ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မလေးရှားမှ ထားဝယ်ပြန်သူ လေယာဉ်စီးခွင့်မရသဖြင့် ဟိုတယ်တွင်နားနေစဉ်သေဆုံး

diz_admin

July 2, 2022

ကျန်းမာရေးမကောင်းသဖြင့် မလေးရှားနိုင်ငံကနေ ထားဝယ်မြို့သို့ ပြန်လာမည့် အမျိုးသမီးတစ်ဦးကို လေကြောင်း လိုင်းက လိုက်ပါခွင့်မပြုသဖြင့် ဟိုတယ်တွင် တည်းခိုနားနေစဉ် သေဆုံးသွားကြောင်း မလေးရှားနိုင်ငံရှိ နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့ထံမှ သိရသည်။ သေဆုံးသူမှာ ထားဝယ်မြို့နယ် ဇဟာကျေးရွာနေထိုင်သည့် မဝင်းဝင်းထွေးဆိုသူဖြစ်ပြီးမလေးရှားနိုင်ငံ ပီနန်မြို့တွင် အလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်း အဆိုပါအဖွဲ့က ယနေ့ (ဇူလိုင် ၂) သတင်းထုတ်ပြန်ထားသည်။ သေဆုံးသူအမျိုးသမီးသည် အသည်းရောဂါခံစားနေရပြီး မသက်သာသဖြင့် သံရုံးတွင် CI လက်မှတ် (မြန်မာ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားလက်မှတ်) လျှောက်ပြီး မိသားစုထံပြန်လာရန် စီစဉ်ထားခြင်းဖြစ်သည်။ ‌မလေးရှား လေယာဉ်ကွင်းသို့ ရောက်သော် ကျန်းမာရေးအခြေအနေအရ လေယာဉ်စီးခွင့် မပြုသဖြင့် ရှားလမ်းမြို့ (Shah Alam) ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်စဉ် သေဆုံးသွားကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ သေဆုံးသူအား ဇူလိုင်လ […]

မလေးရှားသို့ တရားမဝင်သွားသည့်မြန်မာလုပ်သားများ စီးလာသောကား ထိုင်းတွင်တိမ်းမှောက်

diz_admin

July 2, 2022

မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ လိုက်ပါလာသော ကားတစ်စီးသည် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ဇူလိုင်လ ၁ ရက် ညနေပိုင်းက တိမ်းမှောက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယင်းကားသည် စူရတ်ဌာနီခရိုင် ထာ့ချန်းဒေသရှိ အာရှလမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးနှင့် တိုက်မိရာမှ အရှိန်မထိန်းနိုင်တော့ဘဲ လမ်ဘေးသို့ ထိုးဆင်းတိမ်းမှောက်သွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများသည် ကားမှောက်သည့်နေရာမှ မီတာ ၃၀၀ အကွာရှိ ဆီအုန်းခြံထဲသို့ ထွက်ပြေးသွားကြပြီး ပုန်းနေကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုင်းအာဏာပိုင်များက လိုက်လံဖမ်းဆီးရာ မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း၂၃ ဦးကို ဖမ်းမိပြီး ၎င်းတို့အနက် ၁၃ ဦးမှာ အသေးစားဒဏ်ရာရရှိထားသည်ကို တွေ့ရှိရကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။ ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုနည်းဖြင့် အရေးပေါ်ကုသပေး၍ အနီးရှိ စူရတ်ဌာနီဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ပြီး […]

တနင်္သာရီ လယ်သစ်တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး စစ်ရေးတင်းမာ

diz_admin

July 2, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နှစ်ဖက်စစ်ရေး တင်းမာနေကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက လယ်သစ်ရွာအနောက်ကမ်းဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် လယ်သစ်အရှေ့ကမ်းတွင်ရှိသည့် တနင်္သာရီကာကွယ်ရေးပြောက်ကျားတပ်တို့အကြား ၁၅ မိနစ်ခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။ လက်နက်ငယ်အပြင် လက်နက်ကြီးဖြင့်လည်း ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံတို့ထံမှ သိရသည်။ “နှစ်ဖက်စလုံး အခုထိငြိမ်နေကြတယ်” ဟု လယ်သစ်ဒေသခံအမျိုးသားတစ်ဦးက ယနေ့ (ဇူလိုင် ၂) နံနက်တွင် ပြောဆိုသည်။ ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့သည် လက်ရှိအချိန်တွင် လယ်သစ်ကျေးရွာအနောက်ကမ်း၌ တပ်စွဲထား သဖြင့် တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်ကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။ “(အရှေ့ကမ်း၊ အနောက်ကမ်း) ရွာနှစ်ရွာလုံးမှာတော့ လူတွေတစ်ယောက်မှ မရှိတော့ဘူး။ သူတို့လာပြီဆို ကြားတာနဲ့ […]

ဝေါလေတိုက်ပွဲကြောင့် ဒေသခံ ၈၀၀ ကျော် ထိုင်းဘက်စစ်ဘေးရှောင်

diz_admin

July 1, 2022

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါလေတွင်ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ဇွန်လ ၃၀ ရက်နေမှစ၍ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံသား ၈၀၀ ကျော်ရှိပြီဟု တာခ့်ခရိုင် တာဝန်ရှိသူများက Bangkok Post သတင်းဌာနကို ပြောကြားသည်။ မြဝတီမြို့နယ် ဝေါလေဒေသရှိတိုက်ပွဲအတွင်း စစ်ကောင်စီက တိုက်လေယာဉ်များ အသုံးပြုတိုက်ခိုက်မှုကြောင့် ဒေသခံများမှာ ထိုင်းနယ်စပ်သို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြရခြင်း ဖြစ်သည်။ အဆိုပါတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသော မြန်မာရွာသားများကို ထိုင်းနိုင်ငံ တာခ့်ခရိုင် ဖို့ဖရဒေသတွင် နေရာနှစ်နေရာခွဲ၍ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးထားခြင်းဖြစ်သည်။ ထွက်ပြေးတိမ်းရှောင်လားသူများတွင် အမျိုးသား၊အမျိုးသမီး စုစုပေါင်း ၈၅၆ ဦးရှိပြီး ၎င်းတို့ကို ဖို့ဖရာ့ဒေသရှိ ဘန်းမော်ကားတိုင်ရွာတွင် ၃၀၆ ဦးနှင့် ဘန်းဝေါလေနူအ်ရွာတွင် ၅၅၀ ဦးတို့တွင် ယာယီစခန်းနှစ်ခုဖွင့်ကာ ခိုလှုံခွင့်ပေးထားကြောင်း ဖော်ပြထားသည်။ တိုက်ပွဲကြောင့် ဝေါလေဒေသအနီးရှိ […]

ရေး-သံဖြူဇရပ်လမ်းပိုင်းကို ယနေ့မှစပြီး ညပိုင်းမဖြတ်သန်းရန် သတိပေး

diz_admin

July 1, 2022

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းကို ညပိုင်းအချိန် ဖြတ်သန်းသွားလာမှု မပြုကြရန် မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က အသိပေး ထုတ်ပြန်လိုက်သည်။ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းကို ဇူလိုင်လ ၁ ရက်နေ့မှစပြီး ည ၉ နာရီခွဲမှ မနက် ၄ နာရီအတွင်း မည်သည့်မော်တော်ယာဥ်မှ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုရန် အသိပေးထုတ်ပြန်ထားသည်။ လိုက်နာမှုမရှိဘဲ ဖြတ်သန်းသွားလာခဲ့သည်ရှိသော် ဖြစ်ပေါ်လာမည့် ကိစ္စအဝဝအား လုံးဝတာဝန်ယူမည် မဟုတ်ကြောင်းလည်း မွန်ပြည်နယ် တောင်ညိုပြည်သူ့ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။ “ညပိုင်း အရေးပေါ် ကျန်းမာရေးအခြေအနေတွေ  ဖြစ်လာရင်တော့ အခက်အခဲရှိမယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်များ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရလေ့ရှိသည်။ ယင်းအပြင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် PDF အဖွဲ့တို့လည်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့်လကလည်း ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင်  စစ်ကောင်စီတပ်နှင့် PDF တို့ နှစ်ဖက် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

July 1, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Dawei Watch (ဇွန် ၂၄ – ဇူလိုင် ၁) လှည်းတန်းမှာ စျေးသည်တွေရဲ့ ပစ္စည်းတွေဖျက်ဆီးခံရ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ထဲက လှည်းတန်း ၇လမ်းထိပ်မှာရှိတဲ့စျေးသည်တွေရဲ့ ပစ္စည်းတွေကို ဇွန်လ ၃၀ ရက်ညပိုင်းက စစ်ကောင်စီတပ်တွေဝင်ရောက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စျေးရောင်းချသူတွေရဲ့ အမိုး၊ ခုံ စတဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖျက်ဆီးတာ၊ မီးရှို့တာတွေလုပ်နေတဲ့ ရုပ်သံဖိုင်လူမှုကွန်ရက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီရုပ်သံဖိုင်ကို Kamayut Information က တင်ခဲ့တာဖြစ်ပြီး ဒီဗီဒီယိုမှတ်တမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ Faw ကားတွေ‌ပေါ်ကို စျေးသည်တွေရဲ့  ပစ္စည်းတွေကိုတင်ပြီး သယ်ဆောင်သွားတာလည်း ပါရှိပါတယ်။ အာဏာသိမ်းပြီးနောက် ကလေး […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

July 1, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Dawei Watch (ဇွန် ၂၄ – ဇူလိုင် ၁) အရက်မူးပြီး လမ်းဘေးမှာ အိပ်ပျော်သွားတဲ့ ဝန်ထမ်းကြောင့် ဂျပန်မြို့ခံလူထုရဲ့ဒေတာတွေ ပျောက်ဆုံး ဂျပန်နိုင်ငံရဲ့ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဟာ အရက်မူးပြီး လမ်းဘေးမှာ အိပ်ပျော်သွားလို့ မြို့ခံလူထု ၄၆၀၀၀ ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်များပါတဲ့ USB စတစ် တစ်ခု ပျောက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၄၀ ဝန်းကျင်ရှိ ဂျပန်နိုင်ငံသားတစ်ဦးဟာ အခွန်ကင်းလွတ်ခွင့်ရ အိမ်ထောင်စုတွေကို အကျိုးခံစားခွင့်ပေးနေတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်နေသူတစ်ယောက်ပါ။ ဒါကြောင့် USB flash drive အထဲမှာ ဂျပန်နိုင်ငံ အမာဂါစကီမြို့မှာရှိတဲ့ လူ ၄၆၀၀၀ ကျော်ရဲ့အမည်၊ မွေးသက္ကရာဇ်၊ […]

ပုလောတိုက်ပွဲ လေးရက်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တစ်ဦးကျဆုံး

diz_admin

July 1, 2022

ပုလောမြို့နယ်၌ ဖြစ်ပွါးခဲ့သည့် လေးရက်တာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်(PPDF)က  ယနေ့ နေ့လယ်တွင် ထုတ်ပြန်ခဲ့သည်။ ပုလောအရှေ့ဖျား ကျေးရွာများဖြစ်သော နန်းတောင်၊ မှော်မိ၊ ဂျက်ဂါ၊ ကျောင်းနိမ့်၊ ပုလောကုန်းနှင့် မကျည်းကုန်း စသည့်ကျေးရွာများတွင် ဇွန်လ ၂၇ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ အနည်းဆုံးတိုက်ပွဲ ၅ ကြိမ်ဖြစ်ပွါးခဲ့သည်။ ယင်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်ကလည်း ၁၀ ဦးကျော်သေဆုံးကြောင်း၊ ပြည်သူ့ကာကွယ်ရေး မဟာမိတ်ဘက်မှ တပ်သားတစ်ဦးကျဆုံးခဲ့ရပြီး လေးဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းတိုက်ပွဲတွင် ပုလောစစ်ကောင်စီတပ်ဘက်မှ နေ့ရော ညပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လက်နက်ကြီးကျရောက်ခြင်းကြောင့် မှော်မိကျေးရွာတွင် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း ဒေသခံများကပြောသည်။ “အိမ်တွေရော ပြိုတယ်။ ဝက်တွေလည်းလက်နက်ကြီးကျလို့ […]