ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌအပါအဝင် လေးဦး ပစ်ခတ်ဖမ်းဆီးခံရ၊ တစ်ဦးသေဆုံး
diz_admin
June 23, 2022မွန်ပြည်နယ် ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌအပါအဝင် လူလေးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့က ပစ်ခတ်ဖမ်းဆီးသဖြင့် တစ်ဦးသေဆုံးသွားကြောင်း ပစ်ခတ်ခံရသူများနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း၊ ပါတီဝင် ဦးပန်းမြင့်၊ ပါတီဝင် ဦးကိုကိုမောင်နှင့် ဒေသခံ ရွာသားတစ်ဦးတို့ လယ်ကတဲကျေးရွာအနီးတွင် ဇွန်လ ၂၂ ရက်နေ့က ပစ်ခတ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ အဆိုပါလေးဦးသည် ဆိုင်ကယ် နှစ်စီးဖြင့် သွားလာနေစဉ် ဘီးလင်းမြို့နယ် လယ်ကတဲကျေးရွာအနီးတွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုနှင့် တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဦးကျော်မျိုးမင်းနှင့်အတူ လိုက်လာသည့် ရွာသားတစ်ဦး သေဆုံးသွားကြောင်း ဦးကျော်မျိုးမင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ပစ်ခတ်ခံရလို့ ရွာသားတစ်ယောက်က သေသွားတယ်။ […]


