ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လက်နက်ကြီးကျည်စထိမှန်၍ ကျောင်းဆရာမနှင့် တစ်နှစ်ကျော်အရွယ်သမီးငယ် သေဆုံး

diz_admin

June 25, 2022

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာထဲသို့ ဇွန်လ ၂၃ ရက်နေ့က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ကျောင်းဆရာမနှင့် ၎င်း၏ တစ်နှစ်နှင့်နှစ်လသားအရွယ် သမီးငယ်တို့ သေဆုံးကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်တပ်ရှိသည့် ဘီးလင်းမြို့နယ် နတ်ကြီးစခန်းဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည် နေအိမ်အနီးကျရောက်ပေါက်ကွဲသဖြင့် အစူးချောင်းကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမဖြစ်သူ နော်စန်းစန်းဝင်း (ခေါ်) နော်အေးနှင့် သူမ၏ သမီးငယ်တို့ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “လက်နက်ကြီးတစ်လုံးက ဆရာမအိမ်ဘေးမှာ ကျပြီး ပေါက်ကွဲတာ။ ဆရာမနဲ့ သူ့ကလေး ထိသွားတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အစူးချောင်းကျေးရွာထဲကို ဘီးလင်းမြို့နယ်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ ခမရ (၄၀၄) တပ်၊ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

June 24, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Dawei Watch၊ ဇွန် (၁၈-၂၄) ဒေါ်အောင်ဆန်းစုကြည်အခြေအနေကို စိုးရိမ်ကြောင်း ကုလသမဂ္ဂပြော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်အကျဉ်းထောင်သို့ ဇွန်လ ၂၂ ရက်က ပြောင်းရွှေ့ထားရှိမှုအပေါ်  စိုးရိမ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်သည်။ နေအိမ်အကျယ်ချုပ်ထားရှိရာမှ ယင်းသို့နေပြည်တော် အကျဉ်းထောင်အတွင်းရှိ သီးသန့်ဆောင်သို့ ပြောင်းရွှေ့လိုက်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စိုးရိမ်မိကြောင်း ၎င်းက ဇွန်လ ၂၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်ကို အပတ်စဥ် ရုံးထုတ်စစ်ဆေးနေသည့် အမှုအားလုံးကိုလည်း နေပြည်တော်စည်ပင်၀င်းထဲမှ အထူးတရားခွင်အစား နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးကို  ဇွန်လ ၂၃ ရက်မှစ၍ ပြောင်းရွှေ့စစ်ဆေးနေကြောင်းလည်း သတင်းများအသိရသည်။ […]

ကော့သောင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ၊ အစစ်အဆေးတင်းကျပ်

diz_admin

June 24, 2022

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇွန်လ ၂၃ ရက်ညတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် မြို့ပေါ်တွင် အစစ်အဆေး တင်းကျပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၃ ရက် ည ၇ နာရီခွဲခန့်က အုပ်ချုပ်ရေးမှူး ဦးယုလွင်သည် အုပ်ချုပ်ရေးမှူးရုံးမှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် လမ်းတွင် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။ ဦးယုလွင်မှာ ကော့သောင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု ကြားသိရကြောင်း ဒေသခံများက ဆိုသည်။ “ရှပ်ထိတာလောက်ပဲ။ သေချက်မထိဘူးလို့ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းသို့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်များက လမ်းသွားလမ်းလာများအား စစ်ဆေးမှုတိုးမြှင့်လုပ်ဆောင် နေကြောင်း ဒေသခံများက ဆိုသည်။ “ဆိုင်ကယ်စီးရင် အမျိုးသား နှစ်ယောက်စီးလို့ မရတော့ဘူး။ အခု […]

တနင်္သာရီမြို့နယ်တွင် ထိုင်းမျိုး ဒူးရင်းပင် စီးပွားဖြစ်စတင်စိုက်ပျိုး

diz_admin

June 24, 2022

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်နေသူအချို့ ထိုင်းမျိုး ဒူးရင်းပင်များကို စီးပွားဖြစ် စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ယင်းမြို့နယ်ရှိ ဥယျာဉ်ခြံလုပ်ကိုင်သူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် အနည်းငယ်ခန့်မှစပြီး ဥယျာဉ်ခြံပိုင်ရှင်အချို့သည် ထိုင်းမျိုး ဒူးရင်းပင်တို့အား တစ်ပိုင်တစ်ပိုင်ပုံစံဖြင့် စတင်စမ်းသပ် စိုက်ပျိုးခဲ့ကြကြောင်း တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာနေ ဥယျာဉ်ခြံလုပ်ကိုင်သူအချို့က ပြောသည်။ ယင်းကဲ့သို့ စမ်းသပ်စိုက်ပျိုးရာတွင် ငွေအကုန်အကျနည်းပြီး တွက်ခြေကိုက်သဖြင့် ယခုနှစ်တွင် စီးပွားဖြစ် စိုက်ပျိုးသူ ဦးရေ ဆယ်ဂဏန်းအထိ ရှိလာနေပြီဖြစ်ကြောင်း တနင်္သာရီမြို့နယ် ရမ်းဖိုရွာနေ ထိုင်းမျိုးဒူးရင်းပင် စိုက်ပျိုးနေသူ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ၎င်းကိုယ်တိုင် အပင်ရေ ဆယ်ဂဏန်းခန့်ဖြင့် စတင်စမ်းသပ်စိုက်ပျိုးခဲ့ပြီး လက်ရှိတွင် အပင်ရေ တစ်ရာကျော်အထိ တိုးချဲ့စိုက်ပျိုးနေကြောင်း ပြောပြသည်။ “အသီးကတော့ လူကြိုက်များသလို ဈေးကလည်း ကောင်းစပဲ” ဟု […]

ထိုင်းနိုင်ငံသား အသတ်ခံရမှုတွင် မြန်မာလုပ်သားသုံးဦးကို တရားစွဲ

diz_admin

June 24, 2022

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင် (Hat Yai) တွင် ထိုင်းနိုင်ငံသားအသတ်ခံရမှုနှင့် ပက်သက်၍ မြန်မာအလုပ်သမား သုံးဦးကို တရားစွဲဆိုထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၂၃ ရက်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ စွန်ခရာခရိုင်၊ ဟတ်ယိုင်မြို့နယ်ရှိ တောထဲ၌ ထိုင်းနိုင်ငံသားတစ်ဦး ကြိုးတုပ်ကာ သတ်ဖြတ်မြှုပ်နှံခံထားရသည်ကို ဇွန်လ ၁ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ ယင်းနောက် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၉ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့သည့်အနက် သုံးဦးကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတို့ဖြင့် တရားစွဲဆိုလိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ပြောဆိုချက်ကို ကိုးကားကာ ထိုင်းသတင်းများတွင် ဖော်ပြသည်။ သို့သော် တရားစွဲဆိုလိုက်သည့် နေ့ရက်ကို ဖော်ပြထားခြင်း မရှိကြပေ။ သက်သေအထောက်အထားများအရ လူသတ်မှုတွင်ပါဝင်ကျူးလွန်ထားသည့် တရားမဝင် မြန်မာအလုပ်သမား ရှစ်ဦးရှိသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောဆိုပြီး သတင်းစာရှင်းလင်းပွဲတွင် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

June 24, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Dawei Watch (ဇွန် ၁၈-၂၄) အိန္ဒိယတွင် စစ်မှုထမ်းဥပဒေအသစ်ကို ဆန္ဒပြရင်း လူ ၁ ဦးသေဆုံးခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ အိန္ဒိယနိုင်ငံတွင် အငြင်းပွားဖွယ် စစ်မှုထမ်း ငှားရမ်းမှုဥပဒေသစ် မူကြမ်းကို ပြည်နယ်အများစုတွင် မကျေနပ်သဖြင့် ဆန္ဒပြရင်း လူ ၁ ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာ ရရှိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း ကြားသိရသော်လည်း သေဆုံးသူသည် သေနပ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ရှိမရှိ အတည်ပြုချက်မရသေးကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။ ဆန္ဒပြသူများသည် ဘစ်ကားများ၊ မီးရထားများကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ယခင် ၁၅ နှစ်စာချုပ်ဖြင့် ခေါ်ယူရာမှ ယခု ၄ […]

ရေဖြူပြည်သူ့ကာကွယ်ရေးတပ်က မူးယစ်အဖွဲ့ကို ဝင်ဖမ်း

diz_admin

June 24, 2022

ရေဖြူမြို့နယ် ၊ပုဂေါဇွန်းရွာနဲ့ မင်းဒပ်ရွာကြားရှိ မူးယစ်ဂိုဏ်းတစ်ခုကို ဇွန်လ ၂၃ ရက်ညနေ သုံးနာရီခန့်က ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဝင်ရောက်စီးနင်းခဲ့သည်ဟု ယင်းအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ မူးယစ်ဂိုဏ်းကိုဝင်ရောက်စီးနင်းခဲ့ရာ WY စိတ်ကြွဆေးပြား ၁၂၀၀ ၊ရေခဲ(ခေါ်) ICE ဆယ့်ခြောက်တောင့်နှင့် အထုတ်သုံးထုတ်အပါဝင် ဟန်းဖုန်းခုနှစ်လုံး၊ ပုဆိန်နှစ်လက်နှင့် ငွေသား ၉၅၂၉၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ မူးယစ်ဆေးသုံးစွဲကြသူအများစုမှာ လူငယ်များဖြစ်ပြီး ယခင်အာဏာမသိမ်းခင်ကထက် ယခုအာဏာသိမ်းပြီးနောက်ပိုင်း အတင်းရဲလာကြသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။ “လူမရှိတဲ့အိမ်တွေမှာ စုဖွဲ့ကြတာများတယ်။ မူးယစ်ကြောင့်ဖမ်းဆီးခံရဖူးပြီး ပြန်လွတ်လာတဲ့သူတွေက အရင်ထက်ပိုပြီး ရဲရဲတင်းတင်းလုပ်လာကြတယ်”ဟု ၎င်းကပြောသည်။ တနင်္သာရီတိုင်းတွင် မူးယစ်ဆေးသုံးသူများ ပိုမိုများပြားလာပြီး ပေါ်ပေါ်တင်တင် သုံးစွဲလာကာ ဒေသခံပြည်သူများကို နှောင့်ယှက်မှုများပါ လုပ်ဆောင်လာကြကြောင်း ဒေသခံများကဆိုသည်။ အဆိုပါမူးယစ်ဆေး ဖမ်းဆီးမှုကို ရေဖြူမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ-ရေဖြူ) […]

သောက်ရေသန့် ဈေးထပ်တက်

diz_admin

June 23, 2022

မြိတ်မြို့တွင် ၂၀ လီတာဆံ့ သောက်ရေသန့်ဗူးကြီး တစ်ဗူးလျှင် ဇွန်လ ၂၁ ရက်နေ့မှစပြီး ၉၀၀ ကျပ်အထိ ဈေးမြင့်တက်သွားကြောင်း သောက်ရေသန့်လုပ်ငန်းများနှင့် သုံးစွဲသူ ပြည်သူများထံမှ သိရသည်။ သောက်ရေသန့်ဗူးကြီးတစ်ဗူးလျှင် ယခင်က ၅၀၀ ကျပ်သာပေးရပြီး စက်သုံးဆီဈေး မြင့်တက်လာသည် ဟုဆိုကာ မတ်လတွင် တစ်ဗူးလျှင် ၇၀၀ ကျပ်အထိ ဈေးတက်လာခဲ့ကာ ယခုတွင် ၉၀၀ ကျပ်အထိ ဈေးတက်လာခြင်း ဖြစ်သည်။ သောက်ရေသန့် ဈေးတက်သွားသဖြင့် သောက်ရေသန့်ကို လျှော့သုံးလာကြပြီး ရပ်ကွက်အတွင်း ရေသယ်ယာဉ်ဖြင့် ရောင်းနေသည့် မြိတ်တောင်ရပ်က အဝီစိရေကိုလည်း အစားထိုး အသုံးပြုလာကြကြောင်း မြိတ်မြို့ခံအချို့ကို မေးမြန်းချက်အရ သိရသည်။ “မြိတ်တောင်ရေတစ်‌ဗူးက တစ်ရာပဲပေးရတာ” ဟု ဇေယျာသီရိ ၄ ရပ်ကွက်နေ အသက် ၅၀ နှစ်ကျော်ရှိ […]