စက်သုံးဆီဈေးတက်နေ၍ ကင်းမွန်ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ရန်ခက်ခဲ
diz_admin
July 1, 2022စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာနေသဖြင့် ကင်းမွန်ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲနေပြီး မြိတ်အခြေစိုက် ကင်းမွန်ငါးဖမ်းလုပ်ငန်းအများစု လုပ်ရန်မသေချာသည် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ ကင်းမွန်ငါးဖမ်းကာလမှာ လာမည့်နိုဝင်ဘာလတွင် စတင်မည်ဖြစ်သော်လည်း လတ်တလော ဒီဇယ်လောင်စာဆီဈေးနှုန်း ကြီးမြင့်လာသည့်အပေါ် စောင့်ကြည့်နေရကြောင်း ကင်းမွန်လှေ လုပ်ကိုင်သူတစ်ချို့က ပြောပြသည်။ ဒီဇယ်ဆီတစ်ပီပါ (၅၀ ဂါလံ)လျှင် ယနေ့ (ဇူလိုင် ၁) ကျပ်ခြောက်သိန်းနီးပါးခန့် စျေးပေါက်ကြောင်း မြိတ်စက်သုံးဆီ ဈေးကွက်အတွင်းမှ သိရသည်။ “ဒီထက်ဈေးထပ်တက်လာရင် လုပ်နိုင်တဲ့လှေတွေ နည်းသွားလိမ့်မယ်” ဟု ကျွန်းစုမြိုနယ် ကျွဲခရံကျေးရွာအုပ်စုနေ ကင်းမွန်ငါးဖမ်းလှေပိုင်ရှင် တစ်ဦးက ပြောသည်။ ဒီဇယ်ဆီဈေးမှာ ကျပ်ခြောက်သိန်းငါးသောင်းကျော်သွားပါက ကင်းမွန်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲတွေ့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကင်းမွန်ငါးဖမ်းလှေတစ်စီးသည် ငါးဖမ်းထွက်သည့် ၁၅ ရက် တစ်ခေါက်လျှင် လှေနဲ့အင်ဂျင်စက် […]


