၊ အမြင့် ၆ ပေနှင့် အပေါ်အကျယ် ၄ ပေခန့်ရှိကြောင်း ၎င်းတို့ထံမှသိရသည်။ တမံကျိုးသည့် နေရာအနည်းဆုံး ငါးနေရာအထက်ရှိနိုင်ပြီး တစ်ပေါက်လျှင် သုံးလံမှ […]

ပုလောတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်

diz_admin

November 9, 2021

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဂျင်းနီရွာတွင် ခြေလျှင်ခရီးဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) က လမ်းမှ ဖြတ်တိုက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဂျင်းနီရွာလမ်းတွင် နံနက် ၇ နာရီခွဲတွင်လည်းကောင်း နေ့လယ် ၁၁ နာရီခန့်တွင် လည်းကောင်း ငါးမိနစ်ခန့် အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ နှစ်ဖက်စလုံး၏ ထိခိုက်ကျဆုံးမှုကိုမူ မသိရကြောင်း ဒေသခံများထံမှ သိရသည်။

တစ်နှစ်ကျော်ရပ်နားထားသည့် ယာဉ်မောင်းလိုင်စင် စလုပ်ပေး

diz_admin

November 9, 2021

ကိုဗစ်ကပ်ဘေးကြောင့် တစ်နှစ်ကျော် ရပ်နားထားသည့် ယာဉ်မောင်လိုင်စင် အသစ်နှင့် သက်တမ်းတိုးလုပ်ငန်းများကို နိုဝင်ဘာလ ၈ ရက်နေ့မှစကာ ပြန်လုပ်ပေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်ရောဂါကူးစက်မှု များလာသဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃ ရက်နေ့မှစတင်ကာ ယာဉ်မောင်းလိုင်စင်အသစ် လုပ်ပေးခြင်းကို ရပ်နားထားခဲ့သည်။ လက်ရှိတွင် ဆိုင်ကယ်မောင်း(က)လိုင်စင်အား အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တွင် တစ်ပတ်နှစ်ရက်နှုန်း လုပ်ပေးနေကြောင်း ယင်းဌာနထံမှ သိရသည်။ အဆိုပါနေ့များတွင် တစ်ရက်လျှင် လူဦးရေ ၆၀ နှုန်းဖြင့် တစ်ပတ်လျှင် ၁၂၀ ဦး အထိ လက်ခံဆောင်ရွက်နေကြောင်း ကညနဌာန တာဝန်ရှိသူက ဆိုသည်။ တစ်ပတ်အတွင်း ဆိုင်ကယ်မောင်းလိုင်စင်လုပ်သူ ၁၂၀ ဦးထက် ကျော်လွန်နေပါက ကြာသပတေးနေ့တွင်လည်း လုပ်ပေးနေ‌ကြောင်း ၎င်းက ရှင်းပြသည်။ […]

ရော်ဘာအစေးရည်စျေးနှုန်း ပြုတ်ကျ

diz_admin

November 9, 2021

ရာသီဖွင့်စက စျေးကောင်းခဲ့သည့် ရော်ဘာအစေးရည်စျေးနှုန်းမှာ လက်ရှိအချိန်တွင် တစ်ပေါင်လျှင် ၂၅၀ ကျပ်ကွာဟသွားပြီး စျေးကျသွားခဲ့သည်။ ရာသီစသည့် ယခုနှစ်အောက်တိုဘာလအတွင်းက ရော်ဘာအစေးရည်တစ်ပေါင် (Dry Rubber Content) လျှင် ၁၂၅၀ ကျပ် ပေါက်စျေးရှိပြီး လက်ရှိတွင် ကျပ်တစ်ထောင်သာ ရှိတော့သည်။ ငွေကြေးလဲလှယ်မှုနှုန်းထား၊ ငွေကြေးမူဝါဒ နှင့် ကမ္ဘာ့‌ရော်ဘာစျေး အနည်းငယ်ကျဆင်းနေခြင်းတို့ကြောင့် ရော်ဘာအစေးရည် စျေးနှုန်းကျသွားခြင်းဖြစ်ကြောင်း ထားဝယ်ရွှေပြည်အဆင့်မြင့်မှိုင်းခံစက်ရုံ မန်နေဂျာ ဦးဘိုဘိုက ဆိုသည်။ “ကမ္ဘာ့‌စျေးကွက်က နည်းနည်း(စျေး)လျော့ကျလာတာကလည်း တစ်ပိုင်းပေါ့ခင်ဗျား”ဟု ၎င်းက ပြောသည်။ ၎င်းတို့စက်ရုံမှ တစ်ရက်လျှင် ပျမ်းမျှ ရော်ဘာအစေးရည် ပေါင်နှစ်သောင်းခွဲ နှင့် ပေါင်သုံးသောင်းကြား ဝယ်ယူနေကြောင်း ဦးဘိုဘိုက ဆိုသည်။ ပြီးခဲ့သည့်နှစ်က ရာသီဖွင့်ဈေးမှာ ရော်ဘာစေးတစ်ပေါင်လျှင် ၇၅၀ ကျပ်ဝန်းကျင်ရှိပြီး ရာသီပိတ်ချိန်တွင် ၉၀၀ ကျပ် […]

တနင်္သာရီတွင် အဝေးပြေးယာဉ်လိုင်း ပုံမှန် ပြန်ပြေးရန် တင်ပြထားဟုဆို

diz_admin

November 9, 2021

တနင်္သာရီတိုင်းအတွင်းရှိ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများပုံမှန် ပြန်လည်ပြေးဆွဲခွင့်ပြုရန် တိုင်းဒေသကြီး ကိုဗစ်ကော်မတီနှင့် တိုင်းဒေသကြီးကုန်းလမ်းသယ်ယူပို့ဆောင်ရေးကော်မတီထံ တင်ပြထားကြောင်း တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနထံမှ သိရသည်။ ခရီးသွားပြည်သူများ လွယ်ကူမြန်ဆန်စွာ ခရီးသွားလာနိုင်ရေး၊ အဆင့်ဆင့် ခရီးသွားရာတွင် စရိတ်စက ကုန်ကျမှုများမည်စိုးသဖြင့် ကိုဗစ်အရှိန်လျော့လာပြီး လုံခြုံရေးအခြေအနေတွေ အဆင်ပြေလာပြီဆိုပါက ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများကို ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲခွင့်ပြုရန် ပြီးခဲ့သည့်ရက်ပိုင်းက သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆွေးနွေးထားပြီး စာဖြင့်လည်း တင်ပြထားသည်ဟု အထက်ပါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူဇက ပြောသည်။ “လောလောဆယ်တော့ ကျွန်တော်တို့ညှိနှိုင်းတင်ပြ ဆောင်ရွက်ထားတာရှိပါတယ်၊ တစ်တိုင်းလုံးကို အဆုံးအဖြတ်ပေးရတာဖြစ်တဲ့အတွက် အခုထိတော့ ကျွန်တော်တို့ကို ခွင့်ပြုမှုတော့ မရှိသေးဘူး” ဟု ဦးသူဇက ဆိုသည်။ ကိုဗစ် တတိယလှိုင်းဖြစ်ပွားချိန် ဇူလိုင်လ ၁၇ ရက်ကစပြီး အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသည်တင်ခြင်းကို ယာယီရပ်ဆိုင်းထားပြီး ကုန်စည်တင်ဆောင်ပြေးဆွဲခြင်းကိုသာ ကိုဗစ်စည်းကမ်းချက်နှင့်အညီ […]

မြိတ်တွင် PDF အဖွဲ့နှင့် ပတ်သက်ဟုဆိုကာ စည်ပင်ကော်မတီဥက္ကဋ္ဌ အပါအဝင် နေအိမ်အချို့ အသိမ်းခံရ

diz_admin

November 9, 2021

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နှင့် ပတ်သက်သည်ဟုဆိုကာ မြိတ်မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဦးမြတ်ကိုကို၏ နေအိမ်အပါအဝင် နေအိမ်ချို့အား စစ်ကောင်စီက နိုဝင်ဘာလ ၈ ရက်နေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ကန်ဖျားရပ် ထုံးဖိုလမ်းရှိ ဦးမြတ်ကိုကို၏နေအိမ်နှင့် ပါရမီရပ် ပေခြောက်ဆယ်လမ်းမကြီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဒေါ်ရှင်ဌေးနေအိမ် (ပန်းအိမ်မက် တည်းခိုရိပ်သာ) တို့အား သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။ “ဒေါ်ရှင်ဌေးအိမ်မှာ စာပြားနီကပ်ထားတာ တွေ့ရတယ်” ဟု ပေ‌ခြောက်ဆယ်လမ်းနေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ ‘ဤမြေနေရာနှင့် အဆောက်အဦးသည် အကြမ်းအဖက်အုပ်စု PDF အဖွဲ့အစည်းနှင့် ပတ်သက်ဆက်စပ်နေသောကြောင့် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်သည်၊ မကျူးကျော်ရ ရောင်းဝယ်ခြင်းမပြုရ’ဟု စာသားပါ ဗီနိုင်းပြားဖြင့် နေအိမ်အရှေ့တွင် ရေးကပ်ထားသည်ကို တွေ့ရသည်။ ဦးမြတ်ကိုကိုနှင့် ဒေါ်ရှင်ဌေးတို့အပါအဝင် စစ်အာဏာရှင် အလိုမရှိကြောင်း […]

ထားဝယ်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်၏ မိသားစုဝင်နှစ်ဦး အဖမ်းခံရ

diz_admin

November 9, 2021

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌဖြစ်သူ မသီရိမိုး၏ မိခင်နှင့် ညီမဖြစ်သူတို့ ဖမ်းဆီးခံရကြောင်း ဆွေမျိုးတော်သူတစ်ဦးက ပြောသည်။ အသက် ၄၀ ကျော်အရွယ် ဒေါ်သက်သက်ထွေးနှင့် အသက် ၁၆ နှစ်အရွယ် မရွှေရည်မိုးတို့နှစ်ဦးအား ‌နိုဝင်ဘာလ ၈ ရက် ည ၈ နာရီဝန်းကျင်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းဆိုသည်။ ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာရှိနေအိမ်တွင်လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။ “လာဖမ်းတာကတော့ အိမ်စီးကားနှစ်စီးနဲ့ အရပ်ဝတ်တွေနဲ့လာတယ်။ လာပြီးနေအိမ်မှာ ရှာ‌တာတွေလုပ်တယ်။ ရှာပြီးတာနဲ့ ဖုန်းတွေသိမ်းပြီးတော့မှ သားအမိနှစ်ယောက်စလုံးကို ခေါ်သွားတယ်” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။ မသိရီမိုးသည်ဖေဖော်ဝါရီလ နေအိမ်မှဆင်းလာကတည်းက မိသားစုဝင်တို့နှင့် အဆက်အသွယ်မလုပ်တော့ကြောင်း ၎င်းဆွေမျိုးတော်စပ်သူကဆိုသည်။ မသီရိမိုးသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ဖမ်းဝရမ်းထုတ်ခံထားရသည်။ အဖမ်းခံထားရသည့် မသီရိမိုး၏ မိခင်နှင့် ညီမဖြစ်သူကို ထားဝယ်မြို့နယ်ရဲစခန်းတွင် […]

ဘီးလင်းတွင် စာသင်ကျောင်း ဗုံးပေါက်၊ PDF မဟုတ်ဟု ထုတ်ပြန်

diz_admin

November 8, 2021

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းတို့ ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့တွင် နိုဝင်ဘာ ၇ ရက်နေ့ ညဦးပိုင်းအချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ စာသင်ကျောင်း ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိတာမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ပေါက်ကွဲတာ ညပိုင်းဖြစ်နေတော့ လူထိတာတော့မရှိဘူး၊ စာသင်ကျောင်းကို တိုက်ခိုက်တာက မဖြစ်သင့်ဘူး၊ အခု ကျောင်းတွေလည်း ပြန်ဖွင့်နေတယ်၊ ကျောင်းတက်တဲ့ ကလေးတွေလည်း ရှိနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့ ပြုလုပ်ခြင်းမဟုတ်ကြောင်း ထုတ်ပြန်ထားသည်။