ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘာသာရေးတင်းမာမှု ဖြစ်ပေါ်လာနိုင်၍ အိန္ဒိယနိုင်ငံ ပြည်နယ်တစ်ခုတွင် အရေးပေါ်တပ်လှန့်ထား

diz_admin

June 29, 2022

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ်တွင် ဟိန္ဒူဘာသာဝင် အမျိုးသားတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှုနှင့် စပ်လျဉ်း၍ ဒေသတွင်း ဘာသာရေး တင်းမာမှုများ ဖြစ်နေရာ လုံခြုံရေးများကို တပ်လှန့်ထားကြောင်း BBC သတင်းက ဖော်ပြထားသည်။ အပ်ချုပ်သမားတစ်ဦးဖြစ်သူ ကန်ဟာယာလာကို အူဒါပူရ် ခရိုင်တွင် မွတ်ဆလင်ဘာသာဝင် အမျိုးသား နှစ်ဦးက သတ်ခဲ့ခြင်းဖြစ်ကာ သတ်နေသည်ကို ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်ပေါ်သို့ တင်ခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက တမန်တော်မိုဟာမက်အား အငြင်းပွါးဖွယ်ဝေဖန်ခဲ့သူ နိုင်ငံရေးသမားကို ခေါင်းဖြတ်အသတ်ခံရသည့် အမျိုးသားက ထောက်ခံကြောင်း ဗီဒီယိုထဲတွင် လူသတ်သမားများက ပြောကြားသွားခဲ့သည်။ အဆိုပါဒေသကို အစိုးရက အင်တာနက်ဖြတ်တောက်လိုက်ပြီး လူစုလူဝေးဖြင့် စုဝေးမှုများကို တားမြစ်ထားသည်။ လူသတ်သမားများသည် ၎င်းတို့ မည်သူမည်ဝါများဖြစ်သည်ကိုပါ ဗီဒီယိုထဲတွင် ပြောကြားခဲ့ကြပြီး ၎င်းတို့ကို ရဲများက ဖမ်းဆီးထားသည်။ နောက်ထပ် ထပ်ထွက်လာသော ဗီဒီယိုထဲတွင် လူသတ်သမားများက လူသတ်ခဲ့ခြင်းအပေါ် […]

ပုလောအရှေ့ဖျားရွာများဖက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ

diz_admin

June 29, 2022

ပုလောမြို့နယ်၊ အရှေ့ဖျားဒေသရှိ ကျေးရွာများဖက်သို့ ဇွန်လ ၂၈ ရက် ညတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အရှေ့ဖျားဒေသရွာများဖြစ်သည့် နန်းတောင်၊ မှော်မိ၊ ဂျက်ဂါ၊ ပုလောကုန်း၊ ရှမ်းဒွတ် စသည့် ကျေးရွာများဖက်သို့ ဇွန်လ ၂၈ ရက်ည ၇ နာရီမှစတင်ကာ ပစ်ခတ်ခံရပြီး နံနက် ၁ နာရီအချိန်အထိ လက်နက်ကြီး၊ လက်နက်ငယ် အသံများကြားရကြောင်း ဒေသခံများက ပြောသည်။ “ရှမ်းဒွတ်ရွာထဲအထိ လက်နက်ကြီးတွေ လာကျတယ်။ လက်နက်ငယ်အသံတွေလည်း ကြားရတယ်” ဟု ရှမ်းဒွတ်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ပုလော စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာများဘက်က ပစ်ခတ်ခြင်းဖြစ်ပြီး ပုလောအရှေ့ဖျားဒေသ ကျေးရွာများ ၏ အနီးပတ်ဝန်းကျင်တွင် PDF များ ခိုအောင်းလှုပ်ရှားနေသည်ဟုဆိုကာ ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့က […]

အမေရိကသို့ ရွှေ့ပြောင်းဝင်ရောက်လာသူများ အစုလိုက်အပြုံလိုက် သေဆုံးလျက်တွေ့ရှိ

diz_admin

June 28, 2022

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယို မြို့ပြင်ဘက်တွင် စွန့်ပစ်ရပ်ထားသော ထရပ်ကားကြီး အတွင်းမှ အစုလိုက်အပြုံလိုက်သေဆုံးနေသူ ၄၆ ဦးကို တွေ့ရှိရကြောင်း သတင်းများက ဖော်ပြထားသည်။ ကလေး (၄) ဦးအပါအဝင် အသက်ရှင်ကျန်သူ ၁၆ ဦးကို ဆေးရုံသို့ ခေါ်ဆောင်ထားကြောင်း မီးသတ်ကယ်ဆယ်ရေး အရာရှိ တစ်ဦးက ပြောကြားသည်။ အသက်ရှင်ကျန်ရစ်သူများမှာ ကိုယ်အပူချိန်အလွန်မြင့်တက်နေပြီး အလွန်ပြင်းထန်သော အပူချိန်ကို ခံစားထားရခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။ အမေရိကန်- မက္ကဆီကိုနယ်စပ် ကီလိုမီတာ (၂၅၀) အကွာ ဆန်အန်တိုနီယိုမြို့သည် လူကုန်ကူးသူများ၏ အဓိက အသုံးပြုရာ လမ်းဆုံနေရာ ဖြစ်သည်။ လူကုန်ကူးသူများသည် ထရပ်ကားကြီးများကို အသုံးပြုကာ စာရွက်စာတမ်းမရှိသော ရွှေ့ပြောင်း ဝင်ရောက်လာသူများကို ပို့ဆောင်လေ့ရှိပြီး ဝေးလံခေါင်ဖျား နယ်စပ်နေရာများမှ သွားရောက် ခေါ်ယူလာခြင်း ဖြစ်သည်။ […]

မြိတ်တွင် လျှပ်စစ်ဝါယာကြိုး မကြာခဏဖြုတ်ခိုးခံရ

diz_admin

June 28, 2022

မြိတ်မြို့တွင် လျှပ်စစ်ဝါယာကြိုးဖြုတ်ခိုးမှု မကြာခဏဖြစ်နေကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။ လျှပ်စစ်ဓါတ်အား ထုတ်လွှတ်နေသည့် အဓိကကြိုးကြီးမှ နေအိမ်များသို့ သွယ်တန်းထားသည့် ကြိုများ မကြာခဏ အခိုးခံနေရကြောင်း မြို့ခံများက ပြောသည်။ ယင်းသို့ အခိုးခံနေရသည်မှာ လေးလဝန်းကျင်ရှိပြီဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ “နေ့ခင်းကြောင်တောင် အခိုးခံရတာရှိတယ်” ဟု မြို့ခံအမျိုးသမီးတဦးက ပြောသည်။ သူခိုးများသည် လူမရှိသည့်နေအိမ်နှင့် အိမ်သားများ အပြင်သွားသဖြင့် ခေတ္တခဏ ပိတ်ထားသည့် နေအိမ်များကို အဓိက ပစ်မှတ်ထားကာ ခိုးယူနေကြသည်ဟုလည်း မြို့ခံများက ဆိုသည်။ “အိမ်ပိတ်ပြီး အလှူအိမ်ခဏသွားတယ်။ ပြန်လာပြီး မီးဖွင့်တော့မှ ဖြုတ်ခိုးခံရမှန်း သိလိုက်တယ်” ဟု မြိတ်တက္ကသိုလ် အနီးတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ မြိတ်မြို့တွင် ရပ်ကွက်ပေါင်း ၂၀ ကျော်ရှိသည့်အနက် ကောလိပ်ရပ်ကွက်သည် အခိုးခံရဆုံး […]

ရေးမြို့နယ် အစင်ရွာအဝင်တံတားဂိတ် ပစ်ခတ်ခံရပြီး ငါးဦးသေဆုံးဟုထုတ်ပြန်

diz_admin

June 28, 2022

မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာအဝင်တံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ အစင်ကျေးရွာအဝင် တံတားဂိတ်ကို ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးနှင့် ပြည်သူ့စစ် ငါးဦး သေဆုံးကာ လက်နက် ၃ လက် သိမ်းယူနိုင်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ “ပျူစောထီးအဖွဲ့ဖြစ်ပါတယ်။ သွေးသောက်အဖွဲ့လို့လည်း အပြင်မှာ နာမည်ထွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က လူမှုကွန်ရက်စာမျက်နှာတွင် ရုပ်သံမှတ်တမ်းဖြင့် ပြောဆိုထားသည်။ ပြည်သူ့စစ်ဟုဆိုပြီး ဖြတ်သန်းသွားလာသူပြည်သူများထံမှ ငွေကြေးကောက်ခံနေသည့်အတွက် ပစ်ခတ်ရှင်းလင်း ရခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်လိုက်ပြီး ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အစင်မှာရော၊ ရေးမှာရော စစ်ဆေးမှုတွေ တင်းကျပ်ထားတယ်။ ဖမ်းဆီးစစ်ဆေးခံနေရတာလည်း ရှိတယ်လို့ […]

သရက်ချောင်းတွင် တစ်ရက်တည်း အပြန်အလှန်ပစ်ခတ်မှု ၃ ကြိမ်ဖြစ်၊ ဒေသခံများ စစ်ဘေးရှောင်

diz_admin

June 27, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တစ်ရက်တည်း အပြန်အလှန်ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ သရက်ချောင်မြို့နယ်ရှိ လောင်းမင်းဖရွာ၊ အင်းပြားနှင့် စော်ဖျားရွာကြား၊ မိုးရွှေကုန်းရွာနှင့် ကင်းရှေ့ရွာကြား တို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် လောင်းမင်းဖရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ၁ နာရီခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့‌ကြောင်း  ဒေသခံအချို့က ပြောသည်။ ယင်းနေ့ ညနေပိုင်း ၃ နာရီခန့်တွင်လည်း စော်ဖျားကျေးရွာနှင့် အင်းပြားရွာကြားတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မိနစ် ၃၀ ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ အထက်ပါ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် နှစ်ကြိမ်တွင် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိပြီး ယင်းနေ့ညနေ ၄ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ကား […]

ပုလောတွင် တိုက်ပွဲဖြစ်ပြီး အကျအဆုံးများရှိ၊ မှော်မိရွာထဲ လက်နက်ကြီးကျ

diz_admin

June 27, 2022

ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာအုပ်စုတွင် ယနေ့ (ဇွန် ၂၇) တိုက်ပွဲဖြစ်ပွားပြီး မှော်မိရွာထဲတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ နန်းတောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပုလော PDF မဟာမိတ်တပ်ပေါင်းအဖွဲ့တို့ ယနေ့ နံနက် ၆ နာရီမှစတင်ကာ နံနက် ၈ နာရီအထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် အပြင်းအထန် တိုက်ပွဲဖြစ်ပွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF)က ထုတ်ပြန်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ၆ ဦး ကျဆုံးပြီး ပုလောမဟာမိတ်တပ်ပေါင်းစုဖက်က အထိအခိုက် အကျဆုံးမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းနောက် စစ်ကောင်စီတပ် တပ်စွဲထားရာ နန်းတောင်ကျေးရွာတံတားဘက်မှ ဂျက်ဂါနှင့် မှော်မိရွာဖက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ “လက်နက်ကြီးတွေနဲ့ပစ်တာ အချက်ပေါင်း ရေထားလို့ကို […]

ဘန်ကောက်တွင် မီးလောင်မှုကြောင့် သေဆုံးသူနှစ်ဦးတွင် မြန်မာလုပ်သားတစ်ဦးပါဝင်

diz_admin

June 27, 2022

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဇွန်လ ၂၆ ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် လူ နှစ်ဦးသေဆုံးခဲ့ရာတွင် မြန်မာ အလုပ်သမားတစ်ဦးပါဝင်ကြောင်း ချက်ကရာဝက်ရဲစခန်းမှ ရဲချုပ် Pollawat Phromsorn က ပြောသည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်မြို့တော် စမ်းဖန်ထဝန်မြို့နယ်ရှိ ရတ်ချဝန်လမ်းမကြီးရှိ စမ်းဖိန်ဈေးအနီး သုံးထပ်အဆောက်အအုံတွင် အကြီးစား မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဆိုင်ဝန်ထမ်းနှစ်ဦး သေဆုံးကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ မီးသတ်တပ်ဖွဲ့ဝင်နှင့် ကယ်ဆယ်ရေးလုပ်သား စုစုပေါင်း ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။ သေဆုံးသူ၏ ရုပ်အလောင်းများကို စစ်ဆေးရာတွင် အသက် ၃၄ နှစ်အရွယ် (အမည်ကို ထိုင်းဘာသာဖြင့် မောင်ဖေ့ခ်ဒိမ်းဟုဖော်ပြ) မြန်မာအလုပ်သမားတစ်ဦးနှင့် အသက် ၅၂ အရွယ်ရှိ ထိုင်းနိုင်ငံသား ငွေကိုင်တစ်ဦး ပါဝင်ခဲ့ ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့ကြောင်း ထိုင်းမီဒီယာများတွင် […]