ထိုင်းတွင် နှစ်ရက်အတွင်း တရားမဝင် ဝင်သည့် မြန်မာလုပ်သားနှစ်ရာကျော်အဖမ်းခံရ
diz_admin
June 21, 2022ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၁၄ ဦး ဖမ်းဆီးရမိကြောင်း ထိုင်းတပ်မတော်က ယနေ့ (ဇွန်၂၁) သတင်းထုတ်ပြန်သည်။ ဇွန်လ ၁၉ရက်နှင့် ၂၀ ရက်တို့တွင် အဖမ်းခံရခြင်းဖြစ်သည်။ မြန်မာအလုပ်သမားများသည် ထိုင်း-မြန်မာနယ်စပ်ဖြစ်သော တနင်္သာရီတိုင်း မောတောင်နယ်စပ်မှတစ်ဆင့် ပရာကျွတ်ခီရီခန်ခရိုင်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ၎င်းတို့ကို နေရာခုနစ်ခုတွင် သီးခြားစီ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ယင်းမြန်မာအလုပ်သမား ၂၁၄ ဦးတွင် အမျိုးသား ၁၆၄၊ အမျိုးသမီး ၅၀ ဦးတို့ပါဝင်ကာ ထိုင်းနိုင်ငံသားလမ်းပြ ၂ ဦးနှင့်အတူ ကားတစ်စီးကိုပါ ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများသည် ထားဝယ်၊ မြိတ်၊ ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်မြို့တို့မှ လာခြင်းဖြစ်ပြီး ထိုခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ […]


